Pages

Monday, April 1, 2013

မင်္ဂလာဒိုး အနုပညာအင်အားစုမှ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ အတွက် ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့် ချီ

(ညိုမြ သံစဉ်အလိုက်)

(ခုခေတ်ချိန်ခါ အမတ်မင်းတို့မှာ ပျော်ရွှင်စရာ

လွှတ်တော် တက်တာ တကယ်အိပ်ငိုက်တယ် ရယ်ချင်စရာ..

အိုး.... ဇိမ်ပဲဗျာ.. ဇိမ်ပဲဗျာ... အနှိပ်ခန်းကို နေညိုရင် သွားမှာ...)၂


(ခေါင်း ခေါင်း ခေါင်း ညိတ်ပါ လွှတ်တော်ကြီးထဲမှာ

ဟုတ် ဟုတ် ဟုတ် ကဲ့ဗျာ.. လူကြီး အလိုကျသာ) ၂


(အမတ်မင်းဆိုတော့ လူမသိအောင်တော့ ခွက်ပုန်းခုတ်ရတာ

ညီမလေးတွေနဲ့ ကြိတ်ပုန်းခုတ်ရင်း ဆုံတွေ့ကြရတာ...)၂

ည ည အခါ အီ စီ ကလီ ပါ.. အမတ်မင်းကြီးတို့ ပျော်မြူးကြတဲ့ ခေတ်သစ်ဒီချိန်ခါ။


သံချပ်


အမတ်မင်းဆိုတာ ဘာလဲဗျာ.. သိရင်ပြောပြပါ... (လွှတ်တော်ထဲမှာ အိပ်ငိုက်ကြ အမတ်မင်းဆိုသဗျ)၂

အမတ်မင်းအလုပ်က ဘာလဲဗျာ.. သိရင်ပြောပြပါ.. (လက်ညှိုးလေးထောင် ခေါင်းညိတ်ကြ အမတ်မင်းပီသ)၂


လူထုယုံကြည် မဲထည့်ကာ အမတ်မင်းဖြစ်လာ.. (လူထုအကျိုး ဘာလဲဟေ့ အမတ်မင်းကြီးမေ့)၂

တိုင်းပြည်မဏ္ဍိုင် ထိန်းမတ်ထောင် အမတ်မင်းဦးဆောင် (ဥပဒေမသိ မဏ္ဍိုင်မသိ ဂိမ်းဆော့နေပါ၏)၂


လူထုခက်ခဲ တင်ပြတာ အမတ်မင်းဝန်တာ (အာစေးထည့်ကာ နှာစေး၍ ၀န်တာဆိုတာမေ့)၂

ကိုယ့်ဂုဏ်တန်ဖိုး သိမြင်စွမ်း အမတ်မင်းဝန်ထမ်း(တန်ဖိုးဆိုတာ တိုး ဖန်လား အကြံဖန် ခွင်လား)၂

ကိုထွန်းဝေ
ရေးသားပါတယ်။


desing Ko Myoe

၂၀၁၃မှာကျရောက်မယ့် မြန်မာရိုးရာ မဟာသင်္ကြန်အတွက်  မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ရဲရဲတောက်တေးသံချပ်များ တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့်မန်မာပြည်တွင်းမှအာင်ပွဲရအမျိုးသားဒီမိုကရေစီအဖွဲချုပ် ကိုထောက်ခံအားပေးနေသောမိဘပြည်သူများအတွက် စိတ်သောက ကင်းဝေး နိုင်စေရန် နှင့် ဒုက္ခ အပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ် ချက် ဖြင့် အစဉ်လာမပျက် တနှစ်တခေါက် အတို့ အထိ ရိ စရာ လေးများနှင့်မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊ ယခု နှစ်သံချပ်များကို ၊ကိုမျိုးသန့် ၊ကိုသောင်း၊ကိုအေးမင်းကို၊ ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊ 2013 တွင်လည်း ======

၁။ရိုးရာသင်္ကြန်
၂။အားလုံးကောင်းဖို့ ပြောင်းကြပါ
၃။ဖားတစ်ပိုင်း ငါးတစ်ပိုင်း
၎။ရိုဟင်ဂျာ
၅။အမတ်မင်း
၆။မပြောချင်ဘူး
၇။တိုကျိုသင်္ကြန်နဲ့ အိတ်ပေါက်ကြီး
၈။ဗမာစာသည် တို့ စာ
၉။အနုပညာစွမ်းအား
၁၀။ခေါင်းဆောင်ကောင်း
၁၁။နှစ်ကူးမင်္ဂလာ
စသည့်တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။

မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ 7 ရက်(7.4.2013)တွင်ကျင်းပမည်ဟု မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။

မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့်ဝေေ၀ဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက် စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီးကြည့် ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။

ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင် လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင် များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး ဦးမျိုး သန့်  08050632509 နှင့် ၊ ကိုထွန်းဝေ 07066369696 kotunwai@gmail.com , တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်းသိရှိရပါတယ်

ဗွီဒီယို.ရိုက်ကူးတည်းဖြတ် ကိုဇေယျာအောင် (ဂျပန်)
http://www.youtube.com/user/zayyar20283
http://www.youtube.com/user/kotunwai
ဒီနေရာတွင် ဒေါင့်လော့ယူပြီး ကြည့်ရှု့ နိုင်ပါတယ်။
(ညိုမြ သံစဉ်အလိုက်)

(ခုခေတ်ချိန်ခါ အမတ်မင်းတို့မှာ ပျော်ရွှင်စရာ

လွှတ်တော် တက်တာ တကယ်အိပ်ငိုက်တယ် ရယ်ချင်စရာ..

အိုး.... ဇိမ်ပဲဗျာ.. ဇိမ်ပဲဗျာ... အနှိပ်ခန်းကို နေညိုရင် သွားမှာ...)၂


(ခေါင်း ခေါင်း ခေါင်း ညိတ်ပါ လွှတ်တော်ကြီးထဲမှာ

ဟုတ် ဟုတ် ဟုတ် ကဲ့ဗျာ.. လူကြီး အလိုကျသာ) ၂


(အမတ်မင်းဆိုတော့ လူမသိအောင်တော့ ခွက်ပုန်းခုတ်ရတာ

ညီမလေးတွေနဲ့ ကြိတ်ပုန်းခုတ်ရင်း ဆုံတွေ့ကြရတာ...)၂

ည ည အခါ အီ စီ ကလီ ပါ.. အမတ်မင်းကြီးတို့ ပျော်မြူးကြတဲ့ ခေတ်သစ်ဒီချိန်ခါ။


သံချပ်


အမတ်မင်းဆိုတာ ဘာလဲဗျာ.. သိရင်ပြောပြပါ... (လွှတ်တော်ထဲမှာ အိပ်ငိုက်ကြ အမတ်မင်းဆိုသဗျ)၂

အမတ်မင်းအလုပ်က ဘာလဲဗျာ.. သိရင်ပြောပြပါ.. (လက်ညှိုးလေးထောင် ခေါင်းညိတ်ကြ အမတ်မင်းပီသ)၂


လူထုယုံကြည် မဲထည့်ကာ အမတ်မင်းဖြစ်လာ.. (လူထုအကျိုး ဘာလဲဟေ့ အမတ်မင်းကြီးမေ့)၂

တိုင်းပြည်မဏ္ဍိုင် ထိန်းမတ်ထောင် အမတ်မင်းဦးဆောင် (ဥပဒေမသိ မဏ္ဍိုင်မသိ ဂိမ်းဆော့နေပါ၏)၂


လူထုခက်ခဲ တင်ပြတာ အမတ်မင်းဝန်တာ (အာစေးထည့်ကာ နှာစေး၍ ၀န်တာဆိုတာမေ့)၂

ကိုယ့်ဂုဏ်တန်ဖိုး သိမြင်စွမ်း အမတ်မင်းဝန်ထမ်း(တန်ဖိုးဆိုတာ တိုး ဖန်လား အကြံဖန် ခွင်လား)၂

ကိုထွန်းဝေ
ရေးသားပါတယ်။


Design by: Ko Myo,
Credit by: ကိုထွန်းဝေ (ဂျပန်) နှင့် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများ
Posted by: Rangonnewsdaily (ကိုလတ်(ပန်ဘဲတန်း)
RND:1.4.2013
 

0 comments:

Post a Comment