Pages

Wednesday, September 9, 2015

အိန္ဒိယတွင် စစ်မှုထမ်းဟောင်း ပင်စင်လစာများ အစီအစဉ်သစ်ဖြင့် တိုးမြှင့်ပေးမည်


RangonNewsDaily:: September . 9 .2015
အိန္ဒိယ အစိုးရသည် စစ်မှုထမ်းဟောင်း ၀န်ထမ်းများ ဆယ်စုနှစ်နှင့်ချီ တောင်းဆိုလာခဲ့သည့် ၎င်းတို့ ပင်စင်လစာများအား ပြောင်းလဲတွက်ချက်ပြီး နှုန်းထား အသစ်ဖြင့် ပေးအပ်ရန် တောင်းဆိုမှုကို လိုက်လျောလိုက်ကာ ပင်စင် အစီအစဉ်သစ်ဖြင့် လစာများ တိုးမြှင့်ပေးတော့မည် ဖြစ်သည်။

အိန္ဒိယတွင် စစ်မှုထမ်းများမှာ အခြား ပြည်သူ့ဝန်ထမ်းကဏ္ဍ စစ်သားများထက် ပို၍ အချိန်စောစွာ ပင်စင်ယူရန် သတ်မှတ် ခံထားရကာ မကြာသေးမီလများက ၎င်းတို့ ပင်စင်ကို လုပ်သက်နှင့် တွက်ပေးရာတွင် နစ်နာမှုများ ရှိနေသည့်အတွက် တိုးမြှင့်ပေးရန် တောင်းဆိုလာကြခြင်း ဖြစ်သည် ။ ထို့ကြောင့် အစိုးရက အသစ်ပြဌာန်း အတည်ပြုပေးလိုက်သည့် One Rank, One Pension (OROP) အစီအစဉ်အရ ပင်စင်စားများသည် ၂၀၁၃ လစာ နှုန်းထားများတွင် တွက်ချက်မှုများအရ ငါးနှစ်တစ်ကြိမ် ပုံသေတိုးနှုန်းဖြင့် ခံစားခွင့်ရမည် ဖြစ်ကာ လစာများလည်း တိုးလာမည် ဖြစ်သည်။

“အဓိက သူတို့တောင်းဆို ထောက်ပြချက်ကတော့ စစ်မှုထမ်းဟောင်းတွေဟာ ပုံမှန်အချိန်မှာ အနားယူတဲ့ အခြား အမှုထမ်းတွေလို အကျိုးမခံစားရတာ ဖြစ်ပါတယ်။ ဘဏ္ဍာရေး ၀န်ထုပ်ဝန်ပိုးကြီး ရှိနေသော်လည်း စစ်မှုထမ်းဟောင်းတွေ သက်သာချောင်ချိရေး အတွက် ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ”ဟု ကာကွယ်ရေး ၀န်ကြီး မနိုဟာ ပါရီကာက နယူးဒေလီ မြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည် ။

အဆိုပါ ပင်စင်အစီအစဉ်သစ်ကြောင့် အစိုးရသည် ရူပီး(၈၀)နှင့် (၁၀၀) ဘီလီယံကြား (အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနှင့် ၁ ဒသမ ၅ ဘီလီယံ) တို့ကြား ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး စစ်တပ်များမှ တစ်ခုကို ပိုင်ဆိုင်ထားပြီး လက်ရှိ စစ်မှုထမ်းဦးရေ (၁ ဒသမ ၂၃) သန်းရှိပြီး အရန်တပ်ဖွဲ့ဝင် (၂ ဒသမ ၄)သန်း ရှိသည်။
Source: Reuters, Messenger News,KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment