Pages

Tuesday, September 29, 2015

"India က ရထားဘူတာတွေမှာ မြန်နှုန်းမြင့် WiFi ပေးဖို့ Google စီစဉ်"


RangonNewsDaily:: September . 28 .2015
Google သည် ၂၀၁၆ နှစ်ကုန်တွင် အိန္ဒိယနိုင်ငံ၏ လူစည်ကားရာ ဘူတာရုံ ၁၀၀ ၌ မြန်နှုန်းမြင့် Wi-Fi ထောက်ပံ့ပေးသွားမည်ဟု ကြေညာခဲ့သည်။ အဆိုပါ မြန်နှုန်းမြင့် Wi-Fi ထောက်ပံ့မှုကို စုစုပေါင်း ဘူတာရုံ ၄၀၀ အထိ ပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်း search ကုမ္ပဏီကြီးက ဆိုခဲ့သည်။
ကနဦး စတင်လုပ်ဆောင်မည့် ဘူတာရုံ ၁၀၀ တွင် ရထားစီးနင်းသူဦးရေသည် တစ်နေ့လျှင် ၁၀ သန်းကျော်ရှိကြောင်း Google မှ ပြောကြားခဲ့သည်။

အဆိုပါ အစီအစဉ်ကို အိန္ဒိယမီးရထားနှင့် RailTel ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း Google ၏ Mountain View campus တွင် ပြုလုပ်ခဲ့သော ပွဲတစ်ခု၌ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ကြေညာခဲ့သည်။ မိုဒီသည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က Facebook အပါအဝင် Silicon Valley ကုမ္ပဏီများထံ လည်ပတ်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် လူသန်းပေါင်းများစွာက စမတ်ဖုန်းများကို data plan များဖြင့် ဝယ်ယူသုံးစွဲကြသော်လည်း bandwidth မှာ အကန့်အသတ်ဖြင့်သာ သုံးစွဲနေရသည်။ Google ကမူ ၎င်း၏ မြန်နှုန်းမြင့် Wi-Fi ဝန်ဆောင်မှုသည် HD video များကို stream လုပ်ကာ ကြည့်ရှုနိုင်မည်ဟု ပြောကြားခဲ့သည်။
Internet Journal , 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment