Pages

Thursday, May 1, 2014

တယ်လီနောမိုဘိုင်း Data Center မန္တလေးတွင် မေလအတွင်း အပြီးတည်ဆောက် မည်

RangonNewsDaily: May . 1 .2014
မန္တလေးတွင် တည်ဆောက်နေသော မိုဘိုင်း Data Center တည်ဆောက်မှုမှာ မေလအတွင်း ပြီးစီးမည် ဖြစ်ကြောင်း တယ်လီနော
ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။တယ်လီနောအနေဖြင့် မြန်မာနိုင်ငံတွင် မိုဘိုင်း Data Center နှစ်ခုကို ရန်
ကုန်နှင့် မန္တလေးတွင် တည် ဆောက်သွားမည်ဖြစ်သည်။ ရန်ကုန်ရှိ Data Center ကို ဧပြီ ပထမပတ်အတွင်းက တည်ဆောက်
ထားခဲ့ ပြီး အဆိုပါ Data Center တည်ရှိရာ Core Site မှ တယ်လီနော၏ရုံးချုပ်သို့ ဖုန်းခေါ်ဆိုမှုများ စမ်းသပ်ပြု လုပ်ခဲ့သည်။ ထို့ပြင် မန္တလေးရှိ Data Center မှာ လာမည့် မေလပထမပတ်အတွင်း တည်ဆောက်မှု ပြီးစီးမည်ဖြစ်သည်ဟု ဆိုထားသည်။
တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Petter Fruberg က “မိုဘိုင်းကွန်ရက် တည်ဆောက်တဲ့ အခါမှာ ဒီ Data Center တွေထားတဲ့ Core Site က အရေး ကြီးဆုံးပါ။ Data Center တွေ တည် ဆောက်ပြီးတဲ့အခါ တာဝါတိုင်တွေကို ဆက်လက်တည်
ဆောက်သွားမှာပါ” ဟု ဆိုသည်။
::
Data Center နှင့် မိုဘိုင်း network core ကို တည်ဆောက်ရာတွင် ဆက်သွယ်ရေး ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးရန်အတွက် Huawei၊ Ericsson နှင့် Vipro ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်သည်။

ပြည်ပမိုဘိုင်းဖုန်းအော်ပရေတာများအနေဖြင့် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ကို ဖေဖော်ဝါရီလအတွင်းက ရရှိထားပြီး လိုင်စင်ရ
ရှိပြီး ရှစ်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချသွားမည်ဟု ပြောကြား ထားသည်။ တာဝါတိုင်တည် ဆောက်ရေး
အတွက်လည်း Apollo Towers နှင့် Irrawaddy Green Technology (IGT) တို့နှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း မိုဘိုင်းတာဝါတိုင် ၂,၅၀၀ ကျော်ကို တည်ဆောက်သွားမည်ဟု ဆိုသည်။
::
ဆက်သွယ်ရေးတာဝါတိုင် ၂,၅၀၀ ခန့် စတင်တည်ဆောက် အသုံးပြုမည်ဆိုပါက မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်အထိ မိုဘိုင်းဆင်းမ်ကတ်များသုံးဆွဲနိုင်ရန် ရောင်းချပေးနိုင်ကြောင်းပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့်AmaraCommunication 
၏ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးကျော်နိုင်က သုံးသပ် ပြောကြားသည်။

ဦးကျော်နိုင်က“Data Center ဖြစ်တဲ့ မိုဘိုင်းထိန်းချုပ်ရေး စခန်းများ (Data Center) ကို တည်ဆောက်ပြီး မိုဘိုင်းတာဝါတိုင် ၂,၅၀၀အထိ တည်ဆောက်ဖို့က အချိန်ကာလတစ်ခုယူပြီး တည်ဆောက်ရဦးမှာ။ တာဝါ တိုင် တစ်တိုင်ကို အသုံးပြုသူ ၃,၀၀၀ လောက် အသုံးပြုနိုင်တဲ့အတွက် တာဝါတိုင် ၂,၅၀၀ မှာ မိုဘိုင်းဖုန်း အသုံးပြုသူ ခုနစ်သန်းခွဲလောက် စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ့လူဦးရေရဲ့ ၁၀ ရာခိုင် နှုန်းကျော်အထိ တယ်လီနောကနေ ဆင်းမ်ကတ်တွေ စတင်ချပေးနိုင်လိမ့်မယ်”ဟု သုံးသပ်ပြောကြားသည်။
::
မိုဘိုင်းဖုန်း ၀န်ဆောင်မှုများပေးရာတွင်အင်တာနက်နှင့်value Added Service ၀န်ဆောင်မှုများကိုပါ တစ်ပြိုင်တည်း ၀န်ဆောင်မှုပေး
သွားမည်ဖြစ်ပြီး ဖုန်းပြောဆိုခ တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်ဝန်းကျင် အထိသာ ကောက်ခံနိုင်ရန် လျာထားကြောင်း Mr. Petter Furberg က ပြောကြားထားသည်။

Mizzima - News ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment