Pages

Monday, March 25, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် စသောမြို့နယ်တို့တွင် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ဆိုင်များမဖွင့်ရန် ဒေသန္တရအမိန့်များ ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် စသောမြို့နယ်တို့တွင် ည ၉ နာရီမှနံနက်၅ နာရီအတွင်း ဆိုင်များမဖွင့်ရန် ဒေသန္တရအမိန့်များ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါအမိန့်များသည် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လုပ်ပိုင်ခွင့်အရ ထုတ်ပြန်နိုင်သော အမိန့်များဖြစ်သည်။ "ကျွန်မတို့ဆီမှာ ဆိုင်တွေကို လက်မှတ်ထိုးခိုင်းတယ်။ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ဆိုင်တွေမဖွင့်ဖို့ လက်မှတ်တွေ ထိုးခိုင်းတယ်"ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးကဆိုသည်။

မင်္ဂလာတောင်ညွန့်၊ပုဇွန်တောင်မြို့နယ်တွင်လည်းအလားတူအမိန့်ထုတ်ပြန်ထားပြီး မလိုလားအပ်ေ
သာ ပြဿနာများ မဖြစ်ပေါ်စေရန် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

"ဒီမြို့နယ်အတွင်းမှာရှိတဲ့ သပြေကုန်း၊ ရေတွင်းကုန်း၊ ဖို့မြေ၊ လွတ်လပ်ရေးရပ်ကွက်တွေမှာ ပြည်သူပါဝင်တဲ့ လုံခြုံရေးအစီအစဉ်တွေ ချမှတ်ထားတယ်။ လမ်းသူလမ်းသားတွေပါဝင်တဲ့ လုံခြုံရေးအစီအစဉ်တွေ လုပ်ထားတယ်။ အဓိကကတော့ လမ်းသူ၊ လမ်းသားတွေ စိတ်ချမ်းသာအောင် နေနိုင်ဖို့ပါ"ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။
7ays News:,Rangonnewsdaily
RND:  :25.3.2013 

0 comments:

Post a Comment