Pages

Monday, January 7, 2013

အိန္ဒိယ နိုင်ငံ၌ တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သူ ခုနစ်ဦး ဖမ်းဆီးရမိ

အိန္ဒိယ နိုင်ငံ၌ တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သူ ခုနစ်ဦး ဖမ်းဆီးရမိ

အိန္ဒိယ နိုင်ငံ ကာနာတာကာ ပြည်နယ် ရာမန် နဂါရာမြို့၌ မကြာသေးမီ ရက်ပိုင်း အတွင်းက တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ ခုနစ်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ တရားခံ ခုနစ်ဦးအား အိန္ဒိယ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ၁၉၉၄ ခုနှစ်က ချမှတ်ခဲ့သည့် လူသားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်း များအား တရားမဝင် အစားထိုး ကုသခြင်း ဆိုင်ရာ ဥပဒေများ အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအဖွဲ့အား ဖမ်းဆီးနိုင်ရန် အတွက် အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ လုပ်ဆောင် ခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ အကြီးအကဲ တစ်ဦးက ပြောကြားခဲ့သည်။

အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့သည် ၎င်းကျောက်ကပ် အစားထိုး လုပ်ငန်းတွင် ပါဝင်ခဲ့သည့် တရားမဝင် ဂိုဏ်းတစ်ခုမှ လူနှစ်ဦးအား ပုဂ္ဂလိက ဆေးရုံများမှ သိမ်းဆည်း ရမိသော သတင်းအချက် အလက်နှင့် အထောက် အထားများ အရ ရှေးဦးစွာ ဖမ်းဆီး မိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အထူး စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့သည် ကျန်ရှိသော တရားခံ ငါးဦးအား သဲလွန်စ များပေါ် အခြေခံ၍ နှစ်ဦးချင်းစီ စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်က ဖမ်းဆီး မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3767-2013-01-07-10-27-50

အိန္ဒိယ နိုင်ငံ ကာနာတာကာ ပြည်နယ် ရာမန် နဂါရာမြို့၌ မကြာသေးမီ ရက်ပိုင်း အတွင်းက တရားမဝင် 
ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ ခုနစ်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ တရားခံ ခုနစ်ဦးအား အိန္ဒိယ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ၁၉၉၄ ခုနှစ်က ချမှတ်ခဲ့သည့် လူသားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်း များအား တရားမဝင် အစားထိုး ကုသခြင်း ဆိုင်ရာ ဥပဒေများ အရ ဖမ်းဆီးခဲ့ခြင်း
 ဖြစ်ကြောင်း၊ ၎င်းအဖွဲ့အား ဖမ်းဆီးနိုင်ရန်တွက်အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ လုပ်ဆောင် 
ခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ အကြီးအကဲ တစ်ဦးက ပြောကြားခဲ့သည်။

အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့သည် ၎င်းကျောက်ကပ်အစားထိုးလုပ်ငန်းတွင်ပါဝင်ခဲ့သည့်တရားမဝင် ဂိုဏ်း

တစ်ခုမှ လူနှစ်ဦးအား ပုဂ္ဂလိက ဆေးရုံများမှ သိမ်းဆည်း ရမိသော သတင်းအချက် အလက်နှင့် အထောက် အထားများ အရ ရှေးဦးစွာ ဖမ်းဆီး မိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အထူး စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့သည် ကျန်ရှိသော တရားခံ ငါးဦးအား သဲလွန်စ များပေါ် အခြေ

ခံ၍ နှစ်ဦးချင်းစီ စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်က ဖမ်းဆီး မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment