Pages

Thursday, November 21, 2013

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဇိုမီးလူမျိုး အမည်ဖြင့် ထည့်သွင်း ကောက်ယူပေးရန် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် တင်ပြထား

Photo: သန်းခေါင်စာရင်း ကောက်ယူရာတွင် ဇိုမီးလူမျိုး အမည်ဖြင့် ထည့်သွင်း ကောက်ယူပေးရန် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် တင်ပြထား
Thursday, November 21, 2013 

၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဇိုမီးလူမျိုးအမည်ဖြင့် ထည့်သွင်း ကောက်ယူပေးရန် သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရသည်။

လက်ရှိ သတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှ ချင်းတိုင်းရင်းသား အုပ်စုထဲတွင် လူမျိုး ၅၃ မျိုး ပါဝင်သည့်အထဲ၌ ဇိုဟူသော လူမျိုးအမည်သာ ပါဝင်သည့်အတွက် ဇိုမီးဟူသော အမည်ကို ထည့်သွင်းပေးရန် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ယင်းအချက်အပြင် ချင်းလူမျိုး ၅၃ မျိုးမှာ အမှန်တကယ် အရေအတွက် မဟုတ်သည့် အကြောင်းကိုလည်း ထည့်သွင်း တင်ပြထားကြောင်းလည်း သိရသည်။

"ကျွန်တော်တို့ကတော့ ၂၀၁၄ မတ်လကနေ ဧပြီလအထိက သန်းခေါင်စာရင်း ကောက်တော့မှာကိုး။ အဲဒီအချိန် ကျွန်တော်တို့ ဇိုမီးလို့ ကိုယ့်ဟာကိုယ် ခေါ်တဲ့သူတွေက ဇိုမီးလို့ပဲ ရေးခွင့်ပေးဖို့ သန်းခေါင်စာရင်းနဲ့ သက်ဆိုင်တဲ့ ဌာနအသီးသီးကို အကြောင်းကြားထားတာတွေ ရှိပါတယ်။ တစ်လလောက်တော့ ရှိသွားပြီ။ လူမျိုးဆိုပြီး သူတို့က နေရာလေးတစ်ခု ပေးထားမှာကိုး။ အဲဒီမှာ လူမျိုးနေရာမှာ ဇိုမီးလို့ တပ်ခွင့်ပေးဖို့။ အဲဒါပါပဲ။ တရားဝင် အကြောင်းပြန်တာ မလာသေးပေမယ့် စကားအနေနဲ့ ပြောထားတာတွေတော့ ရှိတယ်။ အခြေအနေကောင်းပါတယ်" ဟု ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ အန်တိုနီကပ်ခမ်းခွယ်က ပြောကြားသည်။

ချင်းလူမျိုး ၅၃ မျိုးဆိုသည်မှာ လုံးဝမဖြစ်သင့်ကြောင်းနှင့်၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူရာ၌ လူမျိုးနေရာတွင် 'ချင်း' ဟူ၍သာ ထည့်သွင်းရန် နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ လေးရက်ကြာ ပြုလုပ်ခဲ့သော ချင်းအမျိုးသား ညီလာခံ တက်ရောက်ခဲ့သူများက သဘောတူထားခဲ့ကြကြောင်း သိရသည်။

Eleven Media Group

RangonNewsDaily:: November . 21 .2013
၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဇိုမီးလူမျိုးအမည်ဖြင့် ထည့်သွင်း ကောက်ယူပေးရန် သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရသည်။ လက်ရှိ သတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှ ချင်းတိုင်းရင်းသား အုပ်စုထဲတွင် လူမျိုး ၅၃ မျိုး ပါဝင်သည့်အထဲ၌ ဇိုဟူသော လူမျိုးအမည်သာ ပါဝင်သည့်အတွက် ဇိုမီးဟူသော အမည်ကို ထည့်သွင်းပေးရန် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ယင်းအချက်အပြင် ချင်းလူမျိုး ၅၃ မျိုးမှာ အမှန်တကယ် အရေအတွက် မဟုတ်သည့် အကြောင်းကိုလည်း ထည့်သွင်း တင်ပြထားကြောင်းလည်း သိရသည်။

"ကျွန်တော်တို့ကတော့ ၂၀၁၄ မတ်လကနေ ဧပြီလအထိက သန်းခေါင်စာရင်း ကောက်တော့မှာကိုး။ အဲဒီအချိန် ကျွန်တော်တို့ ဇိုမီးလို့ ကိုယ့်ဟာကိုယ် ခေါ်တဲ့သူတွေက ဇိုမီးလို့ပဲ ရေးခွင့်ပေးဖို့ သန်းခေါင်စာရင်းနဲ့ သက်ဆိုင်တဲ့ ဌာနအသီးသီးကို အကြောင်းကြားထားတာတွေ ရှိပါတယ်။ 
 
တစ်လလောက်တော့ ရှိသွားပြီ။ လူမျိုးဆိုပြီး သူတို့က နေရာလေးတစ်ခု ပေးထားမှာကိုး။ အဲဒီမှာ လူမျိုးနေရာမှာ ဇိုမီးလို့ တပ်ခွင့်ပေးဖို့။ အဲဒါပါပဲ။ တရားဝင် အကြောင်းပြန်တာ မလာသေးပေမယ့် စကားအနေနဲ့ ပြောထားတာတွေတော့ ရှိတယ်။ အခြေအနေကောင်းပါတယ်" ဟု ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ အန်တိုနီကပ်ခမ်းခွယ်က ပြောကြားသည်။

ချင်းလူမျိုး ၅၃ မျိုးဆိုသည်မှာ လုံးဝမဖြစ်သင့်ကြောင်းနှင့်၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူရာ၌ လူမျိုးနေရာတွင် 'ချင်း' ဟူ၍သာ ထည့်သွင်းရန် နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ လေးရက်ကြာ ပြုလုပ်ခဲ့သော ချင်းအမျိုးသား ညီလာခံ တက်ရောက်ခဲ့သူများက သဘောတူထားခဲ့ကြကြောင်း သိရသည်။

Eleven Media,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment