Pages

Monday, March 18, 2013

လေကြောင်းရန် ကာကွယ်ရေးတပ် ရေဒါစခန်းအဖြစ် အသုံးပြုရန်အတွက် လောင်းလုံကြိုးဝိုင်းတော အတွင်းရှိ မြေ ၂၁၅ ဧကကို ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်

Monday, 18 March 2013 လေကြောင်းရန် ကာကွယ်ရေးတပ် ရေဒါစခန်းအတွက် တပ်ပိုင်မြေအဖြစ် အသုံးပြုရန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ လောင်းလုံကြိုးဝိုင်းတော အတွင်းရှိ မြေ ၂၁၅ ဧကကို ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရှိရသည်။ တပ်ပိုင်မြေအဖြစ် အသုံးပြုရန်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ သစ်တောဥပဒေအရ အပ်နှင်းထားသည့် အခွင့်အာဏာများကို သုံးစွဲလျက် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ လောင်းလုံကြိုးဝိုင်းအတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အ၀န်း ၂၁၅ ဧကကို ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ပန်းတင်အင်းကြိုးဝိုင်းတော တစ်ခုလုံး ဧရိယာ ၁၇၂၈ ဧကအား ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအမည်ဖြင့် လွှဲပြောင်းပေးနိုင်ရေးအတွက် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်ရှိ မောင်းမကန်ကြိုးပြင် ကာကွယ်တောမှ ဧရိယာ ၄၆၈ ဧကကိုလည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအမည်ဖြင့် လွှဲပြောင်းပေးနိုင်ရေးအတွက် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် သစ်တောရေးရ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။
 
 Eleven Media GroupRangonnewsdaily
RND:  :18.3.2013

 
 

0 comments:

Post a Comment