Pages

Thursday, August 15, 2013

အမေရိကန် ပြည်ထောင်စုရဲ့ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး ကဏ္ဍ လေ့လာရေး ခရီးစဉ်

United States Institute of Peace

RangonNewsDaily:: Aug 15, 2013

မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် အမေရိကန် ပြည်ထောင်စုကို မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရောက်ရှိနေကြပါတယ်။ ဒီအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ သုံးပတ်ကြာနေထိုင်ပြီး ဝါရှင်တန်ဒီစီ၊ ဘော်စတန်၊ နယူးအော်လင်းစ်နဲ့ လော့စ်အိန်ဂျယ်လစ် မြို့တွေကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

အဆိုပါ အဖွဲ့တွင် စစ်ကိုင်းတောင်ရိုးရှိ နိုင်ငံတကာ ဗုဒ္ဓဘာသာ သင်ကြားရေးဌာနက အရှင်ဦးသုန္ဒရ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော၊ ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးအဘူတာဟေရ် (ခ) ဦးသာအေး အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင် ဆော်သြရေးမှူး အလ်ဟာဂ်ျ ဦးအေးလွင် အပါဝင် ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန်စတဲ့ ဘာသာပေါင်းစုံမှ အဖွဲ့ဝင် ၈ ဦး ပါဝင်ကြောင်း သိရှိရပါတယ်။
 
M-Media , RangonNewsDaily
kolatt (Pabedan): 15.8.2013

0 comments:

Post a Comment