Pages

Monday, January 7, 2013

Google အမှုဆောင်ဥက္ကဋ္ဌ မြောက်ကိုရီးယားသို့ သွားရောက်

Google အမှုဆောင်ဥက္ကဋ္ဌ မြောက်ကိုရီးယားသို့ သွားရောက်

အင်တာနက်နည်းပညာ ကုမ္ပဏီကြီး Google ၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Eris Schmidt သည် မြောက်ကို
ရီးယားနိုင်ငံသို့ ပုဂ္ဂိုလ်ရေး အလည်အပတ်အဖြစ် ယနေ့သွားရောက်ခဲ့ရာစီးပွားရေးနှင့် လူမှုဆက်သွယ်ရေး
ကွန်ရက်တွင် အထူးစိတ်ဝင်တစား စောင့်ကြည့်သည့် သတင်းဖြစ်လာသည်။
အမေရိကန်အစိုးရကလည်းGoogle ဥက္ကဋ္ဌ၏ မြောက်ကိုရီးယားခရီးစဉ်ကိုသတိထား၍ စောင့်ကြည့်နေသည်။


(နယူးမက္ကစီကိုပြည်နယ် အုပ်ချုပ်ရေးမှူး ဘီလ်ရစ်ချတ်ဆန်နှင့် Eris Schmidt)
Eris Schmidt သည် မြောက်ကိုရီးယားသို့ သွားရောက်သည့် ပထမဆုံး ထင်ရှားကျော်ကြားမှုအရှိဆုံး အမေရိ
ကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် နယူးမက္ကစီကိုပြည်နယ် အုပ်ချုပ်ရေးမှူး ဘီလ်
ရစ်ချတ်ဆန်နှင့်အတူ Air China လေကြောင်းလိုင်းဖြင့် မြောက်ကိုရီးယားသို့ ရောက်ရှိလာကြောင်း သိရှိရ
သည်။

ဘီလ်ရစ်ချတ်ဆန်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း မြောက်ကိုရီးယာနိုင်သို့ ၆ ကြိမ်ထက်မကသွား
ရောက်ခဲ့ဖူးသူဖြစ်သည်။

Planet Myanmar Network:

0 comments:

Post a Comment