Pages

Monday, March 25, 2013

ညာင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာရှိ ဗလီအား အကြမ်းဖက်လိုသူ လူတစ်စုမှ ဗလီအား မီးရှို့ရန် ကြိုးပမ်းမှု မအောင်မြင်

မနေ့ညသန်းခေါင်ကျော်အချိန် (24.3.2013) နံနက်အမှောင်ထုတွင် ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာရှိ ဗလီအား မီးရှို့ရန် အကြမ်းဖက်လိုသူ လူတစ်စုမှကြိုးစားခဲ့ကြောင်း၊ ထိုသူများလာရောက်မီးရှို့ရန်ပြုလုပ်နေသည်ကို မိုင်းသောက်ဗလီအနီးရှိ အစောင့်များမှ သိရှိသွား၍ ဗလီအနီးနေ မွတ်စလင်မ်များနှင့် ရပ်ကွက်သားများအား အကူအညီတောင်းရာ လူများထွက်လာကျသဖြင့် ထိုသို့ မီးရှို့ရန်ပြင်ဆင်နေသော အကြမ်းဖက်လိုသူ လူတစ်စုသည် နောက်ဆုံး မိုင်းသောက်ဗလီတံခါးအား မီးရှို့၍ ထွက်ပြေးသွားကျကြောင်း သတင်းရရှိပါသည်။

ထိုသို့ ဗလီအား မီးရှို့ရန် အကြမ်းဖက်လိုသူများသည် မိုင်းသောက်ကျေးရွာနှင့် ပတ်ဝန်းကျင်ရွာများမှ ရွာသားများမဟုတ်ပဲ မိုင်းသောက်အနီး မကျည်းပင်ရွာပတ်ဝန်းကျင်တွင် အသိမ်းခံလယ်မြေများပေါ်၌ အသစ်တည်ဆောက်နေသော ဟိုတယ်ဇုန်စီမံကိန်းတွင် အလုပ်လာရောက်လုပ်ကိုင်နေကျသော အောက်ပြည်အောက်ရွာမှ အလုပ်သမားများဖြစ်နိုင်သည်ဟု သံသယဖြစ်မိကြောင်း၊ ဟိုတယ်ဇုန်တွင် အခြားဒေသမှ အလုပ်လာရောက်လုပ်ကိုင်နေသူ အလုပ်သမား (၃၀၀)ကျော်ရှိကြောင်း မိုင်းသောက်ကျေးရွာမှ တာဝန်ရှိလူကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ယခုအခါတွင် ညောင်ရွှေမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှလုံခြုံရေး စောင်ရွက်ပေးလျှက်ရှိပြီး၊ မိုင်းသောက်ကျေးရွာရှိ မွတ်စလင်မ်များနှင့်အတူ အကြမ်းဖက်မှုကို မလိုလားသော ဘိုးစဉ်ဘောင်ဆက်အတူနေ အင်းသားဗုဒ္ဓဘာသာဝင်များမှလည်း ပူးပေါင်းကာ လုံခြုံရေးအတွက် ပူးပေါင်းစောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

မိုင်းသောက်ဗလီသည် ရှမ်းပြည်နယ်အတွင်း ပထမဆုံးတည်ဆောက်ထားသော နှစ်ပေါင်း (၂၆၀)ကျော်ခန့် သက်တမ်းရှိသည့် ဗလီဝတ်ကျောင်းတော်ဖြစ်ပါတယ်။ မိုင်းသောက်ဗလီအတွင်း ရှေးဟောင်းလက်ရာနှင့်ပစ္စည်းများကို ယခုတိုင်တွေ့မြင်နိုင်ပါတယ်။
မိုင်းသောက်ဗလီကို တူရကီလူမျိုး အစ္စလာမ်ဘာသာဝင်များက ဦးဆောင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

