Pages

Thursday, August 15, 2013

လင်မယားချင်းစကားများစဉ် ခင်ပွန်းဖြစ်သူမှ ဇနီးသည်အား ဓါတ်ဆီဖြင့်ပက် မီးရှို့

ရန်ကုန်၊ သြဂုတ် ၁၅

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မင်္ဂလာဒုံမြို့နယ်နေဒေါ်မြင့်မြင့်သည်နေအိမ်တွင်ရှိနေစဉ် မြေးဖြစ်သူရောက်ရှိလာပြီး ၎င်း၏ မိခင်နှင့်ဖခင်တို့
စကားများရန်ဖြစ်နေ၍ လိုက်ကြည့်ပေးရန်ခေါ်သဖြင့် ၎င်းတို့နေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပြန်လည်နေရာချထားရေးရပ်ကွက်ရှိနေအိမ်သို့ လိုက်သွားခဲ့ပါသည်။ နေအိမ်သို့ရောက်ရှိစဉ် သမီးဖြစ်သူမ၀င်းဝင်းဆွေအား အိမ်နီးချင်းများမှဆေးလူးပေးနေသည်ကိုတွေ့ရ၍မြေမြန်းခဲ့ရာ ခင်ပွန်းဖြစ်သူ သိန်းဝင်း(ခ)သံနိုင်(ဘ)ဦးခင်မောင်နှင့်စကားများစဉ် ခင်ပွန်းဖြစ်သူမှ ဓါတ်ဆီနှင့်ပက်ကာ မီးရှို့ခဲ့၍ မျက်နှာဝဲဘက်ခြမ်း၊ ရင်ဘတ်၊ လက်နှစ်ဖက်နှင့်ပေါင်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ခြင်း
ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။

ဒဏ်ရာရသူ မ၀င်းဝင်းဆွေအား မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်တင်ပို့ကုသခဲ့ရသဖြင့် သိန်းဝင်း(ခ)သံနိုင်အားအရေးယူပေးရန်ဒေါ်မြင့်မြင့်မှတိုင်ကြားခဲ့၍ မင်္ဂလာဒုံမြို့မရဲစခန်း
(ပ)၅၀၉/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police ,  RangonNewsDaily
kolatt (Pabedan): 14.8.2013

0 comments:

Post a Comment