စပိန်နိုင်ငံမှလယ်သမားတစ်ဦးသည်နှစ်ပေါင်း၃ဝကျော်ကြာအသားငါးများအားဖိသိပ်ရာတွင် အသုံးပြုခဲ့သည့်
ကျောက်တုံးတစ်တုံးမှာစတာလင်ပေါင်၃ဒသမ၅သန်းတန်ကြေးရှိသံထည်ဥက္ကာခဲတစ်ခုအဖြစ် မမျှော်လင့်
ဘဲ တွေ့ရှိခဲ့ကြောင်း
သိရသည်။ ၄င်းဥက္ကာခဲအား
တွေ့ရှိခဲ့သူမှာ ဖော့စတီနို အဆန်ဆီ ယိုလိုပတ်ဇ် ဆိုသူ ဖြစ်ပြီး ၄င်းသည်
၁၉၈ဝ ပြည့်နှစ်က စီယူဒတ်ရီးယဲ ပြည်နယ် အနီး လယ်ကွင်း တစ်ခုတွင် ၄င်း၏
ဖခင်ဖြစ်သူနှင့် အတူ ရှိနေစဉ် အလေးချိန် ၁ဝဝ ကီလိုဂရမ်ရှိကျောက်တုံးတစ်တုံးအားတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၄င်းကျောက်တုံးသည် နိုင်ငံ၏
ပြည်တွင်းစစ်
ကြောင့်ကျန်ရစ်ခဲ့သောအကြွင်းအကျန်အဖြစ်လိုပတ်ဇ်ကယူဆခဲ့ပြီး၎င်းကျောက်တုံးအားအိမ်ရှေ့ ဆင်ဝင်
အောက်တွင်ဆယ်စုနှစ်သုံးခုကြာထားရှိခဲ့ကာနောက်ပိုင်းတွင်ဝက်ပေါင်ခြောက်ပြုလုပ်ရာတွင်အဆိုပါကျောက်
တုံးအား အသုံးပြုခဲ့သည်။
လိုပတ်ဇ်သည် ၂ဝ၁၁
ခုနှစ်တွင် ရုပ် မြင်သံကြားမှ ထုတ်လွှင့်သည့် စပိန် နိုင်ငံပေါ်သို့
ကျရောက်ခဲ့သော ဥက္ကာခဲအကြောင်းအားကြည့်ရှုခဲ့ပြီးနောက်ဘူမိဗေဒပညာရှင်ဂျူအန်ကားလို့စ်ဂတ် တာရက်ဇ်နှင့် တွေ့ဆုံခဲ့
သည်။ ထို့နောက်
၎င်းကျောက်တုံးအား ဂတ်တာရက်ဇ်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ခဲ့ပြီးနောက်
၎င်းသည် သမိုင်း မတင်မီ ကတည်းကပင် တည်ရှိခဲ့သော ဥက္ကာခဲ အဖြစ်
တွေ့ရှိခဲ့ကြသည်။
၎င်းဥက္ကာခဲသည် စပိန်နိုင်ငံတွင် ရှာဖွေ
တွေ့ရှိခဲ့သော ဥက္ကာခဲများ အနက် စတုတ္ထမြောက် ဥက္ကာခဲဖြစ်ပြီး ပထမဆုံးသော
ဥက္ကာခဲကို ၁၈၉၈ ခုနှစ်တွင် ကူဆာပြည်နယ် အနီး၌ လည်းကောင်း၊ ဒုတိယ တစ်ခဲအား
၁၉၁၂ ခုနှစ်တွင် ဂရာနာဒါ ပြည်နယ်၌ လည်းကောင်း၊ တတိယ တစ်ခဲအား ၁၉၅ဝ
ပြည့်နှစ်တွင် ဇာရာဂိုဇာ ပြည်နယ် အနီး၌ လည်းကောင်း အသီးသီး တွေ့ရှိခဲ့ခြင်း
ဖြစ်သည်။
မြ၀တီ, Rangonnewsdaily
RND:1.4.2013
![]() |
စပိန်နိုင်ငံမှလယ်သမားတစ်ဦးသည်နှစ်ပေါင်း၃ဝကျော်ကြာအသားငါးများအားဖိသိပ်ရာတွင် အသုံးပြုခဲ့သည့်
