Pages

Wednesday, January 30, 2013

Eleven Media Group နှင့် ဒေါက်တာသန်းထွဋ်အောင်အား Burmese Muslim Youths For Human Rights and Justice အစည်းအရုံး (Group)မှ စကားစစ်ထိုးပွဲအတွက် စိန်ခေါ်လိုက်ခြင်း

ကျွန်ုပ်တို့၏ Burmese Muslim Youths For Human Rights and Justice အစည်းအရုံး (Group)မှနေ၍ Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်ထံသို့ အီးမေးလ်မှတဆင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်နေ့ ရက်စွဲဖြင့် ဖိတ်ကြားချက် တရားဝင်စာကို ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။

သို့

ဒေါက်တာသန်းထွဋ်အောင်

အမှုဆောင်အရာရှိချုပ်

Eleven Media Group

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

စာအမှတ် - ၉/၂၀၁၃

နေ့စွဲ ။ ။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်။

အကြောင်းအရာ ။ ။ ရိုဟင်ဂျာတိုင်းရင်းသားများနှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာစကားစစ်ထိုးပွဲ (Debate) တစ်ပွဲအား တက်ရောက်ဆင်နွှဲရန် ဖိတ်ကြားခြင်း။

လူကြီးမင်း၏ Eleven Media Group အနေနှင့် ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာနိုင်ငံတွင် မည်သည့်အခါ၌မျှ မရှိခဲ့ကြောင်း သမိုင်း၏ အရှိ တရားကို လျစ်လျူ၍ အမှန်တရားကို ငြင်းပယ်ကာ လူမျိုးအစွန်းရောက်ဝါဒနှင့် ဘာသာရေးအစွန်းရောက်ဝါဒတို့ကို အခြေခံ၍ ရိုဟင်ဂျာ လူမျိုး၏သမိုင်းအား ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြောင်း လေ့လာ သိရှိရပါသည်။ 
ထို့ပြင် လူကြီးမင်းတို့၏ Eleven Media Group မှ ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများအနက်မှ လူမျိုးအုပ်စု တစ်စုဖြစ်ခဲ့ကြောင်းကိုလည်း ထပ်မံ၍ ငြင်းဆန်ထားသည်ကိုလည်း လေ့လာသိရှိရပါသည်။ ထပ်မံ၍ ဆိုရသော် လူကြီးတို့၏ Eleven Media Group မှနေ၍ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်၊ မေလနှင့်ဇွန်လတို့တွင် ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုကြီး၌လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလတွင် ထပ်မံ၍ ဒုတိယအကြိမ်ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုကြီး၌လည်းကောင်း၊ မီးလောင်ရာကို လေပင့်၊ ရေနစ်သူကို ၀ါးကူထိုး၍ တစ်နိုင်လုံး၌ လူမျိုးရေးအဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားစေရန် ရည်ရွယ်၍ လူမျိုးရေး အစွန်းရောက် အရေးအသားများ၊ မဟုတ်မမှန် လိမ်လည်လုပ်ကြံထားသည့် သတင်းများအား ပုံနှိပ်ဖြန့်ချိခဲ့ကြောင်းကို လေ့လာသိရှိရပါသည်။ လူကြီးမင်းတို့၏ မီဒီယာအုပ်စုကြီးသည် မြန်မာနိုင်ငံတွင် အစိုးရမဟုတ်သော ပုဂ္ဂလိကပိုင် မီဒီယာလောကတွင် အင်အား အကြီးဆုံးဖြစ်ကြောင်းကိုလည်း လေ့လာသိရှိရပါသည်။

သို့ပါ၍ လူကြီးမင်းအပါအ၀င် မည်သူနှင့်မဆို ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာနိုင်ငံတွင်ရှိနေခဲ့သော လူမျိုးတစ်မျိုးဖြစ်ကြောင်း၊ ပါလီမာန် ဒီမိုကရေစီခေတ်က မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်ခဲ့ကြောင်းကို အထောက်အများနှင့်တကွ ဆွေးနွေး၍ သက်သေထူ တင်ပြပေးမည့် ပါရဂူဘွဲ့ရ နိုင်ငံတကာ သမိုင်းပညာရှင်ကြီးများဖြစ်ကြသော ပါမောက္ခ Dr Abid Bahar နှင့် ပါမောက္ခ Dr. Habib Siddiqui တို့နှစ်ဦးနှင့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) တစ်ပွဲအား ကျွန်ုပ်တို့၏ Burmese Muslim Youths For Human Rights and Justice အစည်းအရုံးမှ တာဝန်ယူ၍ လူကြီးမင်းတို့ စိတ်ကြိုက် ရွေးချယ်မည့် မည်သည့် နိုင်ငံတကာ စင်မြင့်တွင်မဆို နိုင်ငံတကာ မီဒီယာဌာနများနှင့် ဂုဏ်သရေ ရှိ လူကြီးမင်းများ၏ ရှေ့မှောက်တွင် တာဝန်ယူ ကျင်းပပေးသွားပေမည်။
အကယ်၍ လူကြီးမင်းကိုယ်တိုင် ထိုရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) သို့ မတက်ရောက်နိုင်ပါက လူကြီးမင်းအနေနှင့် သမိုင်းပညာရှင်များ ငှားရမ်း၍ သမိုင်းပညာရှင် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်၍ တက်ရောက် ယှဉ်ပြိုင်လိုပါကလည်း ကြိုဆိုပါသည်။ ရိုဟင်ဂျာလူမျိုးများ၏ သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းပယ်ခြင်းသည် လူမျိုးတုန်းသတ်ဖြတ်မှု၏ စိုးရိမ်ဖွယ်ရာ လက္ခဏာများ အနက်မှ လက္ခဏာတစ်ရပ်ဖြစ်ကြောင်းကိုလည်း International Association of Genocide Scholars ၏ ဥက္ကဌဟောင်း Professor William Schabas မှ ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

သို့ပါ၍ လူကြီးမင်းတို့၏ Eleven Media Group သည် သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းဆန်နေသူများ မဟုတ်ကြောင်း၊ လူကြီးမင်းတို့၏ ယုံကြည်ယူဆချက်ဖြစ်သည့် ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာ့သမိုင်းတွင် မည်သည့်အခါကမျှ မရှိခဲ့ကြောင်းနှင့် ရိုဟင်ဂျာလူမျိုးများသည် မည်သည့်ခေတ်ကာလကမျှ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးအုပ်စု တစ်စု မဖြစ်ခဲ့ကြောင်းကို လူကြီးမင်းတို့မှ အခိုင်အမာ သက်သေပြရန် ကျွန်ုပ်တို့၏ အစည်းအရုံးမှ တာဝန်ယူ စီစဉ်ကျင်းပပေးမည့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ(Debate)သို့ တက်ရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားလိုက်ပါသည်။

ကျွန်ုပ်တို့၏ ဤဖိတ်ကြားချက်အား လူကြီးမင်းတို့အနေနှင့် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဤဖိတ်ကြားစာအား လက်ခံရရှိ သည့်အချိန်မှစ၍ သုံးရက်အတွင်း ကျွန်ုပ်တို့ထံသို့ Letterhead တွင်ပါရှိသည့် ကျွန်ုပ်တို့၏ အီးမေးလ်များသို့ အကြောင်းပြန်ကြားစေ လိုပါသည်။ ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံတော်၏ ပြည်သူပြည်သားများအားလုံး အကြမ်းဖက်မှု ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေး၍ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်။

လေးစားစွာဖြင့်

ဦးမောင်မောင်လှ

အထွေထွေ အတွင်းရေးမှူး

လူ့အခွင့်အရေးနှင့် တရားမျှတမှုကို

ချစ်မြတ်နိုးသော ဗမာမွတ်စလင်မ်လူငယ်များ အစည်းအရုံး

Burmese Muslim For Human Rights And Justice

3248 Park Lane

Hawthorne, CA 90250

United States of America

Phone: +1 310 980 9111

E-mail: paletwa@yahoo.com, secretarybmy@gmail.com

http://www.facebook.com/BurmeseMuslimYouthsForHumanRightsAndJustice

ထို့ပြင် အောက်ပါ ပုဂ္ဂိုလ်များထံသို့လည်း အီးမေးလ်မှတဆင့် မိတ္တူကို ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း ဒီမိုကရေစီ နည်းစနစ်နှင့်အညီ ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူလူထုတစ်ရပ်လုံး သိရှိနိုင်စေရန် ထုတ်ပြန်ကြေညာပေးလိုက်ပါသည်။

