Pages

Thursday, August 27, 2015

အမြန်လမ်းဂိတ်ကြေး တစ်ရက် ကျပ်သိန်း ၇၅၀ ကျော်ရရှိ


RangonNewsDaily:: August . 27 .2015
ယာဉ်မတော်တဆ မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိ သည့် ရန်ကုန်-မန္တလေးအမြန် လမ်းတွင် လမ်းအသုံးပြုဂိတ်ကြေး မှ တစ်ရက်လျှင် ကျပ်သိန်း ၇၅၀ ကျော်ရရှိကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေက ပြောသည်။

‘‘အကြမ်းအားဖြင့် သိန်း ၇၅၀ကြားရှိတယ်။ စုစည်းပြီးတော့ နေ့စဉ် ဗဟိုဘဏ်ကို သွင်းပြီး နိုင်ငံတော်ဘတ်ဂျက်ထဲကို ဝင်ဖို့ လုပ် ပေးနေပါတယ်’’ဟု ဦးဝင်းဖေက ပြောသည်။

ယင်းဝင်ငွေ အတက်အကျ အပေါ် အချိန်နှင့်မပြတ် စောင့် ကြည့်ရန် ကော်မတီတစ်ရပ်ဖွဲ့ စည်းထားပြီး ထိန်းသိမ်း၍ နိုင်ငံ အတွက် ဝင်ငွေရှာပေးနေသည်ဟု ဆိုသည်။

လက်ရှိတွင် လမ်းအသုံးပြုခဂိတ်ကြေးများကို ရန်ကုန်မြို့ဝင်မြို့ထွက်၊ နေပြည်တော်မြို့ဝင်၊ မြို့ ထွက်နှင့် မန္တလေးမြို့ဝင်၊မြို့ထွက် ဂိတ်များတွင် အဓိကကောက်ခံနေ ပြီး မည်သည့်ကုမ္ပဏီကိုမှ လမ်း အသုံးပြုခွင့် ကောက်ခံခွင့်မပေး ထားဘဲ ဆောက်လုပ်ရေးဝန်ကြီး ဌာနကသာ ကောက်ခံလျက်ရှိ ကြောင်း သိရသည်။

အမြန်လမ်းကို အဆင့်မြှင့် တင်ရန်နှင့် ရှစ်လမ်းသွားအဖြစ် တိုးချဲ့ဖောက်လုပ်ရန် လက်ရှိတွင် စိတ်ပါဝင်စားသည့် ပြည်တွင်း ပြည်ပကုမ္ပဏီ ရှစ်ခုမှ တင်ဒါလာ ရောက်တင်ပြထားခြင်းများကို စိ စစ်ဆဲသာဖြစ်ပြီး မကြာမီ ရွေး ချယ်မည်ဖြစ်သည်။
ထို့ပြင် အမြန်လမ်းကို အ ဆင့်မြှင့်တင်ရန် ဂျပန်၊ အမေရိ ကန်၊ ကိုရီးယားနိုင်ငံများမှ နည်း ပညာအကူအညီ၊ ငွေကြေးအကူ အညီများရယူပြီး လုပ်ဆောင်နေ သည်ဟု သတင်းရရှိသည်။

ငါးနှစ်ကျော် တည်ဆောက်ခဲ့ပြီး မိုင် ၄၀၀ ကျော်ရှည်လျားသည့် အမြန်လမ်းတွင် ယာဉ်မတော်တ ဆမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသသို့ သွားရောက်သည့် ခရီးသည်တင် ယာဉ်အများစုမှာ အမြန်လမ်းကို ဖြတ်သန်းအသုံးပြု မှုလျော့ကျသွားခြင်းမရှိကြောင်း အဝေးပြေး ယာဉ်လိုင်းပိုင်ရှင် အချို့က ဆိုသည်။

‘‘လမ်းဟောင်းထက်စာရင် လမ်းမိုင်က တိုတယ်။ အချိန်မြန် တယ်။ လမ်းကြေးကောက်တာ လည်း စနစ်ကျတယ်။ တခြား လမ်းပိုင်းတွေနဲ့မတူဘူး။ လမ်းကအန္တရာယ်များတာလေးတစ်ခုပါပဲ။ လမ်းက ထပ်ပြီး အဆင့်မြှင့် တင်ရမယ့် အပိုင်းတွေတော့ အများကြီးကျန်သေးတယ်’’ဟု အမြန်လမ်းအသုံးပြုမောင်းနှင်နေသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။
အမြန်လမ်းတိုးဂိတ်တစ်ခုတွင် ဂိတ်ဝင်ကြေးပေးဆောင်နေသည့် ယာဉ်အချို့(ဓာတ်ပုံ - ကျော်ဇင်သန်း)
7Day Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment