Pages

Monday, January 12, 2015

ညီမလေးအတွက် စကားလက်ဆောင်


RangonNewsDaily:: January . 12 .2015
ညီမလေးရေ
လူဆိုတာ တစ်ဦးတစ်ယောက်တည်း ပတ်ဝန်းကျင်နဲ့ကင်းကင်းရှင်းရှင်းနေရတဲ့ မျိုးနွယ်မဟုတ်ဘူးနော်။ လူ့အဖွဲ့အစည်း
အသိုင်းအ၀ိုင်းနဲ့ နေကြတဲ့အခါ သင့်တင့်လျောက်ပတ်၊ လိုက်လျောညီထွေဖြစ်အောင် နေတတ်ပါမှ ငါ့ညီမလေးပြည့်စုံမယ်။ တကိုယ်ကောင်းဆန်တဲ့စိတ်၊ တဖက်သားကို တွေးမပေးတတ်တဲ့ စိတ်တွေက ငါ့ညီမကို ဒဏ်ခတ်တဲ့အခါ ဘာမဟုတ်တဲ့
ကိစ္စလေးနဲ့ စိတ်မောရတတ်တယ်။ လူဆိုတာ အပြန်အလှန်အသိအမှတ်ပြု၊ အပြန်အလှန်မှီခို၊ အပြန်အလှန် အကျိုးပြု
ရသော သတ္တ၀ါမျိုးပါပဲ။
ညီမလေးရေ
အတုယူခြင်းဆိုတာ ဘ၀မှာအောင်မြင်မှုလမ်းစတစ်ခုပါ။ အတုခိုးခြင်းတော့မဖြစ်စေနဲ့ပေါ့။ လူတစ်ဦး တစ်ယောက်ချင်းစီမှာ ကောင်းကွက်၊ ဆိုးကွက်တွေရှိတဲ့အတွက် အဆိုးကိုပဲကြည့်ပြီး ခါထုတ်မပစ်မိ ပါစေနဲ့။ အကောင်းတွေကိုသာ ဆယ်ယူ
တတ်ရင် ငါ့ညီမပညာရည်ပြည့်ဝသူတစ်ယောက်ဖြစ်လာမှာပဲနော်။ 

အတုခိုးတာကတော့ လွယ်ပါတယ်။ ဒါပေမဲ့ ကိုယ့်အရည်အချင်းမပါတဲ့ ကူးယူမှုကြောင့် ပြည့်ဝခြင်းဟာ ဖြည့်တိုင်းမပြည့်တဲ့ လိုအပ်ချက်တစ်ခုသာ ဖြစ်နေတော့မှာပါ။

ညီမလေးရေ
ယှဉ်ပြိုင်တယ်ဆိုတာ ထိုက်သင့်သလောက်သာ ခံစားကောင်းတာမျိုးပါ။ လူတစ်ယောက်အပေါ်အသာစီးရ လိုဇောနဲ့ ကြိုးစား
ရုန်းကန်တဲ့အခါ ကိုယ့်စိတ်ဓါတ်တွေဟာ သန်မာမယ်လို့ ခံယူနိုင်ပေမဲ့ သူတပါးအပေါ် စိတ်ကြီးဝင်မိရင် ကိုယ်ပြန်ရ
တဲ့မောပန်းခြင်းက မမျှတအောင် ဖြစ်တတ်ပါတယ်။ 

သူတပါးကိုပြိုင်ဆိုင်တာထက် ကိုယ့်ကိုယ်ကိုပြိုင်ဆိုင်တာက အန္တရာယ်ကင်း၊ အသက်ရှည်စေပါတယ်။ လူတစ်ယောက်အပေါ် စိတ်အညစ် အထေးတွေ၊ အတွေးခံယူချက်တွေယုတ်ရင် ညီမလေးရဲ့သွေးတွေဟာလည်း မဲညစ်စေ
တတ်တယ်ကွဲ့။

ညီမလေးရေ
ကျေးဇူးတရားဆိုတာ ဘယ်သောအခါမှ မမေ့အပ်သော တန်ဖိုးထားရာ အဖိုးတန်ရတနာပါ။ သူ့ကြောင့် သိခဲ့တဲ့ အသိ၊ သူ့ကြောင့်တတ်မြောက်ခဲ့ရတဲ့အတတ်၊ ကုန်ကုန်ပြောမယ် သူနဲ့ပတ်သက်ခဲ့တဲ့ ညီမရဲ့နေ့ရက်တွေဟာ အရုပ်ဆိုးဒဏ် ကင်းမဲ့စေတယ်ဆိုရင်တောင် သူဟာ ကိုယ့်အကျိုးကိုဆောင်သူတစ်ဦးဆိုတာ သိထားသင့်တာပေါ့။ 

ညီမလေးအပေါ် အကောင်းမြင်စိတ်မွေးပြီး ကိုယ်ကျိုးကိုမငဲ့တတ်တဲ့သူတစ်ယောက်ဆိုရင် ပိုလို့တောင် တန်ဖိုးကြီးသူ
တစ်ယောက်မို့ သူ့ကိုမလိုတဲ့တစ်နေ့ နင်းကန်ကျောခိုင်းပစ်တာထက် ရေလိုက်သင့် ငါးလိုက်သင့်လေးပြုံးပြတတ်အောင် ကြိုးစားပါ။ ကျေးဇူးတော့မကန်းမိပါစေနဲ့။

ညီမလေးရေ

လူဆိုတာ တစ်ယောက်နဲ့တစ်ယောက်တူညီကြတာမဟုတ်ပါဘူး။ ညီမလေးနဲ့မမတောင် ရုပ်သဏ္ဍာန်တူညီကြတာ
မှမဟုတ်ဘဲ။ ဒါဖြင့် စိတ်ဓါတ်ဆိုရင်ပိုလို့သာဆိုးတော့မှာပေါ့။ မတူညီတဲ့အတွေးအခေါ်၊ မတူညီတဲ့ခံယူချက်၊ မတူညီတဲ့
စိတ်ကူးစိတ်သန်းတွေဆိုတာ လုပ်ငန်းနေရာဒေသအသီးသီးမှာရှိနေတတ်ကြတာ ပဲလေ။ 

သည်လိုပဲ မတူညီခြင်းတွေကို တူညီအောင် ညှိယူရင်း ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားနိုင်အောင် ကြိုးစားကြရ
တာပါပဲ။ ညီမလေးလည်း ညှိယူတတ်တဲ့အခြေခံစိတ်ဓါတ်ကလေးကို မဖြစ်မနေမွေးမြူရင်း အားလုံးနဲ့တည့်အောင် ပေါင်းနိုင်ရလိမ့်မယ်။

ညီမလေးရေ
ဖြစ်ချင်တာတွေဖြစ်ခွင့်ရပြီဆိုရင် ကိုယ့်ကိုယ်ကို သိပ်မြင့်မသွားစေနဲ့နော်။ ကိုယ့်ထက်အမြင့်ရောက်နေသူတွေ၊ ကိုယ့်
ထက်သာယာချောမွေ့နေသူတွေ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်နေသူတွေ အများကြီးရှိနေသေးတယ် ဆိုတာကိုလည်း မေ့မထားနဲ့အုံး။ အမြင့်ဆိုတာ လူတိုင်းတက်ခွင့်မရှိတဲ့ အရပ်ဒေသမှန်ပေမဲ့ မြင့်တိုင်းလည်း မကောင်းတတ်ပြန်ဘူးဆိုတာကို နှလုံးသွင်းတတ်ရမယ်။

 ဖြေးဖြေးနဲ့မှန်မှန်သွားတဲ့ခြေလှမ်းတိုင်းဟာ သက်လုံကောင်းပြီး လိုရာခရီးကိုလည်း အနှေးနဲ့အမြန်ရောက်စေပါတယ်။ တစ်ခုပဲမှာချင်တယ်။ လှေကားထစ် တွေကိုတော့ ချော်မနင်းမိစေနဲ့ပေါ့။ ပြုတ်ကျရင် အထိနာတတ်တယ်။

ညီမလေးရေ
ကိုယ့်ဆန္ဒနဲ့ထပ်တူကျလမ်းကြောင်းပေါ်တည့်တည့်ရောက်သွားသူတိုင်းဟာ “ငါတော့ဖြစ်ပြီ၊ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ
မလိုတော့ဘူးလို့ ထင်သွားတတ်ကြတယ်”။ တကယ်တော့ ကိုယ့်လမ်းကြောင်းကို ဖြောင့်ဖြောင့်လျှောက်၊ ဘ၀မမေ့မှသာ ရည်မှန်းချက်ပြည့်ဝရတာမျိုးပါ။ လိုရာခရီးကိုရောက်ဖို့ ဆူးငြောင့် ခလုတ်တွေ၊ အရံအတားတွေကို ရှေ့ကဖြတ်လျှောက်
ဖူးပြီးသားဆိုင်ရာ လူကြီးသူမများရဲ့ စကား၊ ခံယူချက် တွေကို ပုတ်မချခဲ့လေနဲ့။ သူတို့ဆီက ဗဟုသုတတွေကိုယူရင်း ကိုယ့်
လိုအပ်ချက်ကိုဖြည့်တတ်ရမယ်။

တကိုယ်ကောင်းမဆန်တဲ့ ညီမလေး/မောက်မာခြင်းကင်းတဲ့ညီမလေး၊ အဆိုးမြင်ခြင်းကင်းတဲ့ ညီမလေး၊ စိတ်ကောင်းစေ
တနာကောင်းထားတတ်တဲ့ ညီမလေးတစ်ယောက် အရာခပ်သိမ်း အောင်မြင်ပါစေ။

ရေကြည်သူ
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment