Pages

Friday, September 11, 2015

ပျောက်ဆုံး မလေးရှားသင်္ဘောတွင် မြန်မာသင်္ဘောသားမည်မျှပါသည်ကို စုံစမ်းနေ

RangonNewsDaily:: September . 11 .2015
သီတင်းတစ်ပတ်ကြာ ပျောက်ဆုံးနေသော မလေးရှား MV Sah Lian သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသားမည်မျှပါဝင် သည်နှင့် မည်သည့်ကုမ္ပဏီက စေ လွှတ်ထားသည်ကို စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း ရေကြောင်းပို့ ဆောင်ရေးဦးစီးဌာန၊ သင်္ဘော သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဦး တိုးမြင့်က ပြောသည်။

‘‘ကျွန်တော်တို့လည်း မေးနေပါတယ်ဗျ။ ဘာမှကို ဘယ်သူမှ မသိကြသေးပါဘူး။ သတင်းတက်လာတာတွေပဲ စုံစမ်းနေပါတယ်။ ဘယ်ကုမ္ပဏီက လွှတ်လိုက်တာ လဲဆိုတာကို မသိရသေးဘူး။ ကုမ္ပဏီတွေကလည်း အကြောင်း မကြားသေးဘူး။ ကျွန်တော်တို့ လည်း ဆက်သွယ်လာတာကို စောင့်နေတုန်းပါ’’ဟု ဦးတိုးမြင့်က ပြောသည်။ ပျောက်ဆုံးနေသည့် သင်္ဘောပေါ်တွင် မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနှင့် အိန္ဒိယနိုင်ငံသားများအပါအ၀င် အမှုထမ်း ၁၄ ဦးလိုက်ပါသွားကြောင်း မလေးရှားအာဏာပိုင်များက သတင်းထောက်များအား ပြောကြားထားသည်။

မြန်မာ သင်္ဘောသားများ ပါဝင်နေခြင်းနှင့် ပတ်သက်ပြီး မလေးရှားအာဏာပိုင်များက မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးသို့ ဆက်သွယ်အကြောင်းကြား ထားခြင်းမရှိသေးကြောင်း မြန်မာ သံရုံးမှ ဒုအတွင်းဝန် ဦးသီဟဟိန်း က ပြောသည်။
‘‘မြန်မာနိုင်ငံသားတွေပါနေ တာကို ကောင်စစ်ဝန်ဆီကိုလည်း ဆက်သွယ်လာတာ မရှိသေးဘူး လို့ သိရပါတယ်’’ဟု ဒုအတွင်းဝန် ဦးသီဟဟိန်းက ပြောသည်။

MV Sah Lian သင်္ဘော သည် စက်တင်ဘာ ၃ ရက်က ကုမ္ပဏီနှင့် နောက်ဆုံးအဆက် အသွယ် ပြုလုပ်ခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့ပြီး ပင်လယ်ဓား ပြများ၏ အပိုင်စီးသိမ်းပိုက်မှုခံ ထားရသည်ဟု ယူဆရကြောင်း Channel News Asia သတင်း ဌာနက ဖော်ပြထားသည်။ မလေး ရှားတွင် မှတ်ပုံတင်ထားသည့် သင်္ဘောသည် သံထည်ပစ္စည်း များ၊ ပိုက်ဆက်ပစ္စည်းများ၊ စား သောက်ကုန်ပစ္စည်းများကို တင် ဆောင်ကာ မလေးရှားကမ်းရိုး တန်းအတိုင်း ကူချင်းမှ လင်ဘမ်း မြို့သို့ ခုတ်မောင်းရင်း မလေးရှား ပိုင်နက်ရေပြင်တွင် ပျောက်ဆုံး သွားခြင်းဟု သိရသည်။

မလေးရှားကမ်းခြေစောင့် တပ်ဖွဲ့အကြီးအကဲသေနာပတိ အစ္စမိုင်လီဘူဂျန်ပစ်တ်က ပျောက်ဆုံးနေသော သင်္ဘောသည် အင်ဒို နီးရှားရေပိုင်နက်ထဲက နာတူနာ ကျွန်းစုဆီသို့ ရောက်နေနိုင်သည် ဟု ပြောကြားထားကြောင်း ယင်း သတင်းဌာနက ထပ်မံဖော်ပြ ထားသည်။
နာတူနာ ကျွန်းစုသည် တောင်တရုတ်ပင်လယ်အတွင်း မလေးရှားကမ်းရိုတန်းနှင့် ဘော် နီယိုကျွန်းစုတို့အကြားတွင် တည် ရှိသည်။ အစ္စမိုင်လီက မလေးရှား ရေကြောင်းစိုးမိုးရေးရေယာဉ် သုံး စီးသည် ပျောက်ဆုံးနေသည့် ကုန် တင်သင်္ဘောကို လိုက်လံရှာဖွေ နေကြောင်း အတည်ပြုခဲ့သည်။ ထို့အပြင် ထိုင်းနှင့် ဗီယက်နမ်တို့ ကိုလည်း သင်္ဘောကို ကူညီရှာဖွေ ပေးရန် အကူအညီတောင်းခံထား ကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း ယခုပျောက် ဆုံးနေသည့် မလေးရှားရေယာဉ် ဖြစ်ရပ်သည် ယခင်က ကြုံခဲ့သည့် ပင်လယ်ဓားပြမှုများနှင့် ကွဲပြား လျက်ရှိသည်။ ပုံမှန်အားဖြင့် အရှေ့တောင်အာရှဒေသတွင် သောင်းကျန်းနေသည့် ပင်လယ်ဓားပြများသည် ကမ်းခြေနှင့် အပြိုင်ခုတ်မောင်းသည့် ကုန်တင်သင်္ဘောများကို တိုက်ခိုက်ခဲ့ပါ က လောင်စာဆီနှင့် အခြားတန်ဖိုးရှိ သည့် ကုန်စည်များအား ယူငင်ကာ သင်္ဘောနှင့် အမှုထမ်းများကို ပြန် လွှတ်ပေးလေ့ရှိကြောင်း သိရသည်။
7Day Daily, KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment