Pages

Monday, March 25, 2013

"တပ်ကုန်းနဲ့အုတ်ဖိုမှာ အမည်မသိလူအုပ်စုတွေ ဝင်ရောက်မီးရှို့"

မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ဖျက်ဆီး
မှုတွေ ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။မန္တလေးတိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ(အ
နောရထာ)ရပ်ကွက် မှာ ပလီတစ်ခုအပါအဝင် အိမ်ငါးလုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ အဲဒီနေရာကို ရောက်ရှိ
နတဲ့ ရဲအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။ မနေ့ညမှာတော့ တပ်ကုန်းမြို့နယ်အတွင်းကို အမည်မသိ လူအုပ်စုတွေ ဝင်လာပြီး ရွာသစ်ကြီးကျေးရွာ(အ
န်ာရထာ ရပ်ကွက်)၊ဓညဝတီ ရပ်ကွက်နဲ့ဗိုလ်မင်းရောင် ရပ်ကွက်တွေမှာ ဆူပူမှုတွေ ဖြစ်ပွားအောင် လှုံ
ဆ်ာသွားတယ်လို့ တပ်ကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့က အရာရှိတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသဲကုန်းကျေးရွာမှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက်လာပြီး ရုန်းရင်း ဆန်ခတ်ဖြစ်အောင် လုပ်ဆောင်နေတာ ရှိတဲ့အတွက် နယ်မြေခံ စစ်တပ်အကူအညီနဲ့ သွားရောက်ထိန်းသိမ်း
နတယ်လို့ သာယာဝတီခရိုင်ရဲတပ်ဖွဲ့က RFA ကိုပြောပါတယ်။
 
RFA (Burmese),Rangonnewsdaily
RND:  :24.3.2013

 

0 comments:

Post a Comment