မှတ်ချက် - ဓါတ်ပုံမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်မှ ရိုက်ကူးထားသော ဓါတ်ပုံဖြစ်ပါသည်။
M-Media
မှတ်ချက် - ဓါတ်ပုံမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်မှ ရိုက်ကူးထားသော ဓါတ်ပုံဖြစ်ပါသည်
မနေ့ညသန်းခေါင်ကျော်အချိန် (24.3.2013) နံနက်အမှောင်ထုတွင် ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာရှိ ဗလီအား မီးရှို့ရန် အကြမ်းဖက်လိုသူ လူတစ်စုမှကြိုးစားခဲ့ကြောင်း၊ ထိုသူများလာရောက်မီးရှို့ရန်ပြုလုပ်နေသည်ကို မိုင်းသောက်ဗလီအနီးရှိ အစောင့်များမှ သိရှိသွား၍ ဗလီအနီးနေ မွတ်စလင်မ်များနှင့် ရပ်ကွက်သားများအား အကူအညီတောင်းရာ လူများထွက်လာကျသဖြင့် ထိုသို့ မီးရှို့ရန်ပြင်ဆင်နေသော အကြမ်းဖက်လိုသူ လူတစ်စုသည် နောက်ဆုံး မိုင်းသောက်ဗလီတံခါးအား မီးရှို့၍ ထွက်ပြေးသွားကျကြောင်း သတင်းရရှိပါသည်။ ထိုသို့ ဗလီအား မီးရှို့ရန် အကြမ်းဖက်လိုသူများသည် မိုင်းသောက်ကျေးရွာနှင့် ပတ်ဝန်းကျင်ရွာများမှ ရွာသားများမဟုတ်ပဲ မိုင်းသောက်အနီး မကျည်းပင်ရွာပတ်ဝန်းကျင်တွင် အသိမ်းခံလယ်မြေများပေါ်၌ အသစ်တည်ဆောက်နေသောဟိုတယ်ဇုန်စီမံကိန်းတွင် အလုပ်လာရောက်လုပ်ကိုင်နေကျသော အောက်
ပည်အောက်ရွာမှ အလုပ်သမားများဖြစ်နိုင်သည်ဟု သံသယဖြစ်မိကြောင်း၊ ဟိုတယ်ဇုန်တွင် အခြားဒေသမှ အလုပ်လာရောက်လုပ်ကိုင်နေသူအလုပ်သမား(၃၀၀)ကျော်ရှိကြောင်းမိုင်းသောက်ကျေးရွာမှ တာဝန်ရှိလူ
ကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။ 
 
ယခုအခါတွင် ညောင်ရွှေမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှလုံခြုံရေး စောင်ရွက်ပေးလျှက်ရှိပြီး၊ မိုင်းသောက်ကျေးရွာရှိ မွတ်စလင်မ်များနှင့်အတူ အကြမ်းဖက်မှုကို မလိုလားသော ဘိုးစဉ်ဘောင်ဆက်အတူနေ အင်းသားဗုဒ္ဓဘာသာဝင်များမှလည်း ပူးပေါင်းကာ လုံခြုံရေးအတွက် ပူးပေါင်းစောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

မိုင်းသောက်ဗလီသည် ရှမ်းပြည်နယ်အတွင်း ပထမဆုံးတည်ဆောက်ထားသော နှစ်ပေါင်း (၂၆၀)ကျော်ခန့် သက်တမ်းရှိသည့်ဗလီဝတ်ကျောင်းတော်ဖြစ်ပါတယ်။ မိုင်းသောက်ဗလီအတွင်း ရှေးဟောင်းလက်ရာနှင့်
ပစ္စည်းများကို ယခုတိုင်တွေ့မြင်နိုင်ပါတယ်။ မိုင်းသောက်ဗလီကို တူရကီလူမျိုး အစ္စလာမ်ဘာသာဝင်များက ဦးဆောင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

M-Media,Rangonnewsdaily
RND:  :25.3.2013

0 comments:

Post a Comment