Pages

Monday, October 27, 2014

Ooredoo ဖုန်းကို ငွေကျပ် ၃၀၀၀ ဖိုးနှင့်အထက်ငွေဖြည့်ပါက Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုရန် မိနစ် ၁၀၀၀ နှင့် SMS ၁၀၀၀ ပို့ခွင့် အခမဲ့ရရှိမည်


RangonNewsDaily:: October . 27 .2014

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ရက် မှ နိုဝင်ဘာလ ၂၁ရက်နေ့အထိ ပရိုမိုးရှင်းကာလအတွင်း မိတ်ဆွေတို့သည် တစ်ကြိမ်တွင် ကျပ် ၃၀၀၀ နှင့် အထက် Top Up ပြုလုပ်ပါက ကျွန်တော်တို့မှ အပိုလက်ဆောင်များ အဖြစ် Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုရန် မိနစ် ၁၀၀၀ နှင့် SMS ၁၀၀၀ ပို့ခွင့် ပေးအပ်မှာဖြစ်ပါတယ်။

ဤ ပရိုမိုးရှင်းကာလအတွင်းရရှိမည့် Top Up အပိုလက်ဆောင် ကို အောက်ပါ စည်းကမ်းချက်များအတိုင်း သုံးစွဲနိုင်ပါမည်။
ဤ Top Up အပိုလက်ဆောင်ကို မြန်မာပြည်တွင်း Ooredoo ဖုန်းအချင်းချင်း ဖုန်းခေါ်ခြင်း နှင့် SMS ပို့ခြင်း များအတွက်သာ သုံးသလောက်ပေးစနစ်ဖြင့် သုံးစွဲနိုင်ပါသည်။

ဤဝန်ဆောင်မှုများကို Ooredoo ၏ တရားမျှတစွာ သုံးစွဲခြင်းပေါ်လစီ အပါအဝင် စည်းမျဉ်းစည်းကမ်းများအတိုင်း သုံးစွဲရ မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါကwww.ooredoo.com.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဤ Top Up အပိုလက်ဆောင်ကို ပြည်ပရောက်စဉ်အသုံးပြုမှု (Roaming)၊ နိုင်ငံတကာသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုခြင်း ၊ နိုင်ငံတကာသို့ SMS ပို့ခြင်း များတွင် အသုံးပြု၍ မရနိုင်ပါ။ မြန်မာပြည်တွင်းအခြားတယ်လီကွန်းအော်ပရေတာများသို့ ဖုန်းခေါ်ခြင်း နှင့် SMS ပို့ခြင်းပြုလုပ်ရာတွင်လည်း အသုံးပြု၍ မရနိုင်ပါ။ဤ Top Up အပိုလက်ဆောင်ကို ငွေသား၊ သို့မဟုတ် Ooredoo ၏ အခြားထုတ်ကုန်များ ၊ သို့မဟုတ် အခြားဝန်ဆောင်မှုများ နှင့် မည်သည့် အခြေအနေတွင်မျှ လဲလှယ်၍မရပါ။

Top Up ပြုလုပ်ရာတွင် ပရိုမိုးရှင်းကာလအတွင်း ၃၀၀၀ ကျပ်ထက် မနည်းငွေဖြည့် ရုံဖြင့် ဤအပိုဆောင်းလက်ဆောင်ရရှိပါမည်။ ကျပ် ၃၀၀၀ တန်ငွေဖြည့်ကဒ် တစ်ကြိမ် ဝယ်ယူ ငွေဖြည့်ပါက ဤအပိုဆောင်းလက်ဆောင် ခံစားခွင့်ရရှိပါမည်။ တစ်ကြိမ်တွင် ကျပ် ၁၀၀၀ ဖြင့် Top Up သုံးကြိမ် ပြုလုပ်ပြီး အားလုံးပေါင်း၍ ကျပ် ၃၀၀၀ ပြည့် /ကျော်သွားရုံဖြင့် လည်းဤအပိုဆောင်းလက်ဆောင်ရရှိ ပါမည်။

ပရိုမိုးရှင်းကာလ အတွင်း ကျပ် ၃၀၀၀ နှင့် အထက် Top Up ပြုလုပ်ပါက ဤ အပိုဆောင်းလက်ဆောင်ရရှိမည်ဖြစ်ပြီး တစ်ကြိမ်သာ ခံစားခွင့် ရှိပါသည်။ နောက်ထပ် Top Up ထပ်လုပ် ပါက ဤလက်ဆောင်ကို ထပ်မံရရှိမည် မဟုတ်ပါ။
Top Up အပိုလက်ဆောင် စတင်ရရှိသည့်အချိန်မှစ၍ ရက်ပေါင်း ၃၀ အတွင်းသာဤလက်ဆောင်ကိုအသုံးပြုခွင့်ရှိပါသည်။

ထိုအကျုံးဝင်ကာလကျော်လွန်ပါက လက်ကျန်အပိုလက်ဆောင်များမှာ ငွေပြန်အမ်းခြင်း၊ သို့မဟုတ် လျော်ကြေးပေးခြင်းမရှိစေရဘဲသက်တမ်းကုန်ဆုံးသွားမည်ဖြစ်ပြီးဆက်လက်သုံးစွဲ၍မရနိုင်ပါ။ဤTop Up အပိုလက်ဆောင် အရ အသုံးပြုခွင့်ရှိသည့် ဖုန်းခေါ်ချိန် နှင့် SMS များကုန်သွားမှသာအောက်ပါအတိုင်းမိတ်ဆွေ၏လက်ကျန်စာရင်းမှနှုတ်သွားပါမည်။

(၁) မိတ်ဆွေဝယ်ယူထားသည့် ဝန်ဆောင်မှု အစီအစဉ်အလိုက် ခံစားခွင့်ရှိသော Ooredoo ဖုန်းအချင်းချင်းဖုန်းခေါ်ချိန် နှင့် SMS များ(၂) Ooredoo ၏ သုံးသလောက်ပေး နှုန်းထားများ အရ ငွေဖြတ်ခြင်းOoredoo သည် ဤ လက်ဆောင်အစီအစဉ်ကို အချိန်မရွေး ပြောင်းလဲခွင့်၊ ရုပ်သိမ်းခွင့်ရှိပါသည်။

(YMG remark) – သတိပြုရန်အချက်ပရိုမိုးရှင်းကာလအတွင်းတစ်ကြိမ်သာခံစားခွင့်ရရှိမည်ဖြစ်ပြီး နောက်တစ်ကြိမ် ငွေသုံးထောင်နှင့်အထက် ဖြည့်တင်းပါကလည်း ထိုခံစားခွင့်ကို ထပ်မံရရှိမည် မဟုတ်ပါ။ ထိုအပြင် ပရိုမိုးရှင်းကို စတင်အသုံးပြုသည့်ရက်မှ ရက်ပေါင်း ၃၀ အတွင်းသာ အကြုံးဝင်မှ ဖြစ်ပါတယ်။

Ooredoo Myanmar , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment