Pages

Wednesday, October 15, 2014

Facebook ကို အသုံးပြုနိုင်ဖို့ အတွက် သူမရဲ့ အသက်ကို လိမ်ကာ ဖြည့်သွင်းခဲ့ရတဲ့ အဖွားအို


RangonNewsDaily:: October . 15 .2014
ဘယ်သူပဲ ဖြစ်ဖြစ် Facebook လိုမျိုး အင်တာနက် လူမှုကွန်ယက်မှာ မိမိရဲ့ အသက်ကို လိမ်ကာ ဖြည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့်လို့ အသက် ၁၁၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဖွားအို Anna Stoehr ကတော့ သူအသက်ကို မလိမ်ချင်ပဲနဲ့ လိမ်ခဲ့ရတဲ့ အဖြစ်မျိုး ဖြစ်ပွားခဲ့ရပါတယ်။ 
အဖွားအို Anna Stoehr ဟာ အမေရိကန်နိုင်ငံရဲ့ အနောက်အလယ်ပိုင်းမှာ ရှိတဲ့ အမှတ်စဉ် ၃၂ ခုမြောက် ပြည်နယ်တစ်ခုဖြစ်သော မင်နီဆိုတာ(Minnesota) ဆိုတဲ့ ပြည်နယ်မှာ နေထိုင်ပါတယ်။

အဖွားအို ရဲ့ အသက်ဟာ ယခု တနင်္ဂနွေနေ့ဆိုရင် အသက် ၁၁၄ နှစ် ပြည့်မြောက်မှာ ဖြစ်ပါတယ်။ သူမရဲ့ ယခင် ချစ်သူ ဖြစ်ခဲ့တဲ့ သူကတော့ Verison မှာ အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်နေတဲ့ Joseph Ramireza ဆိုတဲ့သူ ဖြစ်ပါတယ်။
::
သူက အဖွားအို ရဲ့ အသကပ် ၈၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သား တစ်ယောက်ကို သူရဲ့ iPhone ကို ရောင်းပေးခဲ့သူလဲ ဖြစ်ပါတယ်။ ယခုအခါမှာ အဖွားအို Anna Stoehr ဟာ သူမရဲ့ အိမ်မှာ နပ်စ်မတစ်ဦးအကူအညီနဲ့ နေထိုင်နေပြီး သူမဟာ အီးမေးလ် ၊ အပါအ၀င် Google ကို ဘယ်လို အသုံးပြုရလဲဆိုတာကို လေ့လာသင်ကြားနေပြီး Apple ရဲ့ FaceTime ဗီဒီယို chat ကို အသုံးပြုသလို Facebook ကိုလဲ ချိတ်ဆက်ခဲ့ကြောင်း ပြည်တွင်းသတင်း ဌာန တစ်ခု ဖြစ်သည့် KARE11 စီးရီး အစီအစဉ် တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အဖွားအိုအနေနဲ့ Facebook ကို စတင်အကောင့်လုပ်ကာ ချိတ်ဆက်ဖို့အတွက် မလွယ်ကူခဲ့ပါဘူး။အဲ ဒီ အတွက် အဖွားအိုဟာ Facebok ရဲ့ စီအီးအို ဖြစ်တဲ့ ဇူကာဘက် ကို အပြင်တင်ခဲ့ပါတယ်။
::
ဘာကြောင့်လဲ ဆိုတော့ အဖွားအိုရဲ့ အသက်ဟာ ၁၉၀၅ ခုနှစ် မှာ မွေးဖွားခဲ့တာမို့ လာမည့် တနင်္ဂနွေဆိုရင် အသက် ၁၁၄ နှစ် ပြည့် မှာ ဖြစ်ပေမယ့် Facebook ရဲ့ အသက်ဖြည့်စွက်ရတဲ့ နေရာမှာ ခုနှစ်က ၁၉၀၀ ခုနှစ်အထိပဲ ရှိတဲ့အတွက် ဖြစ်ပါတယ်။

ဒါကြောင့် သူမကို Facebook က သူငယ်ချင်းတွေ မိတ်ဆွေတွေက လာမည့် တနင်္ဂနွေဆိုရင် အသက် ၉၉ နှစ်ပြည့်မယ်ဆိုပြီးပဲ ပြောကြတဲ့ အတွက်ပဲ ဖြစ်ပါတယ်။
::
ဒီအတွက် အဖွား အိုဟာ သူရဲ့ ရည်းစားဟောင်း ဖြစ်ခဲ့တဲ့ Ramireza ရဲ့ အကူအညီနဲ့ Facebook
ကို စာရေးခဲ့ပါတယ်။ အဆိုပါစာကတော့ ရိုးစင်းပြီး တို တိုလေးပဲ ဖြစ်ပါတယ်။ " I'm still here" ဆိုတဲ့ စကားလုံးလေးပဲ ဖြစ်ပါတယ်။

cnet ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment