Pages

Monday, March 25, 2013

ရန်ကုန်မြစ်အတွင်း ငါးသလောက်ပိုက်ဖော်ရာမှ ကျည်ဆံများတွေ့ရှိ

ရန်ကုန်- မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ခနောင်မီးခြစ်စက် ကျေးရွာအရှေ့ဘက် ၄ ဖာလုံခန့်အကွာ ရန်ကုန်မြစ်
အတွင်း မတ်၂၄ရက်နေ့လည်ကခနောင်မီးခြစ်ကျေးရွာနေ ကို-----(၂၆)နှစ်သည် ငါးသလောက်ပိုက်ဖော်စဉ် အလျား၊ အနံ ၆ လက်မခန့်ရှိ လေးထောင့်ပုံ ရွှံ့စေးတုံး ၁ တုံး ပိုက်အတွင်းပါလာသဖြင့် နေအိမ်သို့ယူဆောင်
သွားကြောင်းသတင်းအရဒလရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ရခိုင်ချောင်ရေတပ်ပင်မလက်နက်ခဲယမ်းမီးေ
ကျာက်တပ်မှ တပ်မတော်သားများက သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ ရေတပ်သင်္ဘောစက္ကလေးသုံး အသုံးပြု၍ရသည့် ဒဿမ ၅ အမျိုးအစားကျည်ဆံ ၆၉
 တောင့်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်ဒလရဲစခန်း၌ထိန်းသိမ်းထားပြီး သက်ဆိုင်ရာတပ်သို့အပ်နှံသွား
ရန်စီစဉ်ထားကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။t

Popular Myanmar News:,Rangonnewsdaily
RND:  :25.3.2013 

0 comments:

Post a Comment