Pages

Monday, September 14, 2015

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်

RangonNewsDaily:: September . 14 .2015
ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်သည်ဟု မိုးလေ၀ သပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးသည်။

စက်တင်ဘာ ၁၂ ရက်ညနေ မှစ၍ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ် ပေါ်နေသည့် လေဖိအားနည်းရပ် ၀န်းသည် စက်တင်ဘာ ၁၃ ရက် ၌ ပိုမိုအားကောင်းလာပြီး
လာမည့်နှစ်ရက်အတွင်း မုန်တိုင်း ငယ်အဖြစ်သို့ ရောက်ရှိနိုင်သည် ဟု ဒေါက်တာထွန်းလွင်က ပြော သည်။

မုန်တိုင်းငယ် ဖြစ်လာပါ က အိန္ဒိယကမ်းရိုးတန်းသို့ ဦးတည် ရွေ့လျားကာ လာမည့် သုံးရက် မှ ငါးရက်အတွင်း အိန္ဒိယကမ်း ခြေသို့ ၀င်ရောက်သွားနိုင်သည် ဟု ၎င်းက ခန့်မှန်းထားသည်။
‘‘အိန္ဒိယနိုင်ငံ ကမ်းခြေဘက် ၀င်ရောက်နိုင်ပေမယ့် မုန်တိုင်း ငယ်အဆင့်ဖြစ်လာနိုင်တာမို့လို့ မြန်မာ့ကမ်းရိုးတန်းဒေသတွေ မိုး နဲ့လေ သတိထားဖို့ လိုတယ်။ အ ထူးသဖြင့် ပင်လယ်မှာ လှိုင်းကြီး နိုင်လို့ ငါးဖမ်းလှေတွေ သတိထား ဖို့လိုမယ်’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

မိုး/ဇလဌာနကလည်း ကမ်း ရိုးတန်းဒေသများဖြစ်သော ဧရာ ၀တီတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးရောလေပါအားကောင်းနိုင်သည်ဟု သတိပေးထားသည်။
မြန်မာနိုင်ငံအထက်ပိုင်းဒေ သများ မိုးအားလျော့နေပြီး ချင်း တွင်းမြစ်ရေ ကျဆင်းနေသော် လည်း ဧရာဝတီမြစ်ရေတက်နေ ဆဲဖြစ်ကာ မြစ်ကြောင်းတစ် လျှောက်ရှိ ညောင်ဦး၊ မင်းဘူး နှင့် ဟင်္သာတခရိုင်များရှိ မြေနိမ့် ပိုင်းနေသူများ ရေလွှမ်းမိုးမှု အန္တရာယ်သတိပြုရန် မိုး/ဇလ ဌာနက သတင်းထုတ်ပြန်သည်။
7Day Daily, KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment