Pages

Wednesday, January 30, 2013

နိုင်ငံတော်၏ လမ်းညွှန်မှုဖြင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးဆောင် ရွက်မည့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ မြေဧက ၂၂၀ ပေါ် တွင် တည်ဆောက် အကောင်အထည်ဖော်မည်

ဖော်မည့် ဧရာဝဏ် နှင့် ရတနာအိမ်ရာစီမံကိန်းများတွင် ပါဝင်မည့် အထပ်ပေါင်း ၁၈ ထပ်မြင့်
သော အထပ်မြင့်တိုက်များကို တည် ဆောက်ချိန်ကာလနှစ်နှစ်မှ သုံးနှစ်အတွင်း တည်ဆောက်
သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြေနှင့် အခွန်ဌာနခွဲမှ ညွှန်ကြားရေးမှူး
ဦးအောင်ကျော်ဦးမှ ဇန်န၀ါရီ ၂ ရက်နေ့တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ကနောင်ခန်းမတွင်
ကျင်းပသော ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတွင် မီဒီယာများအား အသိပေးပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းနှစ်ခုမှာ မြေဧက ၁၂၀ နှင့် မြေဧက ၁၀၀ ပေါ်တွင် အသီးသီး တည်ရှိကြပြီး
အခန်းအရေအတွက် စုစုပေါင်း ၁၇,၄၀၈  ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အိမ်ရာ
စီမံကိန်းများအတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယခု နှစ်ဇန်န၀ါရီ ၁ ရက်နေ့က
ပြုလုပ်ခဲ့သည်။

"ဒီအိမ်ရာစီမံကိန်းတွေကို တစ်နိုင်ငံလုံးအတွက် စံပြဖြစ်အောင် ဆောင်ရွက်ရမှာပါ၊ အိမ်ရာစီမံ
ကိန်းတွေမှာ ၁၈ ထပ် အမြင့်ရှိတဲ့ အထပ်မြင့်တိုက်တွေ ပါဝင်မှာဖြစ်ပြီးရေ၊ မီး၊ လျှပ်စစ်အပြင်
အခြား ပံ့ပိုးမှုအင်္ဂါရပ်တွေလည်း အပြည့်အစုံ ပါဝင်မှာ ဖြစ်ပါတယ်၊

"တိုက်ခန်းတစ်ခန်းမှာဆိုရင်အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်းနဲ့ မီးဖိုခန်းပါဝင်တယ်၊  အခန်းတစ်ခန်းကို
မိသားစုငါးဦးအတွက် ရည်ရွယ်တယ်၊ ဒီတော့ အခန်းအရေအတွက်နဲ့ တွက်လိုက်မယ်ဆိုရင်
မိသားစု ပေါင်းရှစ်သောင်းကျော်လာရောက်နေ ထိုင်လို့ရမယ်"ဟု ဦးအောင်ကျော်ဦးက
ပြောသည်။

မြေဧကကျယ်ပေါ်တွင် တည် ဆောက်သော အဆိုပါပြည်သူ့အိမ်ရာ စီမံကိန်းများကို ပံ့ပိုးမှု အင်္ဂါရပ်များပြည့်စုံ သော ခေတ်မီအိမ်ရာစီမံကိန်းများဖြစ် အောင် တည်ဆောက်မည်ဖြစ်ရာ
အဆိုပါ အိမ်ရာစီမံကိန်းများတွင် ဈေး၊ ဆေးရုံ၊ ကျောင်း၊ ကစားကွင်း၊ ပန်းခြံစသည်ဖြင့် ပံ့ပိုးမှု
အင်္ဂါရပ်များပြည့်စုံစွာပါရှိမည် ဖြစ်သည့်အတွက် နောင်အနာဂတ်တွင် လူဦးရေ ပိုမိုစည်ကား
လာမှုနှင့်အတူ မြို့ပြအင်္ဂါရပ်များ ပြည့်စုံစွာဖြင့် ဖွံ့ဖြိုးစည်ကားလာစေရန် ရည်ရွယ်ကြောင်း
လည်း ၎င်းကရှင်းလင်းပြောကြားခဲ့သည်။

သို့သော်လည်း အချက်တစ်ချက်အနေဖြင့် စီမံကိန်းဧရိယာတွင်ကျူးကျော်အိမ်များရှိနေသည်က
စီမံကိန်းလုပ်ငန်းများ စတင်လုပ်ကိုင်ရန် အတွက် အဓိကပြဿနာဖြစ်နေကြောင်းလည်း ၎င်းက
ပြောကြားခဲ့သည်။

"အိမ်ရာစီမံကိန်းတွေ တည်ဆောက် တော့မယ်ဆိုတဲ့အချိန်မှာ ကျူးကျော်ဆိုတဲ့ ပြဿနာက
ရှိလာတယ်၊ ဒဂုံဆိပ်ကမ်း ဧရိယာမှာ စက်မှုစီမံကိန်းတွေတည် ဆောက်လာကြတယ်၊ ဒီတော့
အလုပ် သမားတွေကို လုပ်ငန်းခွင်နဲ့နီးအောင် ဆိုပြီး စီမံကိန်းဧရိယာဝန်းကျင်မှာပဲနေ ထိုင်ခွင့်ပြု
ခဲ့တယ်၊ ဒါပေမယ့်စီမံကိန်း တွေလဲပြီးရော အလုပ်သမားတွေက  အခြားနေရာတွေကို မပြောင်း
ရွှေ့  ကြတော့ဘဲ ဆက်လက်နေထိုင်ခဲ့ကြတဲ့ အတွက် တရားမ၀င်ကျူးကျော်နေထိုင် တဲ့သူတွေ
ဒဂုံဆိပ်ကမ်းမြို့နယ်အနီးမှာ တဖြည်းဖြည်းနဲ့ များလာတာဖြစ်ပါတယ်"ဟု ဦးအောင်ကျော်ဦးက
ရှင်းပြခဲ့သည်။

ထို့ကြောင့်ပင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်အိမ်ရာနှင့် ရတနာအိမ်ရာ စီမံကိန်းဧရိယာအတွင်း
တရားမ၀င်၊ ခွင့်ပြုချက်မဲ့ ကျူးကျော်နေထိုင်လျက် ရှိသည့် ကျုး  ကျော်အိမ်ရာများအား ယခု
နှစ်၊ ဇန်န၀ါရီလ ၆ ရက်နေ့ နောက်ဆုံးထားဖျက်သိမ်းဖယ်ရှားပေးရန်ကြေညာ ချက်ထုတ်ပြန်
ထားကြောင်းလည်း ၎င်းက ပြောသည်။

စာရင်းများအရ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်တွင် ကျူးကျော်အိမ် ၃၃၈ လုံးရှိပြီး
၆၇ ရပ်ကွက် တွင် ၆၇၆ လုံးရှိကြောင်း သိရသည်။ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ဇန်န
ဝါရီ ၆ ရက်နေ့တွင် ဖယ်ရှားပေးခြင်း မရှိပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဖွဲ့သို့  ဆက်လက်
တင်ပြပြီး ဖျက်သိမ်းဖယ် ရှားရေးအတွက် ဆောင်ရွက်သွားမည် ဟု သိရှိရသည်။

အချက်တစ်ချက်အနေဖြင့် သိရှိရသည်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်သည်မြစ်၊  ချောင်းများနှင့်နီးသော
ကြောင့် မြေအမျိုးအစားမှာ နုန်းတင်မြေနု အမျိုးအစားဖြစ်သည့်အတွက် အထပ်ပေါင်း ၁၈
ထပ်အမြင့်ရှိ အထပ်မြင့် တိုက်များအတွက် Foundation & structural safety အတွက်
စိတ်ချရမှု ရှိစေရန် မြေစမ်းသပ်မှု soil  test  ကိုအချိန်ယူ၍သေချာစွာ စစ်ဆေးပြုလုပ်သွား
မည် ဖြစ်သည်။

ထိုအတွက်အထပ်မြင့် အဆောက်အအုံများ ကြီးကြပ်စစ်ဆေးရေးကော်မတီ၊ မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်းတို့မှ ကျွမ်းကျင်သူပညာရှင်များအပြင် စင်ကာပူနိုင်ငံမှ ကျွမ်းကျင်သူ
နည်းပညာရှင်များ၏ အကူအညီကိုပါ ရယူ၍ စမ်းသပ်စစ်ဆေးမှုများကို သေချာစွာပြုလုပ်
သွားမည်ဟုလည်း တာဝန်ရှိ သူများက ပြောကြားသည်။

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်း များအတွက် နိုင်ငံတော်မှ ဘတ်ဂျက် ကျပ်ငွေ ဘီလျံ
၅၀၀ သုံးစွဲသွားရန် လျာထားကြောင်းလည်း သိရသည်။

Ref : Myanmar Times New Journal

နိုင်ငံတော်၏ လမ်းညွှန်မှုဖြင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးဆောင် ရွက်မည့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ မြေဧက ၂၂၀ ပေါ် တွင် တည်ဆောက် အကောင်အထည်ဖော်မည်
ဖော်မည့် ဧရာဝဏ် နှင့် ရတနာအိမ်ရာစီမံကိန်းများတွင် ပါဝင်မည့် အထပ်ပေါင်း ၁၈ ထပ်မြင့်
သော အထပ်မြင့်တိုက်များကို တည် ဆောက်ချိန်ကာလနှစ်နှစ်မှ သုံးနှစ်အတွင်း တည်ဆောက်
သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြေနှင့် အခွန်ဌာနခွဲမှ ညွှန်ကြားရေးမှူး
ဦးအောင်ကျော်ဦးမှ ဇန်န၀ါရီ ၂ ရက်နေ့တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ကနောင်ခန်းမတွင်
ကျင်းပသော ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတွင် မီဒီယာများအား အသိပေးပြောကြားခဲ့သည်။ အဆိုပါစီမံကိန်းနှစ်ခုမှာ မြေဧက ၁၂၀ နှင့် မြေဧက ၁၀၀ ပေါ်တွင် အသီးသီး တည်ရှိကြပြီး
အခန်းအရေအတွက် စုစုပေါင်း ၁၇,၄၀၈ ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အိမ်ရာ
စီမံကိန်းများအတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယခု နှစ်ဇန်န၀ါရီ ၁ ရက်နေ့က
ပြုလုပ်ခဲ့သည်။

"ဒီအိမ်ရာစီမံကိန်းတွေကို တစ်နိုင်ငံလုံးအတွက် စံပြဖြစ်အောင် ဆောင်ရွက်ရမှာပါ၊ အိမ်ရာစီမံ
ကိန်းတွေမှာ ၁၈ ထပ် အမြင့်ရှိတဲ့ အထပ်မြင့်တိုက်တွေ ပါဝင်မှာဖြစ်ပြီးရေ၊ မီး၊ လျှပ်စစ်အပြင်
အခြား ပံ့ပိုးမှုအင်္ဂါရပ်တွေလည်း အပြည့်အစုံ ပါဝင်မှာ ဖြစ်ပါတယ်၊

"တိုက်ခန်းတစ်ခန်းမှာဆိုရင်အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်းနဲ့ မီးဖိုခန်းပါဝင်တယ်၊ အခန်းတစ်ခန်းကို
မိသားစုငါးဦးအတွက် ရည်ရွယ်တယ်၊ ဒီတော့ အခန်းအရေအတွက်နဲ့ တွက်လိုက်မယ်ဆိုရင်
မိသားစု ပေါင်းရှစ်သောင်းကျော်လာရောက်နေ ထိုင်လို့ရမယ်"ဟု ဦးအောင်ကျော်ဦးက
ပြောသည်။

မြေဧကကျယ်ပေါ်တွင် တည် ဆောက်သော အဆိုပါပြည်သူ့အိမ်ရာ စီမံကိန်းများကို ပံ့ပိုးမှု အင်္ဂါရပ်များပြည့်စုံ သော ခေတ်မီအိမ်ရာစီမံကိန်းများဖြစ် အောင် တည်ဆောက်မည်ဖြစ်ရာ
အဆိုပါ အိမ်ရာစီမံကိန်းများတွင် ဈေး၊ ဆေးရုံ၊ ကျောင်း၊ ကစားကွင်း၊ ပန်းခြံစသည်ဖြင့် ပံ့ပိုးမှု
အင်္ဂါရပ်များပြည့်စုံစွာပါရှိမည် ဖြစ်သည့်အတွက် နောင်အနာဂတ်တွင် လူဦးရေ ပိုမိုစည်ကား
လာမှုနှင့်အတူ မြို့ပြအင်္ဂါရပ်များ ပြည့်စုံစွာဖြင့် ဖွံ့ဖြိုးစည်ကားလာစေရန် ရည်ရွယ်ကြောင်း
လည်း ၎င်းကရှင်းလင်းပြောကြားခဲ့သည်။

သို့သော်လည်း အချက်တစ်ချက်အနေဖြင့် စီမံကိန်းဧရိယာတွင်ကျူးကျော်အိမ်များရှိနေသည်က
စီမံကိန်းလုပ်ငန်းများ စတင်လုပ်ကိုင်ရန် အတွက် အဓိကပြဿနာဖြစ်နေကြောင်းလည်း ၎င်းက
ပြောကြားခဲ့သည်။

"အိမ်ရာစီမံကိန်းတွေ တည်ဆောက် တော့မယ်ဆိုတဲ့အချိန်မှာ ကျူးကျော်ဆိုတဲ့ ပြဿနာက
ရှိလာတယ်၊ ဒဂုံဆိပ်ကမ်း ဧရိယာမှာ စက်မှုစီမံကိန်းတွေတည် ဆောက်လာကြတယ်၊ ဒီတော့
အလုပ် သမားတွေကို လုပ်ငန်းခွင်နဲ့နီးအောင် ဆိုပြီး စီမံကိန်းဧရိယာဝန်းကျင်မှာပဲနေ ထိုင်ခွင့်ပြု
ခဲ့တယ်၊ ဒါပေမယ့်စီမံကိန်း တွေလဲပြီးရော အလုပ်သမားတွေက အခြားနေရာတွေကို မပြောင်း
ရွှေ့ ကြတော့ဘဲ ဆက်လက်နေထိုင်ခဲ့ကြတဲ့ အတွက် တရားမ၀င်ကျူးကျော်နေထိုင် တဲ့သူတွေ
ဒဂုံဆိပ်ကမ်းမြို့နယ်အနီးမှာ တဖြည်းဖြည်းနဲ့ များလာတာဖြစ်ပါတယ်"ဟု ဦးအောင်ကျော်ဦးက
ရှင်းပြခဲ့သည်။

ထို့ကြောင့်ပင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်အိမ်ရာနှင့် ရတနာအိမ်ရာ စီမံကိန်းဧရိယာအတွင်း
တရားမ၀င်၊ ခွင့်ပြုချက်မဲ့ ကျူးကျော်နေထိုင်လျက် ရှိသည့် ကျုး ကျော်အိမ်ရာများအား ယခု
နှစ်၊ ဇန်န၀ါရီလ ၆ ရက်နေ့ နောက်ဆုံးထားဖျက်သိမ်းဖယ်ရှားပေးရန်ကြေညာ ချက်ထုတ်ပြန်
ထားကြောင်းလည်း ၎င်းက ပြောသည်။

စာရင်းများအရ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်တွင် ကျူးကျော်အိမ် ၃၃၈ လုံးရှိပြီး
၆၇ ရပ်ကွက် တွင် ၆၇၆ လုံးရှိကြောင်း သိရသည်။ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ဇန်န
ဝါရီ ၆ ရက်နေ့တွင် ဖယ်ရှားပေးခြင်း မရှိပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဖွဲ့သို့ ဆက်လက်
တင်ပြပြီး ဖျက်သိမ်းဖယ် ရှားရေးအတွက် ဆောင်ရွက်သွားမည် ဟု သိရှိရသည်။

အချက်တစ်ချက်အနေဖြင့် သိရှိရသည်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်သည်မြစ်၊ ချောင်းများနှင့်နီးသော
ကြောင့် မြေအမျိုးအစားမှာ နုန်းတင်မြေနု အမျိုးအစားဖြစ်သည့်အတွက် အထပ်ပေါင်း ၁၈
ထပ်အမြင့်ရှိ အထပ်မြင့် တိုက်များအတွက် Foundation & structural safety အတွက်
စိတ်ချရမှု ရှိစေရန် မြေစမ်းသပ်မှု soil test ကိုအချိန်ယူ၍သေချာစွာ စစ်ဆေးပြုလုပ်သွား
မည် ဖြစ်သည်။

ထိုအတွက်အထပ်မြင့် အဆောက်အအုံများ ကြီးကြပ်စစ်ဆေးရေးကော်မတီ၊ မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်းတို့မှ ကျွမ်းကျင်သူပညာရှင်များအပြင် စင်ကာပူနိုင်ငံမှ ကျွမ်းကျင်သူ
နည်းပညာရှင်များ၏ အကူအညီကိုပါ ရယူ၍ စမ်းသပ်စစ်ဆေးမှုများကို သေချာစွာပြုလုပ်
သွားမည်ဟုလည်း တာဝန်ရှိ သူများက ပြောကြားသည်။

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်း များအတွက် နိုင်ငံတော်မှ ဘတ်ဂျက် ကျပ်ငွေ ဘီလျံ
၅၀၀ သုံးစွဲသွားရန် လျာထားကြောင်းလည်း သိရသည်။

Myanmar Times New Journal

0 comments:

Post a Comment