Pages

Monday, April 1, 2013

ဟလာလ် အစားအစာ ဆိုတာ ဘာလဲ ? သိပ္ပံရှုထောင့်မှ သုံးသပ်ရအော

ဟလာလ် အစားအစာ ဆိုတာ ဘာလဲ ? သိပ္ပံရှုထောင့်မှ သုံးသပ်ရအောင်…

ဘိုဘို - သူငယ်ချင်း မင်းတို့မွတ်စလင်တွေပြောနေတဲ့ ဟလာလ် နဲ့ ဟရာမ်ဆိုတာ ဘာလဲ? ဘာကြောင့် ဒီလောက်အရေးတယူစဉ်းစားလိုက်နာတာလဲ?


မောင်မောင် -အေး သူငယ်ချင်း ငါရှင်းပြမယ်။ “ဟလာလ်” ဆိုတာ “ခွင့်ပြုထားခြင်း” ၊ “ဟရာမ်” ဆိုတာ “တားမြစ်ထားခြင်း”လို့ ရိုးရှင်းတဲ့ အဓိပ္ပါယ်ရတယ်။ ခွင့်ပြုထား၊ တားမြစ်ထားတဲ့အရာတွေကိုတော့ ကျမ်းမြတ်ကုရ်အာန်**  က နှစ်ပေါင်း ၁၄၀၀ ကျော်အရင်ကတည်းက ဖော်ပြထားတယ်။
**ကျမ်းမြတ်ကုရ်အာန်= တစ်ပါးတည်းသော ဖန်ဆင်းရှင်မှချပေးသော လူသားတို့အတွက် လမ်းညွန်ကျမ်း။


ဘိုဘို - ငါ့ကို ဥပမာ တစ်ခုလောက်ပြောပြမလား ?
မောင်မောင် -  ကောင်းပြီ သူငယ်ချင်း။ ဥပမာတစ်ခုပြောရရင် အစားအသောက်နဲ့ပတ်သက်လို့ ကျမ်းမြတ် ကုရ်အာန်မှာ ယုံကြည်သူတွေကို သွေးနှင့်သွေးခဲအမျိုးမျိုးကို စားသုံးခြင်းမှ တားမြစ်ထားတယ်။ ယခုအခါ သိပ္ပံနည်းကျစမ်းသပ် လေ့လာကြည့်တဲ့အခါ တိရိ စ္ဆာန်တွေရဲ့သွေးမှာ လူတွေရဲ့ကျန်းမာရေး ထိခိုက်စေတဲ့ ယူရစ်အက်ဆစ် အများအပြားပါဝင်ကြောင်းသိရတယ်။ ဒါကို သူငယ်ချင်းလည်း သိမှာပါ။

ဘိုဘို - အေး မင်းပြောတာမှန်တယ်။ ဒီ ယူရစ်အက်ဆစ်ဟာ လူသားတွေအတွက် အဆိပ်အတောက်ဖြစ် စေလို့ ခန္ဓာကိုယ်မှာရှိတဲ့ အဲဒီ အက်ဆစ် ၉၈% ကို ကျောက်ကပ်ကစစ်ထုတ်ပြီး ကျင်ငယ်အဖြစ် ဖယ်ရှား ပေးတယ်ဆိုတာ ငါသိတယ်။ 

မောင်မောင် - ဒါပေမဲ့ လူခန္ဓာကိုယ်မှာ အဲဒီ အက်ဆစ်တွေ အရမ်းများသွားရင် တော့ ကျောက်ကပ်ပါပျက်စီး နိုင်တယ်။ အခု အစ္စလာမ်က ခွင့်ပြုထားတဲ့ လူတွေရဲ့ကျန်းမာရေးအတွက်ကောင်းတဲ့ သားသတ်နည်းကို ဗဟုသုတအနေနဲ့ မျှဝေပေးမယ်နော်။

မောင်မောင် - ပထမဆုံး သားသတ်ရာမှာ သုံးတဲ့ ဓါးဟာ အရမ်းထက်ရမယ်။ သားသတ်ရာမှာလည်ပင်းမှ Jugular vein သွေးကြောကို တစ်ပါးတည်းသော ဖန်ဆင်းရှင်ရဲ့ နာမတော်ဆိုပြီး မြန်ဆန်စွာ ဖြတ်ရမယ်။ နာမတော်ဆိုပြီး ဦးနှောက်မှ နှလုံးသို့သွားတဲ့ သွေးကြောကို မြန်ဆန်စွာ တချက်တည်းဖြတ်ခြင်းဖြင့် နာကျင်မှု အာရုံဟာ ဦးနှောက်သို့မရောက်တော့ဘူး။ တိရိ စ္ဆာန်မှာ နာကျင်မှုမခံစားရတော့ဘူး။ အဲဒီ သွေးကြောကနေ ကြွက်သားမှသွေးများသွန်ထွက်လာတဲ့အတွက်ကြွက်သားများလျော့ပြီး  ကြုံ့လာလို့ တိရ စ္ဆာန်ရဲ့ခန္ဓာကိုယ်ရုန်းကန်တုန်ခါနေတာ တွေ့ရမယ်။ အဲဒီ တိရ စ္ဆာန်မှာ နာကျင်မှုခံစားရ/မရကို ဂျာမန်သုတေသီအဖွဲ့က လေ့လာခဲ့ကြတယ်။


