Pages

Wednesday, October 15, 2014

၂ဝ၃ဝပြည့်နှစ်တွင်မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းမည်ဟုပြည်ထောင်စုဝန်ကြီးပြော ကြား

RangonNewsDaily:: October . 15 .2014
လာ မည့် ၂ဝ၃ဝပြည့်နှစ်တွင် မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရန် နှစ်ရှည်စီမံကိန်းဖြင့် ဆောင်ရွက်နေ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာ နမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် စိုးက ပြောကြားလိုက်သည်။
''၂ဝ၁၅-၂ဝ၁၆မှာ အိမ်ထောင် စုပေါင်း ၅ဝရာခိုင်နှုန်း၊ လျှပ်စစ် ဓာတ်အားရရှိဖို့နဲ့ ၂ဝ၃ဝပြည့်နှစ် ဆိုရင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရမယ်ဆိုပြီး စီမံချက်နဲ့ လုပ်နေပါတယ်''ဟု ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးကဆိုသည်။

အောက်တိုဘာ ၁၃ရက် ည နေပိုင်းက ရခိုင်ပြည်နယ် စစ်တွေ မြို့သို့ရောက်ရှိခဲ့သည့် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန် ကြီးဦးခင်မောင်စိုးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အပါအဝင် စစ်တွေမြို့ မိမြို့ဖများနှင့် စစ်တွေမြို့မှစီးပွား ရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
::
မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးစွဲ မှုရာနှုန်းမှာ ၂ဝ၁ဝ-၂ဝ၁၁ခုနှစ် အ စိုးရသစ်တက်ခါစကာလတွင် မြန် မာနိုင်ငံ၏ အိမ်ထောင်စု ၂၇ ရာခိုင် နှုန်းသာ လျှပ်စစ်မီးရရှိခဲ့ပြီး ယခုချိန် တွင် အိမ်ထောင်စု ၃၃ရာခိုင်နှုန်း အထိ လျှပ်စစ်ဓာတ်အားရရှိနေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောသည်။

မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၄ဝဝဝကျော်ရှိပါတယ်။ အရင်ကျေး ရွာပေါင်း ၁၇၆ဝဝကျော် လျှပ်စစ်မီး ရတာကနေ အခုကျေးရွာပေါင်း ၂၃ဝဝဝကျော် လျှပ်စစ်မီးရပါပြီ''ဟု ယင်းကဆိုသည်။
::
ယင်းအပြင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် နောက်ဆုံး ဆောင်ရွက်ချက်မှာ လက်ရှိအိမ် ထောင်စုပေါင်း နှစ်သိန်းကို ၂ဝ၁၅- ၂ဝ၁၆တွင် လျှပ်စစ်ဓာတ်အား မဖြစ် မနေ လျှပ်စစ်မီးရရှိအောင် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ကတိပေးပြော ကြားသွားခဲ့သည်။
::
ယင်းအပြင် မဟာဓာတ်အား လိုင်းမှ သွယ်တန်း၍မရနိုင်သည့် နေရာဒေသများကို လေစွမ်းအင်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် စီစဉ်ဆောင် ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်ပြည်နယ်တွင် ၁ဝနေရာ၊ ချင်း ပြည်နယ်တွင် ၁ဝနေရာ၊ ဧရာ ဝတီတိုင်းဒေသကြီးတွင် ငါးနေရာ နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် နှစ် နေရာတို့တွင် လေစွမ်းအင်ဖြင့် လျှပ် စစ်မီးပေး၍ရကြောင်း ပြည်ထောင် စုဝန်ကြီးက ဆိုသည်။

Democracytoday ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment