Pages

Sunday, September 27, 2015

မန္တလေး ယာဉ်ထိန်းရဲများအတွက် ကျဉ်စက်များ စတင်ထုတ်ပေး


RangonNewsDaily:: September . 27 .2015
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့သော မန္တလေးမြို့တော်တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အတွက် တရားခံ ဖမ်းဆီးရာတွင် အသုံးပြုသည့် ကျဉ်စက်များကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် စတင်ထုတ်ပေးလိုက်ကြောင်း အဆိုပါ တပ်ဖွဲ့ဝင်များထံမှ သိရသည်။

တစ်ပေခွဲခန့် အရှည်ရှိသည့် ယင်းကျဉ်စက်ကို တုတ်၊ ကျဉ်စက်နှင့် ဓာတ်မီး သုံးမျိုးအသုံးပြုနိုင်ကြောင်း၊ အမျိုးသမီးများအတွက်မူ ဓာတ်မီးအသုံးပြု၍ မရဘဲ အနည်းငယ်လည်းတိုကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
နယ်မြေခံရဲတပ်ဖွဲ့ဝင်များ အတွက်မူ ယင်းကျဉ်စက်များ ထုတ်ပေးနိုင်ရန်အတွက် အကြောင်းကြားထားခြင်း မရှိသေးဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောဆိုသည်။

“အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပေးနိုင်တာပေါ့။ ဒီလိုမျိုး ကာကွယ်နိုင်တဲ့ ပစ္စည်းတစ်ခုခု ရှိရင် တရားခံတွေ ဖမ်းဆီးတဲ့နေရာမှာ မလိုလားအပ်တဲ့ ပြဿနာတွေ၊ ဥပမာ- ရဲတပ်ဖွဲ့ဝင်တွေ ပြန်ပြီးတိုက်ခိုက်ခံရတာမျိုးတွေ အနည်းအကျဉ်းတော့ ပပျောက်သွားမှာပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့တော် သန်လျင်မြို့နယ်တွင် တရားခံ ဖမ်းဆီးရာက ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဓားထိုးအသတ်ခံခဲ့ရပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင်လည်း မန္တလေးမြို့တော်တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးအသတ်ခံခဲ့ရသည်။
The Voice , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment