Pages

Tuesday, September 1, 2015

ကမ္ဘာ့ဒုတိယ အများဆုံး ဖမ်းမိခဲ့သော မူးယစ်ဆေးဝါးမှုမှ လူ ၁၂ဦးအား ဖမ်းဝရမ်းထုတ်


RangonNewsDaily:: September . 1 .2015
ကမ္ဘာ့ဒုတိယ အများဆုံး ဖမ်းဆီးရမိခဲ့သော WY မူးယစ်ဆေးဝါး အမှုနှင့် ပတ်သက်၍ လူ၁၂ဦးအား မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်း ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ လူ ၁၂ ဦးတွင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်ကာ ၄င်းတို့၏ ဓာတ်ပုံများအား သက်ဆိုင်ရာမြို့နယ် ရဲစခန်းများ၊ ဟိုတယ်များတို့တွင် ကပ်နှိပ်ကာ ဖော်ပြထားသည်။



၎င်း ၁၂ ဦးသည် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီနှင့် အာရကန်ဘေး ကုမ္ပဏီတို့နှင့် ဆက်စပ်သူများ ဖြစ်ကြောင်း၊ ထို ၁၂ ဦးထဲတွင် ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ စီမံခန့်ခွဲသူ အဆင့်မှ သယ်ယူပို့ဆောင်သည့် ယာဉ်မောင်း အဆင့်ထိ ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း အတွင်းရှိ အဝေးပြေး လမ်းမကြီး အပေါ်၌ ဇူလိုင် ၂၆ရက်က ကုန်တင်ကား တစ်စီးပေါ်တွင် WY ဆေးပြား ဆာလာအိတ် ၈၈အိတ်၊ အမေရိကန် ဒေါ်လာ ၂၆ ဒသမ ၆သန်းကျော်ကို လည်းကောင်း၊ မြောက်ဒဂုံမြို့နယ်တွင် မူးယစ်ဆေးဝါး ၁၅ သိန်းကျော်ကို လည်းကောင်း၊ သာကေတမြို့နယ်တွင် မူးယစ်ဆေးဝါး ငါးသိန်းကျော်ကို လည်းကောင်း ဖမ်းဆီး ရရှိခဲ့ပြီးနောက် ယခုလို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Tomorrow News , KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment