Pages

Wednesday, September 9, 2015

“ဒေါ်အောင်ဆန်းစုကြည်အား ကြိုတင်မဲဆွယ်သည်ဟု တိုင်ကြားချက် ပြန်လည်ရုပ်သိမ်း”

RangonNewsDaily:: September . 9 .2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တရားဝင်မဲဆွယ်ခွင့်မရှိသည့်ကာလတွင် မဲဆွယ်သည်ဟုဆိုကာ တိုင်ကြားခဲ့သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဦးကျော်ဝင်းက ၄င်း၏တိုင်ကြားချက်ကို ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြန်လည်ရုပ်သိမ်းသွားသည်ဟု သတင်းရရှိသည်။
ယမန်နေ့(စက်တင်ဘာ၇ )ကမှ တိုင်ကြားခဲ့သည့် တိုင်ကြားချက်ကို ယနေ့(စက်တင်ဘာ ၈) နံနက်ပိုင်းတွင် ဦးကျော်ဝင်း၏ကိုယ်စားလှယ်က ပြန်လည်ရုပ်သိမ်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ဒီချုပ်ပါတီက လယ်ဆည်ဝန်ကြီးနှင့်ဦးကျော်ဝင်းတို့ကို တိုင်ကြားထားသည့် တိုင်ကြားချက်ကိုမူ ပြန်လည်ရုပ်သိမ်းခြင်းမရှိသေးကြောင်း သိရသည်။
7Day News , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment