BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

ဖုန်းခလျှော့သည့် ပရိုမိုးရှင်းအစီအစဉ်ကြောင့် ဖုန်းလိုင်းများကျပ်

RangonNewsDaily:: September . 11 .2015
သြဂုတ်လကုန်ပိုင်းက ပြုလုပ်ပေးသည့် ဖုန်းပြောဆိုခ များ သက်သာစေမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို အသုံးပြုသူ အများအပြား ရှိလာသည့်အတွက် ယခုရက်ပိုင်းအတွင်း ဖုန်းလိုင်း ကျပ်သည့် ပြဿနာများမြင့်တက် လာသည်ကို တွေ့ရကြောင်း MPTမှ သတင်းရရှိသည်။

‘‘MPT ရဲ့ တစ်နာရီမှာ ငါး မိနစ်စာပဲ ကျသင့်မယ့် ပရိုမိုးရှင်း အစီအစဉ်ကို သုံးစွဲသူတွေ နှစ် သက်ကြတာကို တွေ့ရပါတယ်။ ယခုရက်ပိုင်းအတွင်းမှာပဲ သုံးစွဲသူ တွေ အများအပြားရှိလာတဲ့အ တွက် ဖုန်းလိုင်းကျပ်တဲ့ ပြဿနာ တွေ မြင့်တက်လာတာကို တွေ့ရ ပါတယ်’’ဟု MPT နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ဂျပန်လုပ် ငန်းစုမှ ဈေးကွက်ဒါရိုက်တာ မစ္စ တာ တာကာရှိရှိဂဲနိုက ပြောသည်။ဆွေသဟာအသုံးပြုသူများ အတွက် ရည်ရွယ်၍ ပြုလုပ်လိုက် သည့် အဆိုပါပရိုမိုးရှင်းအစီအစဉ်သည် သုံးစွဲသူများကြားတွင် စိတ်ဝင်စားမှုများနေ၍ ယခင်က ပုံမှန်အသုံးပြုသူများပါ ဆွေသဟာအစီအစဉ်သို့ ပြောင်းလဲအသုံးပြုလာကြပြီး MPT အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှု အကြိမ်ရေနှုန်းများ မှာလည်း မြင့်တက်လာခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

‘‘ဒီအစီအစဉ်ကြောင့် ဖုန်း လိုင်းကျပ်တဲ့ ပြဿနာတွေကို လျော့နည်းစေဖို့ လူသုံးအများဆုံး အချိန်တွေဖြစ်တဲ့ ညနေ ၆ နာရီ ကနေ ည ၁၀ နာရီအတွင်းကို ပရို မိုးရှင်းအစီအစဉ်မှာ မပါဝင်စေဘဲ ပြုလုပ်ပေးထားခြင်း ဖြစ်ပါတယ်။ တခြားနည်းလမ်းနဲ့လည်း ဖြေရှင်း မှုတွေပြုလုပ်သွားပါမယ်’’ဟု မစ္စ တာ တာကာရှိ ရှိဂဲနိုက ပြောသည်။လက်ရှိတွင် MPT အနေဖြင့် ပြည်ပအော်ပရေတာများနည်းတူ ၀န်ဆောင်မှုအသစ်များ တိုးချဲ့နိုင် ရန်အတွက် ယင်းတို့၏ မိုဘိုင်းကွန် ရက်များကို လိုအပ်သည့် အဆင့် မြှင့်တင်မှုများလည်း ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
7Day Daily, KOLATT(PBDN)
RangonNewsDaily