ဘိုဘို- အဲဒါ ဘယ်လိုလေ့လာကြလဲ?

မောင်မောင် - ဂျာမနီရဲ့ ဟန်နိုဗာ တက္ကသိုလ်မှ ပရိုဖက်ဆာ Wihelm Schulze နှင့် ဒေါက်တာ Hazim တို့က ဒီအကြောင်းအရာကို သုတေသနစစ်ဆေးခဲ့ကြတယ်။

ဘိုဘို - ဟုတ်လား? အသေးစိတ်ပြောပြ မလား သူငယ်ချင်း ?

မောင်မောင် - ရပါတယ်။ သူတို့က သားသတ်ရာမှာသမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းများ (Captive Bolt Pistol Stunning) နှင့် အစ္စလာမ်က ခွင့်ပြုထားတဲ့ သားသတ်နည်း ကို စစ်ဆေးသုတေသနပြုခဲ့တယ်။ သားသတ်ရာမှာ သမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းတွေဟာ တိရ စ္ဆာန်မှာ နာကျင်မှုကို ပြင်းပြင်း ထန်ထန်ခံစားရပြီး အစ္စလာမ်က ခွင့်ပြုထားတဲ့ သားသတ်နည်းက နာကျင်မှုကင်းမဲ့နေတာကို တွေ့ရှိခဲ့ရတယ်။ အစ္စလာမ်က ပြဠာန်း ခွင့်ပြုထားတဲ့ သားသတ်နည်း စမ်းသပ်သုတေသနပြုရာမှာ ဒီလိုအဆင့်ဆင့်လုပ်ခဲ့တယ်။

၁) သားသတ်ပြီး ပထမသုံးစက္ကန့်မှာရတဲ့  EEG Graph ဟာ မသတ်ခင်ကအတိုင်းဘဲ ပြောင်းလဲမှု မရှိတာတွေ့ရတယ်။ ဒါဟာ သားကောင်ရဲ့ လည်သွေးကြောဖြတ်စဉ်နှင့် ဖြတ်ပြီးစအချိန်မှာ နာကျင်မှု တစ်စုံတစ်ရာမရှိကြောင်း ဖော်ပြနေပါတယ်။

၂)နောက်သုံးစက္ကန့်ကြာမှာတော့ EEG ရဲ့ဖော်ပြချက်အရ သားကောင်ဟာ သတိလစ်မေမျောမှု အခြေအနေသို့ လုံးဝရောက်ရှိနေပါတယ်။ ဒါဟာ သားကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဒလဟောထွက်နေတာကြောင့် ဖြစ်တယ်။

၃)အထက်ဖော်ပြတဲ့ ခြောက်စက္ကန့်အကြာမှာတော့ EEG မှ သုညအမှတ်သို့ပြနေတယ်။ဒါဟာနာကျင်မှု လုံးဝမရှိတာကို ပြနေတယ်။

၎)အဲဒီလို သားကောင်ရဲ့ ဦးနှောက်မှရရှိသော သတင်း (EEG) သုညအမှတ်သို့ရောက် ရှိသည့်တိုင်အောင် သားကောင်ရဲ့နှလုံးဟာတုန်နေဆဲဖြစ်နေပြီး ခန္ဓာကိုယ်၏ကြွက်သားများ ကျုံ့ပြီး ပိုမိုလှုပ်ရွလာတယ်။ (a reflex action of the spinal cord)
အဲဒီအချိန်မှာ သားကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများအများဆုံးထွက်ချိန်ဖြစ်ပြီး သန့်ရှင်းလတ်ဆက် သော အသားကိုရရှိစေပါတယ်။

ဘိုဘို- ဒါပေမယ့် ဒီလိုဘာကြောင့်ဖြစ်ရသလဲ?

