Pages

Saturday, October 5, 2013

သတ္တုတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အတွင်း လုပ်သားတစ်ဦး ဓာတ်လိုက်သေဆုံး

RangonNewsDaily:: October. 5 .2013 
မန္တ လေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ် ကျည်တောက်ပေါက်ကျေး ရွာ သရက်ချောင်းရှိ သတ္တုတူး ဖော်ရေး ကုမ္ပဏီလုပ်ကွက်အတွင်း ၌ စက်တင်ဘာ၃ဝရက် နံနက်၁၀ နာရီ ၄၅မိနစ်ခန့်တွင် လုပ်သား တစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။ သတ္တုတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်း၌ လုပ်သားတစ် ဦး ဓာတ်လိုက်သေဆုံးကြောင်း သတင်းအရ နယ်မြေခံရဲစခန်း (လက်ပံလှ)စခန်းမှူး ရဲအုပ်မောင် မောင်ဌေးနှင့်အဖွဲ့က သက်သေ များနှင့်အတူ သွားရောက်စစ်ဆေး ရာ ဦးအဆာ ၃၃နှစ်ဖြစ်ပြီး ယာ လက်ချောင်း၊ ဝဲတံတောင် ဒူးပေါက် ပြဲ ဒဏ်ရာများဖြင့် သေ ဆုံးနေ ကြောင်း တွေ့ရှိရပြီး ၎င်းသည် အနက်၁၀၅ပေခန့်ရှိ အင်းအတွင်း ၌ လုပ်ဖော်ကိုင်ဖက်နှင့်အတူ လျှပ် စစ်မီးပြတ်တောက်၍ ဝိုင်ယာကြိုး အားပြင်ဆင်ရာမှ ဓာတ်လိုက်သေ ဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နယ် မြေခံရဲစခန်း(လက်ပံလှ)မှ သေမှု သေခင်းဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Yangon Media , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment