Pages

Wednesday, January 30, 2013

ပင်လယ်ရေမျက်နှာပြင်ပူနွေး၍ အချိန်အခါမဟုတ်မိုးရွာဟုဆို၊ ဒေသအချို့ ၉၂ နာရီအတွင်း မိုးရွာနိုင်

ပင်လယ်ရေမျက်နှာပြင်ပူနွေး၍ အချိန်အခါမဟုတ်မိုးရွာဟုဆို၊
ဒေသအချို့ ၉၂ နာရီအတွင်း မိုးရွာနိုင်

ရန်ကုန်၊ဇန်န၀ါရီ-၃၀

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ ပင်လယ်ရေမျက်နှာပြင် ပူနွေးလာခြင်းကြောင့် ယနေ့ ရန်ကုန် အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

မိုးရွာခြင်းကြောင့် လေဖိအားနည်းရပ်ဝန်း မဖြစ်ပေါ်နိုင်တော့ဘဲ လာမည့်ဖေဖော်ဝါရီလတွင်သာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

မိုး/ဇလက ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လာမည့် ၉၂ နာရီ(လေးရက်ခန့်)အတွင်း မိုးရွာသွန်းနိုင်သည်ဟု ခန့်မှန်းသည်။

စိုက်ပျိုးစသီးနှံများအတွက် ယခုမိုးက ရေရရှိသော်လည်း ရိတ်သိမ်းရန်ရည်ရွယ်ထားသည့် သီးနှံများ ပျက်စီးနိုင်ကြောင်း အထက်ပါ ဒုတိယညွှန်ကြားရေးမှူးကပြောသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

ရန်ကုန်၊ဇန်န၀ါရီ-၃၀

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ ပင်လယ်ရေမျက်နှာပြင် ပူနွေးလာခြင်းကြောင့် ယနေ့ ရန်ကုန် အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။
မိုးရွာခြင်းကြောင့် လေဖိအားနည်းရပ်ဝန်း မဖြစ်ပေါ်နိုင်တော့ဘဲ လာမည့်ဖေဖော်ဝါရီလတွင်သာ လေဖိအား
နည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

မိုး/ဇလက ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လာမည့် ၉၂ နာရီ(လေး

ရက်ခန့်)အတွင်း မိုးရွာသွန်းနိုင်သည်ဟု ခန့်မှန်းသည်။

စိုက်ပျိုးစသီးနှံများအတွက် ယခုမိုးက ရေရရှိသော်လည်း ရိတ်သိမ်းရန်ရည်ရွယ်ထားသည့် သီးနှံများ ပျက်

စီးနိုင်ကြောင်း အထက်ပါ ဒုတိယညွှန်ကြားရေးမှူးကပြောသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

7days News:

0 comments:

Post a Comment