(၁) ဦးရဲထွဋ်

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ

ဒုတိယ၀န်ကြီး

ပြန်ကြားရေး ၀န်ကြီးဌာန

နေပြည်တော်၊ မြန်မာနိုင်ငံ။

Email: myehtut@ gmail.com

yehtut.moi.myanmar@gmail.com

(၂) မြန်မာ မီဒီယာအချို့

(၃) ကိုမင်းကိုနိုင်

ကျောင်းသားခေါင်းဆောင်

၈၈ မျိုးဆက်ကျောင်းသားများ

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

Email: info@the88generation.org

https://www.facebook.com/88GenerationStudents

(၄) အလ်ဟာဂ်ျ ဃာဇီ ဦးတင်မောင်သန်း

အထွေထွေအတွင်းရေးမှူး

အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

Email: irac@iracmyanmar.org

lion.tmt@gmail.com

https://www.facebook.com/irac.myanmar

သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Historical Debate) အား

တာဝန်ယူစီစဉ်ပေးရခြင်း၏ ရည်ရွယ်ချက်များ

==============================

၁။ ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံတွင် အမှန်တကယ် တည်ရှိခဲ့သော လူမျိုး တစ်မျိုး ဟုတ်၊ မဟုတ်ဆို
သည့်အချက်အား ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံး သိရှိစေရန်။

၂။ “ရိုဟင်ဂျာလူမျိုးများ မရှိဟု ပြောဆိုနေသူများသည် လူလိမ်များဖြစ်သလော” (သို့မဟုတ်) “ရိုဟင်ဂျာလူ
မျိုးများ ရှိသည်ဟု အခိုင် အမာပြောဆိုနေသူများသည် လူလိမ်များဖြစ်ပါသလား”ဆိုသည့်အချက်ကို လူသား
ထုတစ်ရပ်လုံး ကွက်ကွက်ကွင်းကွင်း သိရှိစေရန်။

၃။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇွန်လမှစတင်၍ ဖြစ်ပွားခဲ့သည့်ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်
ငံသူ၊ နိုင်ငံသားအားလုံး၏အရေးကိစ္စဖြစ်သည်ဟုလက်ရှိ နိုင်ငံရေးခေါင်းဆောင်များမှလက်ခံထားပေသည်။
သို့ပါ၍ ထိုကဲ့သို့ မြန်မာတစ်နိုင်ငံလုံးနှင့်ပတ် သက်နေသည့် အရေးတော်ပုံကြီး၏ မူလအကြောင်းအရင်းများ
တွင် သမိုင်းဆိုင်ရာရှုပ်ထွေးမှုသည် အဓိကကျသော အကြောင်းအရာ တစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် သမိုင်းမှန် ပေါ်ပေါက်ခြင်းဖြင့် ရခိုင်ပြည်နယ်တွင် ဘာသာမတူ၊ လူမျိုးကွဲပြားသော နိုင်ငံသူ၊ နိုင်ငံ သားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အထောက်အကူ ပြုစေရန်။

၎။ သမိုင်းစစ်၊ သမိုင်းမှန်ကို ဖော်ထုတ်ပေးခြင်းဖြင့် အပြစ်မဲ့ လူသားများ၏ အသက်၊ သွေး၊ အိုးအိမ်၊ စည်း
စိမ်၊ ဂုဏ်သိက္ခာများကို အကာ အကွယ်ပေးရန်။

၅။ ရခိုင်ပြည်နယ်အရေးကြောင့် ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာသည် နိုင်ငံတကာ မျက်နှာ
စာတွင် အလွန်အမင်း ကျဆင်းလျက်ရှိရာ သမိုင်းစစ်၊ သမိုင်းမှန်အား ဖော်ထုတ်ခြင်းဖြင့် အမုန်းတရားများ
ကို အတိုင်းတစ်ခုအထိ ငြိမ်းသတ်နိုင်မည်ဖြစ်ရာ ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာအား နိုင်ငံ
တကာ မျက်နှာစာတွင် ပြန်လည်၍ မြင့်တင်ပေးရန်။
Burmese Muslim Youths For Human Rights and Justice

0 comments:

Post a Comment