Pages

Thursday, August 27, 2015

ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်

RangonNewsDaily:: August . 27 .2015
ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းတစ် ခုဖြစ်ပေါ်နေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခု၌ နေရာ ကွက်၍ မိုးကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးထားသည်။

ဩဂုတ် ၂၆ ရက် တိုင်းတာ ချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ် ပေါ်နေခြင်းဖြစ်သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် လက်ရှိရေဘေးကြုံတွေ့နေသော ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်နှင့် ချင်းအပါအဝင် မွန်ပြည်နယ်တွင် လာမည့်နှစ်ရက်အတွင်း နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ခန့်မှန်းပြောကြား သည်။

‘‘လေဖိအားနည်း ရပ်ဝန်း ကြောင့် မုတ်သုံလေအားကောင်း နေပြီး ဒီဘက်မှာ နေရာကွက် မိုးကြီးနိုင်တာ။ မြစ်ရေကတော့ ချင်းတွင်းမြစ်မှာ နည်းနည်းတက် ပြီး ကျန်တာတွေကတော့ ပုံမှန် ပါ’’ဟု ဦးကျော်မိုးဦးက ပြော သည်။ဩဂုတ် ၂၄ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက် ၍ မိုးကြီးခဲ့ပြီး ဟင်္သာတ၊ ခန္တီး၊ လားရှိုး၊ တမူး၊ ပေါင်နှင့် သိမ်ဇရပ်မြို့တို့တွင် ပုံမှန်ထက် မိုးပိုခဲ့သည် ဟု သတင်းရရှိသည်။
မြန်မာ့ကမ်းရိုးတန်းဒေသ များတွင်လည်း မိုးရော လေပါ အားကောင်းနိုင်သည်ဟု မိုး/ဇလ ဌာနက သတင်းထုတ်ပြန်ထား သည်။
7Day Daily , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment

 
world time