Pages

Thursday, May 1, 2014

နောက်ဖေးလမ်းကြား ကျူးကျော်များ မဖယ်ရှားပါက စည်ပင်ဥပဒေဖြင့် တရားစွဲဆိုမည်


RangonNewsDaily: May . 1 .2014
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စည်ပင်သာယာပိုင် အိမ်နောက်ဖေး လမ်းကြားများရှိ ကျူးကျော် အဆောက်အအုံများ မဖယ်ရှား
ပါက စည်ပင်သာယာရေး ဥပဒေဖြင့် တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။
ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် စမ်းချောင်းမြို့နယ် တိုင်းဒေ
သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းအောင်၏ နောက်ဖေးလမ်းကြား ကျူးကျော် အဆောက်အအုံများကို ရှင်းလင်းပေးရန် အစီ
အစဉ် ရှိမရှိ မေးမြန်းချက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီနယ်နိမိတ် အတွင်းမှာရှိတဲ့ ကျူးကျော်များကို စည်ပင်ဥပဒေနဲ့ အညီ ဖယ်ရှား ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ယင်းသို့ ဖယ်ရှားရာတွင် ပထမဆုံး အဆင့်အနေနှင့် ကျူးကျော် နေထိုင်သူများကို စာပို့ အကြောင်းကြားခြင်း၊ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး ကော်မတီ အုပ်ချုပ်ရေးမှူး ရုံးများသို့ ခေါ်ယူ တွေ့ဆုံခြင်းများကို ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

ယင်းသို့ ကျူးကျော်များကို စည်ပင်ဥပဒေဖြင့် တရားစွဲဆိုမည် ဆိုသော်လည်း အချို့မြို့နယ်များအတွင်း ကျူးကျော်များထံမှ ငွေများ ကောက်ယူကာ နေထိုင်စေလျက် ရှိကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ဦးအောင်မြင့်က ပြောကြားသည်။


“တချို့ ကျူးကျော်တွေဆိုရင် သူတို့ ဝယ်ထားတဲ့ ကိုယ်ပိုင်မြေလို ပြောင်ပြောင်တင်းတင်း နေထိုင်နေကြပါတယ်” ဟု ၎င်းကဆိုသည်။

ကျူးကျော် ပြဿနာ ဖြေရှင်းရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ နှစ်အလိုက် စီမံချက်ချ ဆောင်ရွက်နေသော်လည်း ရန်ကုန်မြို့တွင်း နောက်ဖေးလမ်းကြား ကျူးကျော်အိမ် အလုံးပေါင်း ၅၁၀ တွင် အိမ်အလုံး ၆၀ ကျော်ကိုသာ ဖျက်
သိမ်းစေရန် ဆောင်ရွက်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

The Voice  , 
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment