Pages

Wednesday, September 2, 2015

တရားခံရဲ့ခုခံမှုကြောင့် ရဲတပ်ဖွဲ့ ဝင် နှစ်ဦး ဓားထိုးခံရသေဆုံး


RangonNewsDaily::ှ September . 2 .2015
သန်လျင်ရဲစခန်းက ရဲအုပ် အောင်နိုင်၊ တက သူရလွင် ပါတပ်ဖွဲ့ဝင်များ ၃၂၆ တရားခံပြေး တင်မြင့် အား တည်းခိုခန်း မှာဝင်ဖမ်းရင်းဓားထိုးခံရလို့ ၂.၉.၁၅ နေ့ ၁၁း၄၅ လောက်တွင်သေဆုံးခဲ့ကြောင်းသိရသည်။

တရားခံပြေးတစ်ဦးကိုဝင်ရောက်ဖမ်းဆီးခဲ့တဲ့သန်လျှင်မြို့မရဲစခန်းကရဲနှစ်ဦးတို့ဒီကနေ့နံနက်ပိုင်းကအသတ်ခံလိုက်ရတယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မူးရုံးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီတရားခံပြေးဟာအရင်ကသူတစ်ပါးကိုပြင်းထန်စွာပျက်ရှဒဏ်ရာရအောင်ပြုလုပ်မှုနဲ့ရဲကအလိုရှိနေသူတစ်ဦးပါ။သန်လျင်မြို့၁၈ကုန်းအနီးတည်းခိုခန်းတစ်ခုမှာ အဆိုပါတရားခံပြေးပုန်းအောင်းနေတယ်လို့သတင်းရတဲ့အတွက် သန်လျင်မြို့မရဲစခန်းက ရဲ ၈ဦးပါဝင်တဲ့အဖွဲ့ဟာသွားရောက်ဖမ်းဆီးခဲ့စဉ် တရားခံပြေးရဲ့ပြန်လည်ခုခံမှုတွေကြောင့်အခုလို ရဲနှစ်ဦးအသက်ခံလိုက်ရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကပေါ်ပြူလာနယူးစ်ကို ရှင်းပြပါတယ်။
.
တရားခံပြေးကိုတော့နေရာမှာပဲဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ၄င်းကဆက်ပြောပါတယ်။ပြည်တွင်းမှာဥပဒေချိုးဖောက်သူတွေကိုလိုက်လံဖမ်းဆီးတဲ့ ရဲအချို့ဟာ တရားခံတွေရဲ့တန်ပြန်တိုက်ခိုက်ခြင်းကို မကြာခဏဆိုသလိုပါပဲ ခံနေကြရပြီး ဒဏ်ရာရှိမှုနဲ့အသက်သေဆုံးမှုတွေ ဖြစ်ပွားနေတာကိုတွေ့ရှိနေရပါတယ်လို့အငြိမ်းစားရဲမှူးကြီးတစ်ဦးကဆိုပါတယ်။ 
Popular News ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment