Pages

Wednesday, January 30, 2013

မန္တလေးမှာ အမျိုးသမီးတစ်ဦး လောင်းကစားစာရင်းတွေမှတ်ထားတယ်လို့ယူဆရတဲ့ Memory Stick မြိုချ မှု့ ဖြစ်ပွား

ဇန်န၀ါရီ ၃၀၊ ၂၀၁၃(YPI)

လောင်းကစားစာရင်းတွေမှတ်ထားတယ်လို့ယူဆရတဲ့ မမ်မိုရီစတစ်ကိုမြိုချလိုက်တဲ့ အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့သမီးနဲ့အတူ မနေ့က အဖမ်းခံခဲ့ရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၉) ရဲစခန်းက တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကနေ လောင်းကစားသတင်းအရ မနေ့ကနေ့လည် ၁၁ နာရီ ၄၅ မိနစ်က မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်ကို ၀င်ရောက်ရှာဖွေရာမှာ နှစ်လုံးထီနဲ့ချဲထီ

လောင်းကစားရာမှာ အသုံးပြုတဲ့ လက်ပ်တော့တစ်လုံး၊ လောင်းကြေးငွေကျပ်(၆၈) သိန်းနဲ့ လက်ကိုင်ဖုန်း
တစ်လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြထားပါတယ်။
ဝင်ရောက်ဖမ်းဆီးချိန်မှာ အသက် ၅၆ ခြောက်နှစ်အရွယ်အမျိုးသမီးက လောင်းကစား စာရင်းတွေမှတ်ထား
တယ်လို့ယူဆရတဲ့မမ်မိုရီစတစ်ကိုမြိုချလိုက်တယ်လို့ဆိုပါတယ်။အဲဒီနောက်အမျိုးသမီးကြီးကို မန္တလေးဆေး
ရုံကြီးမှာ ဓါတ်မှန်ရိုက်စစ်ဆေးကြည့်တော့ အူလမ်းကြောင်းထဲမှာ နှစ်လက်မလောက်ရှိတဲ့ အရာဝတ္ထုတစ်ခု
တွ့ရှိတယ်လို့ ဆေးရုံတာဝန်ရှိသူတွေကပြောပါတယ်။

လောင်းကစားပြုလုပ်တယ်လို့ယူဆရတဲ့ သားအမိနှစ်ဦးကိုတော့ မန္တလေးအမှတ်(၉) ရဲစခန်းကနေ (ပ)၉၆

/၂၀၁၃၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

အမျိုးသမီးကြီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ မမ်မိုရီစတစ်ကို ဘယ်လိုပြန်လည်ရယူမလဲဆိုတာကိုတော့ ရဲတွေက ဖော်ပြမထားပါဘူး။ မမ်မိုရီစတစ်ကိုပြန်ရခဲ့ရင်လည်း သက်သေခံပစ္စည်းအဖြစ် တရားရုံးတော်ကို တင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
ရဲဇာနည်

0 comments:

Post a Comment