မောင်မောင် -ငါသူုငယ်ချင်းကိုပြောပြဖို့ တစ်ခုမေ့ကျန်ခဲ့တယ်။ အဲဒါက သားကောင်ရဲ့ လည်ပင်းက သွေးကြော Jujular Vein ကိုဖြတ်တောက်လိုက်ပေမဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေနဲ့သွေးကြောတွေကို မထိခိုက်ဘူး ဆိုတာပဲ။

ဘိုဘို -ဒါဟာ အံ့သြစရာပဲ။

မောင်မောင် - ဟုတ်တယ် သူငယ်ချင်း။ အခြားသမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းကတော့ အခြားအင်္ဂါအစိတ်အပိုင်း တွေဖြစ်တဲ့ နှလုံး၊ အသဲ ၊ ဦးနှောက် စသဖြင့်တို့ကို ပျက်စီးစေပြီး သားကောင်ဟာလည်း ချက်ချင်း နာကျင်မှုခံရပြီး သေဆုံးသွားတယ်။ သွေးတွေကလဲသွေးကြောတွေထဲမှာ ကျက်သွားတယ်။ပြီးတော့ အသားထဲအထိသွေးတွေပျံနှံစေတယ်။ ဒီလိုကြောင့် အသားထဲကို ယူရစ်အက်ဆစ်တွေရောက်ပြီး ညစ်ညမ်းစေတယ်။အဆိပ်အတောက်ဖြစ်နိုင်တယ်။ ယခုလို သိပ္ပံပညာတိုးတက်လာတော့မှ သုတေသီပညာရှင်တွေက ဒါကိုသိလာကြတာ။

ဘိုဘို - အခုတော့ ငါသိပြီ။ အစ္စလာမ်က ပြဠာန်း ခွင့်ပြုထားတဲ့ သားသတ်နည်းဟာ တိရိ စ္ဆာန်တွေ ကိုယ်က သွေးကိုလုံးဝစီးထွက်စေပြီး အခြာအစိတ်အပိုင်းတွေကို မညစ်ညမ်းစေဘူး။ ဒါကြောင့်လူသားတွေအတွက် သင့်လျော်ဆုံးဖြစ်တယ်။ တိရိ စ္ဆာန်လည်း နာကျင်မှုမခံစားရဘူး။  

Reference

Deutoche Tieraerztkucge Wocheschrift (German Veterinary Weekly), Volume 85 (1978), pages 62-66.
English Translated by Dr. Sahib M. Bleher,Dip Trans MIL.

Burmese Translated by Shaheen Ansari

ဘိုဘို - သူငယ်ချင်း မင်းတို့မွတ်စလင်တွေပြောနေတဲ့ ဟလာလ် နဲ့ ဟရာမ်ဆိုတာ ဘာလဲ? ဘာကြောင့် ဒီလောက်အရေးတယူစဉ်းစားလိုက်နာတာလဲ?
မောင်မောင် -အေး သူငယ်ချင်း ငါရှင်းပြမယ်။ “ဟလာလ်” ဆိုတာ “ခွင့်ပြုထားခြင်း” ၊ “ဟရာမ်” ဆိုတာ “တားမြစ်ထားခြင်း”လို့ ရိုးရှင်းတဲ့ အဓိပ္ပါယ်ရတယ်။ ခွင့်ပြုထား၊ တားမြစ်ထားတဲ့အရာတွေကိုတော့ ကျမ်းမြတ်ကုရ်အာန်** က နှစ်ပေါင်း ၁၄၀၀ ကျော်အရင်ကတည်းက ဖော်ပြထားတယ်။
**ကျမ်းမြတ်ကုရ်အာန်= တစ်ပါးတည်းသော ဖန်ဆင်းရှင်မှချပေးသော လူသားတို့အတွက် လမ်းညွန်ကျမ်း။ ဘိုဘို - ငါ့ကို ဥပမာ တစ်ခုလောက်ပြောပြမလား ?
မောင်မောင် - ကောင်းပြီ သူငယ်ချင်း။ ဥပမာတစ်ခုပြောရရင် အစားအသောက်နဲ့ပတ်သက်လို့ ကျမ်းမြတ် ကုရ်အာန်မှာ ယုံကြည်သူတွေကို သွေးနှင့်သွေးခဲအမျိုးမျိုးကို စားသုံးခြင်းမှ တားမြစ်ထားတယ်။ ယခုအခါ သိပ္ပံနည်းကျစမ်းသပ် လေ့လာကြည့်တဲ့အခါ တိရိ စ္ဆာန်တွေရဲ့သွေးမှာ လူတွေရဲ့ကျန်းမာရေး ထိခိုက်စေတဲ့ ယူရစ်အက်ဆစ် အများအပြားပါဝင်ကြောင်းသိရတယ်။ ဒါကို သူငယ်ချင်းလည်း သိမှာပါ။

ဘိုဘို-အး မင်းပြောတာမှန်တယ်။ ဒီ ယူရစ်အက်ဆစ်ဟာ လူသားတွေအတွက် အဆိပ်အတောက်ဖြစ် စေလို့ ခန္ဓာကိုယ်မှာရှိတဲ့ အဲဒီ အက်ဆစ် ၉၈% ကို ကျောက်ကပ်ကစစ်ထုတ်ပြီး ကျင်ငယ်အဖြစ် ဖယ်ရှား ပေးတယ်ဆိုတာ ငါသိတယ်။

မောင်မောင်-ဒါပေမဲ့လူခန္ဓာကိုယ်မှာအဲဒီအက်ဆစ်တွေ အရမ်းများသွားရင် တော့ ကျောက်ကပ်ပါ
ပျက်စီး နိုင်တယ်။ အခု အစ္စလာမ်က ခွင့်ပြုထားတဲ့ လူတွေရဲ့ကျန်းမာရေးအတွက်ကောင်းတဲ့ သားသတ်နည်းကို ဗဟုသုတအနေနဲ့ မျှဝေပေးမယ်နော်။

မောင်မောင် - ပထမဆုံး သားသတ်ရာမှာ သုံးတဲ့ ဓါးဟာ အရမ်းထက်ရမယ်။ သားသတ်ရာမှာလည်ပင်းမှ Jugular vein သွေးကြောကို တစ်ပါးတည်းသော ဖန်ဆင်းရှင်ရဲ့ နာမတော်ဆိုပြီး မြန်ဆန်စွာ ဖြတ်ရမယ်။ နာမတော်ဆိုပြီး ဦးနှောက်မှ နှလုံးသို့သွားတဲ့ သွေးကြောကို မြန်ဆန်စွာ တချက်တည်းဖြတ်ခြင်းဖြင့် နာကျင်မှု အာရုံဟာ ဦးနှောက်သို့မရောက်တော့ဘူး။ တိရိ စ္ဆာန်မှာ နာကျင်မှုမခံစားရတော့ဘူး။ အဲဒီ သွေးကြောကနေ ကြွက်သားမှသွေးများသွန်ထွက်လာတဲ့အတွက်ကြွက်သားများလျော့ပြီး ကြုံ့လာလို့ တိရ စ္ဆာန်ရဲ့ခန္ဓာကိုယ်ရုန်းကန်တုန်ခါနေတာ တွေ့ရမယ်။ အဲဒီ တိရ စ္ဆာန်မှာ နာကျင်မှုခံစားရ/မရကို ဂျာမန်သုတေသီအဖွဲ့က လေ့လာခဲ့ကြတယ်။


ဘိုဘို- အဲဒါ ဘယ်လိုလေ့လာကြလဲ?

မောင်မောင် - ဂျာမနီရဲ့ ဟန်နိုဗာ တက္ကသိုလ်မှ ပရိုဖက်ဆာ Wihelm Schulze နှင့် ဒေါက်တာ Hazim တို့က ဒီအကြောင်းအရာကို သုတေသနစစ်ဆေးခဲ့ကြတယ်။

ဘိုဘို - ဟုတ်လား? အသေးစိတ်ပြောပြ မလား သူငယ်ချင်း ?

မောင်မောင် - ရပါတယ်။ သူတို့က သားသတ်ရာမှာသမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းများ (Captive Bolt Pistol Stunning) နှင့် အစ္စလာမ်က ခွင့်ပြုထားတဲ့ သားသတ်နည်း ကို စစ်ဆေးသုတေသနပြုခဲ့တယ်။ သားသတ်ရာမှာ သမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းတွေဟာ တိရ စ္ဆာန်မှာ နာကျင်မှုကို ပြင်းပြင်း ထန်ထန်ခံစားရပြီးအစ္စလာမ်ကခွင့်ပြုထားတဲ့သားသတ်နည်းက နာကျင်မှုကင်းမဲ့နေတာကို တွေ့ရှိခဲ့ရတယ်။ အစ္စလာမ်ကပြဠာန်းခွင့်ပြုထားတဲ့ သားသတ်နည်း စမ်းသပ်သုတေသနပြုရာမှာ ဒီလိုအဆင့်ဆင့်လုပ်ခဲ့တယ်။

၁) သားသတ်ပြီး ပထမသုံးစက္ကန့်မှာရတဲ့ EEG Graph ဟာ မသတ်ခင်ကအတိုင်းဘဲ ပြောင်းလဲမှု မရှိတာတွေ့ရတယ်။ ဒါဟာ သားကောင်ရဲ့ လည်သွေးကြောဖြတ်စဉ်နှင့် ဖြတ်ပြီးစအချိန်မှာ နာကျင်မှု တစ်စုံတစ်ရာမရှိကြောင်း ဖော်ပြနေပါတယ်။

၂)နောက်သုံးစက္ကန့်ကြာမှာတော့ EEG ရဲ့ဖော်ပြချက်အရ သားကောင်ဟာ သတိလစ်မေမျောမှု အခြေအနေသို့ လုံးဝရောက်ရှိနေပါတယ်။ ဒါဟာ သားကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဒလဟောထွက်နေတာကြောင့် ဖြစ်တယ်။

၃)အထက်ဖော်ပြတဲ့ ခြောက်စက္ကန့်အကြာမှာတော့ EEG မှ သုညအမှတ်သို့ပြနေတယ်။ဒါဟာနာကျင်မှု လုံးဝမရှိတာကို ပြနေတယ်။

၎)အဲဒီလို သားကောင်ရဲ့ ဦးနှောက်မှရရှိသော သတင်း (EEG) သုညအမှတ်သို့ရောက် ရှိသည့်တိုင်အောင် သားကောင်ရဲ့နှလုံးဟာတုန်နေဆဲဖြစ်နေပြီး ခန္ဓာကိုယ်၏ကြွက်သားများ ကျုံ့ပြီး ပိုမိုလှုပ်ရွလာတယ်။ (a reflex action of the spinal cord) အဲဒီအချိန်မှာ သားကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများအများဆုံးထွက်ချိန်ဖြစ်ပြီး သန့်ရှင်းလတ်ဆက် သော အသားကိုရရှိစေပါတယ်။

ဘိုဘို- ဒါပေမယ့် ဒီလိုဘာကြောင့်ဖြစ်ရသလဲ?

မောင်မောင်-ငါသူုငယ်ချင်းကိုပြောပြဖို့တစ်ခုမေ့ကျန်ခဲ့တယ်။အဲဒါကသားကောင်ရဲ့လည်ပင်းက သွေးကြော
 Jujular Vein ကိုဖြတ်တောက်လိုက်ပေမဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေနဲ့သွေးကြောတွေကို မထိခိုက်ဘူး ဆိုတာပဲ။

ဘိုဘို -ဒါဟာ အံ့သြစရာပဲ။

မောင်မောင်-ဟုတ်တယ်သူငယ်ချင်း။အခြားသမရိုးကျရိုက်နှက်သတ်ဖြတ်နည်းကတော့ အခြားအင်္ဂါအစိတ်
အပိုင်း တွေဖြစ်တဲ့ နှလုံး၊ အသဲ ၊ ဦးနှောက် စသဖြင့်တို့ကို ပျက်စီးစေပြီး သားကောင်ဟာလည်း ချက်ချင်း နာကျင်မှုခံရပြီး သေဆုံးသွားတယ်။ သွေးတွေကလဲသွေးကြောတွေထဲမှာ ကျက်သွားတယ်။ပြီးတော့ အသားထဲအထိသွေးတွေပျံနှံစေတယ်။ဒီလိုကြောင့်အသားထဲကိုယူရစ်အက်ဆစ်တွေရောက်ပြီး ညစ်ညမ်းစေ
တယ်။အဆိပ်အတောက်ဖြစ်နိုင်တယ်။ ယခုလို သိပ္ပံပညာတိုးတက်လာတော့မှ သုတေသီပညာရှင်တွေက ဒါကိုသိလာကြတာ။

ဘိုဘို-အခုတော့ ငါသိပြီ။ အစ္စလာမ်က ပြဠာန်း ခွင့်ပြုထားတဲ့ သားသတ်နည်းဟာ တိရိ စ္ဆာန်တွေ ကိုယ်ကသွေးကိုလုံးဝစီးထွက်စေပြီးအခြာအစိတ်အပိုင်းတွေကိုမညစ်ညမ်းစေဘူး။ ဒါကြောင့်လူသားတွေအ
တွက် သင့်လျော်ဆုံးဖြစ်တယ်။ တိရိ စ္ဆာန်လည်း နာကျင်မှုမခံစားရဘူး။

Reference

Deutoche Tieraerztkucge Wocheschrift (German Veterinary Weekly), Volume 85 (1978), pages 62-66.
English Translated by Dr. Sahib M. Bleher,Dip Trans MIL.


Burmese Translated by Shaheen Ansari
Rangonnewsdaily
RND:1.4.2013

0 comments:

Post a Comment