Pages

Tuesday, January 15, 2013

အိမ်စီးကားများ သိန်း ၁၀၀ နှင့် ၁၀၀ အောက်ဖြစ်လာ

အိမ်စီးကားများ သိန်း ၁၀၀ နှင့် ၁၀၀ အောက်ဖြစ်လာ


ကားဈေးကွက်အတွင်း အိမ်စီးကားများ သိန်း၁၀၀ နှင့်၁၀၀ အောက်ဖြစ်သွားပြီး လုပ်ငန်းသုံးကားများ သိန်း
၇၀၊ ၈၀ လောက် ကြမ်းခင်းဈေးဖြစ်လာသည်ဟု ကားလောကအသိုင်းအ၀ိုင်းမှပြောသည်။ “၂၀၁၂ ခုနှစ်
အတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို Free Permit နဲ့ ကားတင်သွင်းခွင့် ပေးခဲ့တဲ့အတွက် ကားဈေး
တွေ အရမ်းကျသွားတယ်။
တစ်လထက်တစ်လ ကားဈေးတွေ ပိုပိုကျလာတယ်။ အခုနောက်ပိုင်း ကားဈေးကွက်မှာ အိမ်စီးကားတစ်စီး
ဆိုရင် သိန်း ၁၀၀ နဲ့ ၁၀၀ အောက်လောက် ဖြစ်သွားတယ်။ လူတိုင်းနီးပါး ၀ယ်စီးနိုင်တဲ့ ဈေးဖြစ်လာတယ်။ လုပ်ငန်းသုံးတွေဆိုရင် သိန်း ၇၀၊ ၈၀ လောက်က ကြမ်းခင်းဈေးဖြစ်သွားတယ်”ဟုThein Minn Car Service
မှဒေါက်တာမျိုးနိုင်ကပြောသည်။

ကားဈေးတွေက အခုနောက်ပိုင်း တော်တော်ကျလာတယ်။ ဈေးကတော့ဆက်ကျဖို့ပဲရှိတယ်။ အခုဈေးကွက်
မှာ ၁.၃ ကားတွေ အများကြီးနေရာယူလာတာ တွေ့ရတယ်။ Van တို့Probox တို့ကိုနယ်ဝယ်လက်တွေ ကြိုက်
ကြတယ်” ဟု Distinct TradingCo.,Ltd မှ ဦးဇေယျာကြည် (ကိုထွဋ်ထိပ်) က လက်ရှိ ကားဈေးကွက်နှင့် ပတ်
သက်၍ ပြောသည်။

C.I.F တန်ဖိုးကို ဇန်န၀ါရီလ ၁ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သော်လည်း ကားဈေးကွက်အတွင်း သိသိ
သာသာ ပြောင်းလဲလာမှုမရှိသေးဟု ကားလောကအသိုင်းအ၀ိုင်းမှ သိရသည်။


ကိုဟိန်း
Credit - Internet Journal

0 comments:

Post a Comment