Pages

Monday, April 1, 2013

အမေရိကန် လေတပ်မှ F-22 Raptor ကိုယ်ပျောက် တိုက်လေယာဉ်များအား တောင်ကိုရီးယားသို့ စေလွှတ်

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ အဆိုအရ တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု Operation Foal Eagle တွင် ပါဝင်ဆင်နွှဲရန် ကမ္ဘာ့ နည်းပညာအမြင့်ဆုံး တိုက်လေယာဉ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည့် F-22 Raptor များအား တောင်ကိုရီးယားသို့ တနင်္ဂနွေနေ့တွင် စေလွှတ်ခဲ့သည်ဟု သိရှိရသည်။

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေသည့် အချိန်နှင့် တိုက်ဆိုင်ပြီး F-22 Raptor များအား တောင်ကိုရီးယားရှိ အမေရိကန် လေတပ်စခန်းသို့ စေလွှတ် ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားရှိ အမေရိကန် စစ်ဌာနချုပ်ကမူ အဆိုပါ တိုက်လေယာဉ်များအား Operation Foal Eagle တွင် ပါဝင်ရန်သက်သက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဤ တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုအား နှစ်စဉ်ပြုလုပ်ပြီး ၁၉၅၃ ကိုရီးယားစစ်ပွဲ အပြီးတွငှ် စတင်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်ခ်ျလအတွင်းမှ စတင်ကာ မြောက်ကိုရီးယားမှ တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့အား ရာဇသံများ တစ်ခုပြီးတစ်ခုပေးကာ စစ်ရေးအရ ခြိမ်းခြောက်နေပြီး လွန်ခဲ့သည့် မတ်ခ်ျလ ၁၁ ရက်နေ့တွင် တောင်-မြောက်ကိုရီးယား အပြစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား တစ်ဖက်သတ် ဖျက်သိမ်းခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် သောကြာနေ့တွင်မူ မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံများနှင့် စစ်ပွဲကာလာအတွင်းသို့ ဝင်ရောက်ခဲ့ပြီဟု ကြေညာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန် စစ်စခန်းများအား ဒုံးလက်နက်များနှင့် ပစ်ခတ်တိုက်ခိုက် သွားမည်ဟု ခြိမ်းခြောက်ခဲ့ပြန်သည်။

အမေရိကန်နိုင်ငံ အနေဖြင့်လည်း မဟာမိတ်ဖြစ်သူ တောင်ကိုရီးယားအား စစ်ဖြစ်ပွားပါက အပြည့်အဝ ထောက်ပံကူညီ သွားမည်ကို သက်သေပြသည့် အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်ကြီးများအား မစ်ဇူရီပြည်နယ် လေတပ်စခန်းမှ တောင်ကိုရီးယားနိုင်ငံသို့ မိုင် ၆၀၀၀ ကျော် အသွား-အပြန် ခရီးအား စေလွှတ်ပြီး အင်အားပြသခဲ့သည်။
Myanmar Consumer Guide

Re-Post By ACM 1-4-2013
အေးချမ်းမွန် Credit & Copy From >> Zaw Mintun Zawmintun << Thank

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ အဆိုအရ တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေး
လေ့ကျင့်မှု Operation Foal Eagle တွင် ပါဝင်ဆင်နွှဲရန် ကမ္ဘာ့ နည်းပညာအမြင့်ဆုံး တိုက်လေယာဉ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည့် F-22 Raptor များအား တောင်ကိုရီးယားသို့ တနင်္ဂနွေနေ့တွင် စေလွှတ်ခဲ့သည်
ဟု သိရှိရသည်။
ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေသည့် အချိန်နှင့် တိုက်ဆိုင်ပြီး F-22 Raptor များအား တောင်ကိုရီးယားရှိ အမေရိကန် လေတပ်စခန်းသို့ စေလွှတ် ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားရှိ အမေရိကန် စစ်ဌာနချုပ်ကမူ အဆိုပါ တိုက်လေယာဉ်များအား Operation Foal Eagle တွင် ပါဝင်ရန်သက်သက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဤ တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုအား နှစ်စဉ်ပြုလုပ်ပြီး ၁၉၅၃ ကိုရီးယားစစ်ပွဲ အပြီးတွငှ် စတင်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်ခ်ျလအတွင်းမှ စတင်ကာ မြောက်ကိုရီးယားမှ တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့အား ရာဇသံများ တစ်ခုပြီးတစ်ခုပေးကာ စစ်ရေးအရ ခြိမ်းခြောက်နေပြီး လွန်ခဲ့သည့် မတ်ခ်ျလ ၁၁ ရက်နေ့တွင် တောင်-မြောက်ကိုရီးယား အပြစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား တစ်ဖက်သတ် ဖျက်သိမ်းခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် သောကြာနေ့တွင်မူ မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံများနှင့် စစ်ပွဲကာလာအတွင်းသို့ ဝင်ရောက်ခဲ့ပြီဟု ကြေညာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန် စစ်စခန်းများအား ဒုံးလက်နက်များနှင့် ပစ်ခတ်တိုက်ခိုက် သွားမည်ဟု ခြိမ်းခြောက်ခဲ့ပြန်သည်။

အမေရိကန်နိုင်ငံ အနေဖြင့်လည်း မဟာမိတ်ဖြစ်သူ တောင်ကိုရီးယားအား စစ်ဖြစ်ပွားပါက အပြည့်အဝ ထောက်ပံကူညီ သွားမည်ကို သက်သေပြသည့် အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်ကြီးများအား မစ်ဇူရီပြည်နယ် လေတပ်စခန်းမှ တောင်ကိုရီးယားနိုင်ငံသို့ မိုင် ၆၀၀၀ ကျော် အသွား-အပြန် ခရီးအား စေလွှတ်ပြီး အင်အားပြသခဲ့သည်။

Myanmar Consumer Guide, Rangonnewsdaily
RND:1.4.2013

0 comments:

Post a Comment