Pages

Monday, October 27, 2014

ကေအင်န်ယူ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး နှစ်ရက်ထပ်တိုး

RangonNewsDaily:: October . 27 .2014
UNFC တွင်ဆက်လက် ပါဝင်သင့်၊ မသင့်ဆုံးဖြတ်မည့် ကရင်အမျိုးသားအဖွဲ့အစည်း (KNU) ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို နှစ်ရက်ထပ်မံတိုး၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကေအင်န်ယူဗဟိုကော်မတီ အစည်းအဝေးကိုအောက်တိုဘာ ၂၃ ရက်မှစတင်၍ လေးဝါးစခန်းတွင် ပြုလုပ်နေခြင်းဖြစ်သည်။ ဆွေးနွေးဆုံးဖြတ် စရာကိစ္စရပ်များကျန်ရှိနေသေးသည့်အတွက် နှစ်ရက်ထပ်မံတိုး မြှင့်လိုက်ခြင်းဖြစ်ကြောင်း KNUအဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောသည်။
::
ယခုအစည်းအဝေးတွင် ညီ ညွတ်သော တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ(UNFC) တွင် အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်သင့်၊ မသင့်၊ ကော်သူးလေတပ်ပေါင်းစုဖွဲ့စည်းသည့်ထုတ် ပြန်ချက်များနှင့် ပတ်သက်၍ အဓိ က ထားဆွေးနွေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။


7Day ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment