Pages

Thursday, August 27, 2015

တိုက်ရိုက်ထုတ်လွှင့်နေစဉ် ကန်ဂျာနယ်လစ်နှစ်ဦး ပစ်သတ်ခံရ

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသော ဂျာနယ်လစ်နှစ်ဦးကိုတွေ့ရစဉ်
RangonNewsDaily:: August . 27 .2015
ဗာဂျီးနီးယား- အမေရိကန်နိုင်ငံ၊ ဗာဂျီးနီုးယားပြည်နယ်တွင် တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုရိုက်ကူးနေသော ဂျာနယ်လစ်နှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
ဘက်ဒ်ဖို့ဒ်စီရင်စုတွင် နံနက် ၆ နာရီ ၄၅ မိနစ်၌ တိုက်ရိုက်တွေ့ဆုံမေးမြန်းမှုလုပ်ဆောင်နေချိန် ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သံများထွက်ပေါ်ခဲ့ကာ သတင်းထောက် အလစ်ဆန်ပါကာနှင့် ၎င်းတို့ တွေ့ဆုံမေးမြန်းနေသူတို့ စူးစူးဝါးဝါးအော်ပြီး အကာအကွယ်ယူခဲ့သည်ကို တွေ့မြင်ရသည်။

ယင်းအဖြစ်အပျက်တွင် သတင်းထောက် ပါကာ (၂၄)နှစ်နှင့် ကင်မရာရိုက်ကူးနေသူ အဒမ်ဝါ့ဒ်(၂၇)နှစ်တို့ သေဆုံးသွားခဲ့သည်ဟု ဗာဂျီးနီးယားပြည်နယ် ရာအိုနိုကီဒေသမှ ရုပ်သံလိုင်း WDBJ 7 က ပြောကြားသည်။

ယင်းအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် မသင်္ကာသူကို ရှာဖွေနေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ ၎င်းတို့ ဝန်ထမ်းနှစ်ဦး ပစ်ခတ်ခံရပြီး မကြာမီ သေဆုံးသွားခဲ့ကြောင်းနှင့် ပစ်ခတ်သည့်အကြောင်းရင်းနှင့် လူသတ်သမားမည်သူမည်ဝါ ဆိုသည်ကို မသိရှိကြောင်း ရုပ်သံလိုင်း၏အထွေထွေမန်နေဂျာက ၎င်းတို့၏ရုပ်သံလိုင်းပေါ်မှ ပြောကြားသည်။
ရုပ်သံသမားများအား တိုက်ခိုက်မှုမှာ ဈေးဝယ်စင်တာကြီးတစ်ခုဖြစ်သော Bridgewater Plaza တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
(BBC/Reuters) ,  KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment