Pages

Wednesday, September 9, 2015

ဘရာဇီးတွင် ဘတ်စ်ကားမှောက်မှုကြောင့် လူ(၁၅) ဦး သေဆုံး


RangonNewsDaily:: September . 9 .2015
ဘရာဇီးနိုင်ငံ၊ ပါရာတီမြို့တွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ရာ အနည်းဆုံး လူ(၁၅)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ဒဏ်ရာရသူဦးရေမှာ (၃၀)ခန့်ရှိပြီး အချို့ကို ဒေသခံ ဆေးရုံများသို့ ခွဲ၍ ပို့ ဆောင် ပေးထားရကြောင်းလည်း သိရသည်။
ထိုဘတ်စ်ကားမှာ အနီးရှိ နာမည်ကျော် ကမ်းခြေတစ်ခုသို့ တိုးရစ်များကို ပို့ဆောင်စဉ် ထိုသို့တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါကား တိမ်းမှောက်ရာ နေရာမှာ အလွန်အန္တရာယ် များသည်ဟု နာမည်ကျော်သည့် နေရာဖြစ်ကာ“ဘုရားကယ်ပါလမ်း”ဟု ဒေသတွင်း၌ ခေါ်ဆိုကြသည်။ ရဲတပ်ဖွဲ့သည် ကားမှောက်ရခြင်း အကြောင်း အရင်းကို စုံစမ်းနေဆဲဖြစ်သည်။ ဘရာဇီးတွင် မြို့ပြနှင့် ကျေးလက်များတွင်ပါ ယခုတနင်္လာတွင် လွတ်လပ်ရေးနေ့ ကျရောက်သဖြင့် ခရီးထွက်လည်ပတ်သ များခဲ့သည်။

ပါရာတီမြို့မှာ ဘရာဇီး၏ အကြီးဆုံးမြို့ ရီယိုနှင့် ဆော်ပေါ်လိုတို့ ကြားတွင် တည်ရှိသည်။ ကမ္ဘာလှည့် တိုးရစ်များ လည်ပတ်ရာ အဓိကနေရာ တစ်ခုလည်းဖြစ်သည်။ အဆိုပါမြို့မှာ ရှေးကိုလိုနီခေတ်(၁၇) ရာစုခန့်ကပင် တည်ရှိလာပြီး တောင်စောင်းများ စိုက်ခင်းများဖြင့် သာယာ လှပသောမြို့ ဖြစ်သည်။
Messenger News , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment