Pages

Wednesday, January 30, 2013

ခရစ္စတိုဖာလိုက်ပါခွင့်မရသည့် လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ


ဇန်န၀ါရီလ(၃၀)ရက်နေ့တွင် ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့နှင့်လိုက်ပါလာသူပြင်သစ်နိုင်ငံသားအား ၎င်း၏လုံခြုံရေး အတွက်ဟုဆိုကာ  လမ်းလျှောက်သူများနှင့်လိုက်ပါခွင့်မပြုခဲ့ကြောင်း တောင်ငူမြို့နယ်လ.၀.ကမှူးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရှိရသည်။


အဆိုပါ ငြိမ်းချမ်းရေးအတွက်လမ်းလျောက်ရန် ငြင်းပယ်ခံရသူမှာပြင်သစ်နိုင်ငံသား ခရစ္စတိုဖာ ဖြစ်ပြီးငြိမ်းချမ်းရေးလမ်းလျှောက်သူများ အဖွဲ့နှင့် ဇန်န၀ါရီလ(၂၈)ရက်နေ့ညပိုင်းမှ ပျော်ဘွယ်မြို့မှစတင်လိုက်ပါခဲ့ခြင်းဖြစ်ပြီး တောင်ငူမြို့သို့ အရောက် (၃၀)ရက်နေ့တွင်ခေါ်ယူ ထိန်းသိမ်းခံရခြင်း ဖြစ်သည်။
 
လမ်းလျှောက်တဲ့အဖွဲ့နဲ့ တစ်ပါတည်းပါလာပါတယ်။ မလိုက်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ်။ သူ့ရဲ့ လုံခြုံရေးလည်းရှိလို့ပါ။ ဗီဇာ စည်းကမ်းနဲ့ပေါ့နော်။ဗီဇာကသတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ပေါ့။  နိုင်ငံတော်ကသတ်မှတ်ထားတဲ့အချက်အလက်တွေလည်း သူလိုက်နာရမယ်ပေါ့ဗျာ။ မလိုက်နာရင် ဗီဇာစည်းကမ်းကိုဖောက်ဖျက်တာ ပဲပေါ့နော်။ အရေးတော့ မယူပါဘူး။ ပြန်ပို့ပေးဖို့ပဲ လုပ်နေတာပါ ဟုတောင်ငူမြို့နယ်မှ လ.၀.က မှူး ဦးစန်းဝင်းက ပြောသည်။
 
ပြင်သစ်နိုင်ငံသား Christofa မှာ ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့နှင့်လိုက်လံကာ သတင်းယူခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးလမ်းလျှောက်သူများထံမှသိရှိရသည်။
 
သူက ကျွန်တော်တို့နဲ့လိုက်ပြီး သတင်းလိုက်ယူတာပါ။ ကျွန်တော်တို့သုံးသပ် ရသလောက်ဆိုရင် သူတောင်ငူဘက်ကို လာလို့မရဘူး ဆိုတဲ့ သဘောခင်ဗျ။တောင်ငူဘက်လာလိုက်တော့ လ.၀.က အက်ဥပဒေကို ချိုးဖောက် လိုက်သလိုဖြစ်သွားတယ်။အဲဒါနဲ့ ပတ်သတ်ပြီးတော့ သူ့ကိုထိန်းသိမ်းထားတယ်လို့ သိရတယ်ဟုငြိမ်းချမ်းရေး လမ်းလျှောက်သူများအဖွဲ့ ဦးဆောင်သူ ကိုရန်နိုင်ထွန်းက ပြောသည်။
 
အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့သည် လက်ရှိတွင် တောင်ငူမြို့မှထွက်ခွာနေခြင်းဖြစ်ပြီး ယနေ့ညတွင် ရေတာရှည်မြို့၌ ခရီးတစ်ထောက်နားမည်ဖြစ်သည်။

မြစ်မခသတင်း
 

0 comments:

Post a Comment

 
world time