Pages

Thursday, August 27, 2015

တရုတ်ကုန်သည် ရာဂဏန်းနီးပါး ဗီဇာမရှိဘဲနေထိုင်နေဟုဆို

RangonNewsDaily:: August . 27 .2015
မန္တလေးမြို့ရှိ ဆောက်လုပ်ရေးလုပ် ငန်းခွင်တစ်ခုတွင် တရားဝင် ခွင့်ပြုချက်ဗီဇာ မရှိဘဲ နေထိုင်သည့် တရုတ်နိုင်ငံသား ၁၂ဦး ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အမှု ဖွင့် အရေးယူထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တရုတ်ပြည်ဘက်မှ ဝင် ရောက်လာသော ကုန်သည် ရာဂဏန်းနီးပါး လုပ်ငန်းဗီဇာမရှိဘဲ နေအိမ်များတွင် ရက်ရှည် တည်းခိုခြင်းများရှိနေသေးသည်ဟု ဒေသခံ များထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှ နိုင်ငံခြားသားဧည့်သည်များအား လူနေ အိမ်များတွင် အစိုးရ၏ ခွင့်ပြုချက်ပါရှိသည့် လုပ်ငန်းဗီဇာရှိမှသာ တည်းခိုခွင့်ပြုထားသည်။ သို့သော်လည်း တရုတ်ပြည်ဘက်မှဝင်ရောက် လာသော ကုန်သည်အချို့မှာ လုပ်ငန်းဗီဇာ မရှိဘဲ နေအိမ်များတွင် တည်းခိုခြင်းများရှိနေ ခြင်း ဖြစ်သည်။
ယခုလ၂၂ရက်က မန္တလေးမြို့ရှိ ဆောက် လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်အားခ ငွေနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ပေါ်ခဲ့ရာ မှ ယင်းလုပ်ငန်းခွင်၌ တွေ့ရှိရသော တရုတ် နိုင်ငံသား ၁၂ဦးမှာ သက်ဆိုင်ရာ လူဝင်မှုကြီး ကြပ်ရေးရုံးသို့ရောက်ရှိကြောင်း အကြောင်း ကြားမှု တစ်စုံတစ်ရာမရှိဘဲ နေအိမ်၌နေထိုင် တည်းခိုနေခြင်းကို ရဲတပ်ဖွဲ့မှ စစ်ဆေးတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''အခုဖြစ်ခဲ့တာက ဆောက် လုပ်ရေးကုမ္ပဏီတစ်ခုက တရုတ် လုပ်သားတွေသုံးပြီး ဆောက်တယ်။ ကုမ္ပဏီပိုင်ရှင်က အဆောက်အအုံ ကို စစ်ဆေးတဲ့အခါ အရည်အသွေး မမီလို့ တခြားဆောက်လုပ်ရေးအဖွဲ့ ကို ငှားရာကနေ သူတို့ချင်း ပြဿနာ ဖြစ်သွားတာ။ ဖြစ်ပွားတာက ချမ်း အေးသာဇံမြို့နယ်ထဲမှာပဲ''ဟု မန္တ လေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော သည်။

''ကိုယ့်တိုင်းပြည်ထဲမှာ ရောက်နေ တဲ့ နိုင်ငံခြားသားတွေ အကုန်လုံးကို ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒီတော့ သတင်းပေးပါ။ အားလုံးက ပူးပေါင်းပါ ဝင်ပြီး သတင်းပေးရင် တည်းခိုနေထိုင် တဲ့ နိုင်ငံခြားသားကိုရော၊ အိမ်ရှင်ကိုပါ အရေးယူပါမယ်။ ပြစ်ဒဏ်ကိုလဲ ငွေ ဒဏ်ရော၊ ပြည်နှင်ဒဏ်ရော အရေးယူ ပါမယ်''ဟု မန္တလေးတိုင်းဒေသကြီး လူ ဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦး သောင်းဇော်ကပြောသည်။
နိုင်ငံခြားသားဧည့်သည်များ လူ နေအိမ်များတွင် တည်းခိုနေထိုင်ခြင်း Home Stay များကို ကမ္ဘာလှည့်ဗီဇာ နှင့်ခရီးသွားများအား ခွင့်ပြုခြင်းမရှိဘဲ တွေ့ရှိပါက သတင်းပေးရန် တိုင်းဦးစီး မှူး ဦးသောင်းဇော်က ယခင်နှစ်ကတည်း က ပြောကြားခဲ့ခြင်းဖြစ်သည်။

''လုပ်ငန်းဗီဇာမရှိရင် နေအိမ်တွေ မှာ တည်းခိုဖို့ ခွင့်ပြုမပေးထားဘူးဆို ပေမယ့် တရုတ်ပြည်ဘက်က ကုန်သည် တွေ တစ်ခါလာရင် ၁၅ရက်ကနေ နှစ် လကျော်အထိ နေသွားတာမျိုးတွေ ရှိ တယ်။ ဒေသခံတွေကတော့ ဘယ်သူမှ သွားမတိုင်ကြပါဘူး။ သူများအကျိုးစီး ပွားဖျက်တယ်လို့ပဲ မြင်နေကြတာ''ဟု မန္တလေးမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ကို ထွန်းထွန်းနိုင်က ပြောသည်။

Home Stay များတွင် ငှားရမ်းနေ ထိုင်သူများမှာ တရုတ်လူမျိုးများသာ တွေ့ ရှိရပြီး NGO အဖွဲ့အစည်းများမှ နိုင်ငံ ခြားသားများမှာမူ ယင်းတို့၏ သက် ဆိုင်ရာဌာနမှ ငှားရမ်းပေးထားသော အိမ် ရာများ၌သာ နေထိုင်လေ့ရှိကြောင်း သိရသည်။
YangonTimes , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment