Pages

Friday, September 11, 2015

ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့ ၁၁ မြို့မှပြည်သူများ မြစ်ရေကြီးမည်ကို သတိထားရန်လို

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် ရေကြီးရေမြုပ်နေစဉ်(ဓာတ်ပုံ-ရေကြည်သတင်းစုံ)
RangonNewsDaily:: September . 11 .2015
ချင်းတွင်းမြစ်ရေအနည်း ငယ်ကျဆင်းနေသော်လည်း ဧရာဝတီမြစ်ရေတိုးနေသဖြင့် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသည့် မြို့ ၁၁ မြို့တွင် မြစ်ကမ်းဘေးနေသူများ အထူးသတိထားရန်လိုကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်ရေသည် စက် တင်ဘာ ၉ ရက်မှစ၍ စစ်ကိုင်း တိုင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာနှင့် ကနီမြို့တို့တွင် အနည်းငယ်ကျဆင်းလာသော် လည်း စိုးရိမ်ရေမှတ်အထက်တွင် ရှိနေသေးသည်ဟု မိုး/ဇလဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုး ဦးက ပြောသည်။‘‘ချင်းတွင်းမြစ်ရေကျနေပေ မယ့် မြစ်ကမ်းဘေးဒေသတွေအ တွက် စိတ်ချရတဲ့ အနေအထား မဟုတ်သေးဘူး။ အထက်ကကျ လာတော့ ဧရာဝတီမြစ်ရေက တိုး လာတယ်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မြို့တွေ ဒီကာလ သတိထားဖို့ လိုတယ်’’ဟု ဦးကျော်မိုးဦးက သတိပေးသည်။

ဧရာဝတီမြစ်ရေမှာ ပခုက္ကူ နှင့် ညောင်ဦးမြို့တွင် စိုးရိမ်ရေ မှတ်အထက် ၂ပေခွဲခန့်ရောက်ရှိနေသည်ဟု မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားပြီး အောက်ပိုင်းဒေသများရှိ ပြည်၊ မြန်အောင်၊ ဟင်္သာတ၊ ဇလွန်နှင့် ညောင်တုန်းမြို့တို့တွင်လည်း ရေတက်လာနေကြောင်း ဒေသခံများက ပြောသည်။

ပြည်မြို့တွင် ရေကာတာ အပြင်ဘက်မှ ဒေသခံအချို့ ရေ ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရ သည်ဟု သတင်းရရှိသည်။ ဧရာ ၀တီမြစ်နှင့် ထိစပ်နေသည့် င၀န် မြစ်ရေမှာလည်း စိုးရိမ်ရေမှတ်အ ထက်တွင် သုံးပေကျော်ရောက်ရှိနေပြီး ငါးသိုင်းချောင်း၊ သာပေါင်း မြို့တို့တွင် မြစ်ကမ်းဘေးနေသူ များ ရေလွှမ်းမိုးမှုရင်ဆိုင်နေထိုင် ရသည်ဟု သတင်းရရှိသည်။
မိုး/ဇလဌာနက စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ရန် ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်သည်ဟု သတိပေးထားသည်။

မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်ကလည်း လက်ရှိ ကာလသည် မြန်မာနိုင်ငံမှ အနောက်တောင် မုတ်သုံလေ စတင် ဆုတ်ခွာနေပြီး ဘင်္ဂလားပင်လယ် အော်တွင် လေထုမငြိမ်မသက် ဖြစ်ပေါ်နေမှုကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများ၌ မိုးရောလေပါ အားကောင်းနိုင်သည်ဟု သတိပေးသည်။
7Day Daily, KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment