Pages

Tuesday, September 1, 2015

နားကြပ်တပ်ထားတဲ့ကောင်မလေးတစ်ယောက် ငါးလွာမှ ပြုတ်ကျသေဆုံး

RangonNewsDaily:: September . 1 .2015
ရန်ကုန်မြို့အထပ်မြှင့်အဆောက်အဦးတစ်ခုပေါ်မှ အထက်တန်းကျောင်းသူတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်စဉ် တစ်နှစ်အတွင်းဒုတိယအကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်မှာ ယနေ့ မနက် ငါးနာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အတွင်းရှိ ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက်အပေါ်ထပ် ငါးလွှာမှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။
ယခု ဖြစ်ပွားခဲ့သော ဂမုန်းပွင့်ကုန်တိုက် အပေါ်ထပ် ငါးလွှာမှ ပြုတ်ကျသေဆုံးသူမိန်းကလေး၏ အသက် မှာ ၁၄ နှစ်ရှိပြီး ရှစ်တန်းကျောင်းသူတစ်ဦးဖြစ်ကာ ဗဟန်း မြို့နယ် အ.ထ.က (၂)တွင် ပညာသင်ကြားနေကြောင်း မရမ်းကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးကအတည်ပြုပြောသည်။

အဆိုပါမိန်းကလေးသည်ကမ္ဘာအေးဂမုန်းပွင့် ငါးလွှာ လူနေခန်းမှ ပြုတ်ကျလာခြင်းဖြစ်ပြီး ခါးရိုးကျိုး ဒဏ်ရာဖြင့် နေရာတွင်ပင်သေဆုံးသွားခြင်းဖြစ်ကြောင်း အဆိုပါရဲအရာရှိကပြောသည်။

ရဲတပ်ဖွဲ့က မည်သည့်အကြောင်းကြောင့် ပြုတ်ကျလာရသည်ကို အတိအကျ ထုတ်ဖေါ်မပြောသေးသော်လည်း
ယင်းဖြစ်စဉ်ကိုတွေကမြင်ခဲ့ရသော ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက် ကားပါကင်မှ တာဝန်ကျ ၀န်ထမ်းတစ်ဦးက
"မနက် ငါးနာရီကျော်လောက်က နားကြပ်တပ်ထားတဲ့ကောင်မလေးတစ်ယောက်ပြုတ်ကျလာတာတွေ့လိုက်တယ်။ သွားကြည့်တော့ ပွဲချင်းပြီးသေသွားတယ်။ ဖုန်းပြောရင်း ပြုတ်ကျ သွားတယ်နဲ့တူတယ်။ နားကြပ်လည်းတပ်ထားသေးတယ်ဆိုတော့ "ဟု ပြောသည်။

ယခုဖြစ်ပွားခဲ့သော ကမ္ဘာအေးဂမုန်းပွင့်ကုန်တိုက် အပေါ်ထပ် ငါးလွှာမှရှစ်တန်းကျောင်းသူတစ်ဦး ပြုတ်ကျသေဆုံးခြင်းဖြစ်စဉ်သည် ဧပြီ ၁၈ ရက်နေ့ကဖြစ်ပွားခဲ့သော ဖြစ်ရပ်အပြီးတွင် ဒုတိယမြောက်အဖြစ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆို မိန်းကလေးပြုတ်ကျသေဆုံးခြင်းနှင့်ပတ်သက်၍ မရန်းကုန်းမြို့နယ် ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်းတာဝန်ကျရဲအရာရှိထံမှသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ကလည်း ပုဇွန်တောင်မြို့နယ် အမှတ် ၂ ရပ်ကွက် သာယာကုန်း လမ်းအတွင်းရှိ အသက် ၁၅ နှစ်အရွယ် န၀မတန်းကျောင်းသူ တစ်ဦးသည် ယခုကဲ့သို့ အထပ်မြှုင့်တိုက် ၈ လွှာမှ ပြုတ်ကျသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့သည်။
Popular News , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment