Pages

Monday, January 7, 2013

လူမှုဖူလုံရေးစီမံကိန်း ရုံးလုပ်ငန်းများကို ICT နည်းပညာအသုံးပြုပြီး ကွန်ပြူတာပရိုဂရမ်များ စတင်ကျင့်သုံးးသွားတော့မည်


"လူမှုဖူလုံရေးစီမံကိန်း ရုံးလုပ်ငန်းများကို ICT နည်းပညာအသုံးပြုပြီး ကွန်ပြူတာပရိုဂရမ်များ စတင်ကျင့်သုံးးသွားမည် ဟုဆို”

နေပြည်တော်၊ ဇန်န၀ါရီ ၇
အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ e-Government အကောင်အထည်ဖော်ဆောင်မှု အစီအစဉ်အရ လူမှုဖူလုံရေးစီမံကိန်း
ရုံးလုပ်ငန်းများကို ICT နည်းပညာအသုံးပြုပြီး ကွန်ပြူတာပရိုဂရမ်များဖြင့်စတင်ဆောင်ရွက်သွားမည်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးကပြောသည်။

အလုပ်သမားဝန်ကြီးဌာနမှ ယင်းကွန်ပြူတာစနစ်ကို ၁၉၇၉ခုနှစ်တွင်တစ်ကြိမ်၊၂၀၀၅ခုနှစ်တွင်တစ်ကြိမ်ပြုလုပ်ခဲ့ရာ အောင်မြင်မှုမရှိခဲ့ဘဲ ယခုတစ်ကြိမ်ပြုလုပ်ရန် ၂၀၀၈ ခုနှစ်အောက်တိုဘာလမှစတင်၍ အသစ်ရေးဆွဲမည့် ပရိုဂရမ်များကို နိုင်ငံတကာစံချိန်စံညွှန်းမှီ၊ မြန်မာနိုင်ငံတွင်ကျင့်သုံးနေသည့် လူမှုဖူ
လုံရေးစနစ်နှင့် အဆင်ပြေနိုင်မည့် ပရိုဂ၇မ်းများဖြစ်စေရေးအတွက် မြန်မာနိုင်ငံကွန်ပြူတာအသင်းမှ ပညာရှင်များနျင့် တိုင်ပင်ဆွေးနွေးအကြံဥာဏ်ရယူကာဆက်လက်
ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောကြာသည်။

ပထမအကြိမ်နှင့်ဒုတိယအကြိမ် များတွင်ပြုလုပ်ခဲ့သော်လည်းအောင်မြင်မှုမရှိခဲ့ခြင်းမှာ ကွန်ပြူတာ Programme စနစ်ကိုနောက်ပိုင်း Update
ပြုလုပ်နိုင်ခြင်းမရှိသည့်ပြင်အာမခံအလုပ်သမားများ၏ အာမခံအမှတ်များ၊အလုပ်ရှင်အမှတ်များ ထုပ်ပေးရာတွင် မှားယွင်းမှုများရှိနေပြီး အဆိုပါမှားယွင်းမှုသည် လက်
ရှိအခြေအနေတွင် ပြဿနာမရှိသော်လည်း ဥပဒေအသစ်အရ သက်ကြီးပင်စင်နှင့် အလုပ်လက်မဲ့ အကျိုးခံစားခွင့် များအတွက် စဉ်းစားလုပ်ဆောင်သည့်အချိန်တွင် များ
စွာ အခက်အခဲကြုံတွေ့လာနိုင်ကြောင်း၊၂၀၀၅ ခုနှစ်ကြိုးပမ်းမှုတွင်အောင်မြင်မှုမရှိခဲ့ခြင်းမှာလည်းData Entry သွင်းခြင်းကို ပီပြင်အောင် မဆောင်ရွက်နိုင်ခြင်း၊ပြန်
လည်စီစစ်မှု မပြုလုပ်နိုင်ခြင်း၊ Error များစီစစ်မှုလစ်ဟင်းခြင်းများအပြင် ကျွမ်းကျင်ဝန်ထမ်းနည်းပါးခြင်းများကြောင့်ပင်ဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာ့ဝန်ကြီးဌာနများရှိ အာမခံခအလုပ်သမားအရေအတွက်မှာ စက်မှုဝန်ကြီးဌာနတွင် အာမခံ အလုပ်သမား(၁၉၄၁)ဦး၊စွမ်းအင် ၀န်ကြီးဌာနတွင် အာမခံလုပ်သား(၁၇၆၁)ဦး၊ လျှပ်စစ်
စွမ်းအားဝန်ကြီးဌာနတွင် အာမခံလုပ်သား(၁၃၅၁)ဦး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတွင် အာမခံလုပ်သား(၉၇၂)ဦး၊ အလုပ်သမား ၀န်ကြီးဌာနတွင်အာမခံလုပ်သား(၅၃၁)ဦး၊
သတ္တုတွင်းဝန်ကြီးဌာနတွင် အာမခံလုပ်သား(၁၉၈)ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာနတွင်အာမခံလုပ်သား(၈၉)ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် အာမခံလုပ်သား(၁၆၆)ဦး၊
ပြန်ကြားရေးဝန်ကြီးဌာနတွင် အာမခံလုပ်သား(၆၅)ဦး နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်အာမခံလုပ်သား(၅၀)ဦး တို့ရှိကြောင်းသိရသည်။
စွမ်းရဲထွဋ်

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

နေပြည်တော်၊ ဇန်န၀ါရီ ၇

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ e-Government အကောင်အထည်ဖော်ဆောင်
မှု အစီအစဉ်အရ လူမှုဖူလုံရေးစီမံကိန်းရုံးလုပ်ငန်းများကို ICT နည်းပညာအသုံးပြုပြီး ကွန်ပြူတာပရိုဂရမ်များ
ဖင့်စတင်ဆောင်ရွက်သွားမည်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးကပြောသည်။ အလုပ်သမားဝန်ကြီးဌာနမှယင်းကွန်ပြူတာစနစ်ကို၁၉၇၉ခုနှစ်တွင်တစ်ကြိမ်၊၂၀၀၅ခုနှစ်တွင်တစ်ကြိမ်ပြု
လုပ်ခဲ့ရာ အောင်မြင်မှုမရှိခဲ့ဘဲ ယခုတစ်ကြိမ်ပြုလုပ်ရန် ၂၀၀၈ ခုနှစ်အောက်တိုဘာလမှစတင်၍ အသစ်ရေး
ဆွဲမည့် ပရိုဂရမ်များကို နိုင်ငံတကာစံချိန်စံညွှန်းမှီ၊ မြန်မာနိုင်ငံတွင်ကျင့်သုံးနေသည့် လူမှုဖူလုံရေးစနစ်နှင့် 
အဆင်ပြေနိုင်မည့် ပရိုဂ၇မ်းများဖြစ်စေရေးအတွက် မြန်မာနိုင်ငံကွန်ပြူတာအသင်းမှ ပညာရှင်များနျင့် တိုင်
ပင်ဆွေးနွေးအကြံဥာဏ်ရယူကာဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်ကဆက်လက်
ပြာကြာသည်။

ပထမအကြိမ်နှင့်ဒုတိယအကြိမ်များတွင်ပြုလုပ်ခဲ့သော်လည်းအောင်မြင်မှုမရှိခဲ့ခြင်းမှာကွန်ပြူတာProgramme
စနစ်ကိုနောက်ပိုင်း Updateပြုလုပ်နိုင်ခြင်းမရှိသည့်ပြင်အာမခံအလုပ်သမားများ၏ အာမခံအမှတ်များ၊အလုပ်
ရှင်အမှတ်များ ထုပ်ပေးရာတွင်မှားယွင်းမှုများရှိနေပြီးအဆိုပါမှားယွင်းမှုသည်လက်ရှိအခြေအနေတွင် ပြဿ
နာမရှိသော်လည်း ဥပဒေအသစ်အရ သက်ကြီးပင်စင်နှင့် အလုပ်လက်မဲ့ အကျိုးခံစားခွင့် များအတွက် စဉ်း
စားလုပ်ဆောင်သည့်အချိန်တွင်များစွာအခက်အခဲကြုံတွေလာနိုင်၂၀၀၅ ခုနှစ်ကြိုးပမ်းမှုတွင်အောင်မင်မှုမရှိ
ခဲ့ခြင်းမှာလည်းData Entry သွင်းခြင်းကို ပီပြင်အောင် မဆောင်ရွက်နိုင်ခြင်း၊ပြန်လည်စီစစ်မှု မပြုလုပ်နိုင်ခြင်း
၊ Error များစီစစ်မှုလစ်ဟင်းခြင်းများအပြင် ကျွမ်းကျင်ဝန်ထမ်းနည်းပါးခြင်းများကြောင့်ပင်ဖြစ်ကြောင်း သိရ
သည်။

လက်ရှိမြန်မာ့ဝန်ကြီးဌာနများရှိ အာမခံခအလုပ်သမားအရေအတွက်မှာ စက်မှုဝန်ကြီးဌာနတွင် အာမခံ အ
လုပ်သမား(၁၉၄၁)ဦး၊စွမ်းအင်ဝန်ကြီးဌာနတွင်အာမခံလုပ်သား(၁၇၆၁)ဦး၊လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင်
အာမခံလုပ်သား(၁၃၅၁)ဦး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတွင် အာမခံလုပ်သား(၉၇၂)ဦး၊အလုပ်သမားဝန်
ကြီးဌာနတွင်အာမခံလုပ်သား(၅၃၁)ဦး၊သတ္တုတွင်းဝန်ကြီးဌာနတွင် အာမခံလုပ်သား(၁၉၈)ဦး၊နယ်စပ်ရေးရာ
ဝန်ကြီးဌာနတွင်အာမခံလုပ်သား(၈၉)ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် အာမခံလုပ်သား(၁၆၆)ဦး၊ပြန်ကြား
ရးဝန်ကြီးဌာနတွင် အာမခံလုပ်သား(၆၅)ဦး နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်အာမခံလုပ်သား(၅၀)ဦး တို့ရှိကြောင်းသိရသည်။

စွမ်းရဲထွဋ်
 
Popular Myanmar News

0 comments:

Post a Comment