ကျောက်တုံးတစ်တုံးမှာစတာလင်ပေါင်၃ဒသမ၅သန်းတန်ကြေးရှိသံထည်ဥက္ကာခဲတစ်ခုအဖြစ် မမျှော်လင့်
ဘဲ တွေ့ရှိခဲ့ကြောင်း
သိရသည်။ ၄င်းဥက္ကာခဲအား
တွေ့ရှိခဲ့သူမှာ ဖော့စတီနို အဆန်ဆီ ယိုလိုပတ်ဇ် ဆိုသူ ဖြစ်ပြီး ၄င်းသည်
၁၉၈ဝ ပြည့်နှစ်က စီယူဒတ်ရီးယဲ ပြည်နယ် အနီး လယ်ကွင်း တစ်ခုတွင် ၄င်း၏
ဖခင်ဖြစ်သူနှင့် အတူ ရှိနေစဉ် အလေးချိန် ၁ဝဝ ကီလိုဂရမ်ရှိကျောက်တုံးတစ်တုံးအားတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၄င်းကျောက်တုံးသည် နိုင်ငံ၏
ပြည်တွင်းစစ်
ကြောင့်ကျန်ရစ်ခဲ့သောအကြွင်းအကျန်အဖြစ်လိုပတ်ဇ်ကယူဆခဲ့ပြီး၎င်းကျောက်တုံးအားအိမ်ရှေ့ ဆင်ဝင်
အောက်တွင်ဆယ်စုနှစ်သုံးခုကြာထားရှိခဲ့ကာနောက်ပိုင်းတွင်ဝက်ပေါင်ခြောက်ပြုလုပ်ရာတွင်အဆိုပါကျောက်
တုံးအား အသုံးပြုခဲ့သည်။
လိုပတ်ဇ်သည် ၂ဝ၁၁ ခုနှစ်တွင် ရုပ် မြင်သံကြားမှ ထုတ်လွှင့်သည့် စပိန် နိုင်ငံပေါ်သို့ ကျရောက်ခဲ့သော ဥက္ကာခဲအကြောင်းအားကြည့်ရှုခဲ့ပြီးနောက်ဘူမိဗေဒပညာရှင်ဂျူအန်ကားလို့စ်ဂတ် တာရက်ဇ်နှင့် တွေ့ဆုံခဲ့
လိုပတ်ဇ်သည် ၂ဝ၁၁ ခုနှစ်တွင် ရုပ် မြင်သံကြားမှ ထုတ်လွှင့်သည့် စပိန် နိုင်ငံပေါ်သို့ ကျရောက်ခဲ့သော ဥက္ကာခဲအကြောင်းအားကြည့်ရှုခဲ့ပြီးနောက်ဘူမိဗေဒပညာရှင်ဂျူအန်ကားလို့စ်ဂတ် တာရက်ဇ်နှင့် တွေ့ဆုံခဲ့
သည်။ ထို့နောက်
၎င်းကျောက်တုံးအား ဂတ်တာရက်ဇ်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ခဲ့ပြီးနောက်
၎င်းသည် သမိုင်း မတင်မီ ကတည်းကပင် တည်ရှိခဲ့သော ဥက္ကာခဲ အဖြစ်
တွေ့ရှိခဲ့ကြသည်။
၎င်းဥက္ကာခဲသည် စပိန်နိုင်ငံတွင် ရှာဖွေ တွေ့ရှိခဲ့သော ဥက္ကာခဲများ အနက် စတုတ္ထမြောက် ဥက္ကာခဲဖြစ်ပြီး ပထမဆုံးသော ဥက္ကာခဲကို ၁၈၉၈ ခုနှစ်တွင် ကူဆာပြည်နယ် အနီး၌ လည်းကောင်း၊ ဒုတိယ တစ်ခဲအား ၁၉၁၂ ခုနှစ်တွင် ဂရာနာဒါ ပြည်နယ်၌ လည်းကောင်း၊ တတိယ တစ်ခဲအား ၁၉၅ဝ ပြည့်နှစ်တွင် ဇာရာဂိုဇာ ပြည်နယ် အနီး၌ လည်းကောင်း အသီးသီး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

0 comments:
Post a Comment