Pages

Monday, March 18, 2013

မန်း မဟာမုနိဘုရားကြီးဝန်းအတွင်းအမျိုးသမီးတစ်ဦးအား အမျိုးသမီး ၆ယောက် ၇ယောက်ခန့်က ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား

Monday, March 18, 2013
ကလေးချီထားသောအမျိုးသမီးတစ်ဦးအား မန်းမဟာမုနိဘုရားကြီးဝန်း အတွင်း အမျိုးသမီး ၆ယောက် ၇ယောက်ခန့်က မတ်၁၅ရက်တွင် ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယခုလ ၁၅ရက် နေ့ မနက် ၉နာရီခန့် ကိုအောင်နိုင်စိုးနှင့် မအေးမြဝေတို့မှာ ဘုရားကြီးအရှေ့ဘက်စောင်းတန်းရှိ မိမိဆိုင်းခန်းတွင် ဆိုင်ဖွင်ရန် လာရောက်ရာတွင် မိမိ ဆိုင်ဝန်းကျင်ရှိ အမျိုးသမီးတစ်ချို့မှ ရိုက်နှက်ခဲ့ရာ ကိုအောင်နိုင်စိုးမှာ ထွက်ပြေးခဲ့ကြောင်း မအေးမြဝေ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပြီး ၀ိုင်းဝန်း ရိုက်နှက်ကြကြောင်း ရိုက်နှက်စဉ် မအေးမြဝေတွင် ၉လသားအရွယ် ကလေးတစ်ဦးပါရှိပြီး ရိုက်နှက် ခံရမှုကြောင့် ဦးခေါင်းပေါက်ပြဲနှင့် တခြားပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကာ မန်းလေးပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာနသို့ ဆေးရုံတက်ခဲ့ရကြောင်း ကိုအောင်နိုင်စိုးက ပြောသည်။

အဆိုပါဖြစ်စဉ်မဖြစ်ပွားမီ မတ်၁၄ရက်နေ့ညနေပိုင်းတွင် ကိုအောင်နိုင်စိုးမှာ အရက်သေစာသောက်စားပြီး ပတ် ၀န်ကျင်အား ကြမ်းတမ်းသော စကားလုံများ၊ ဆဲဆိုကြိမ်းမောင်းနေသောကြောင့် ပတ်ဝန်းကျင်မှ
အမျိုးသမီး များက ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ထွက်ပြေးခဲ့သေးကြောင်း
aနာက်နေ့မနက်ဆိုင်လာဖွင့်ချိန်တွင် ပတ်ဝန်းကျင် မှ အခဲမကြေဖြစ်ကာ ထပ်မံရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ရိုက်နှက်ရာတွင် အမျိုးသားများ မပါဝင်ကြောင်း မျက်မြင် တွေ့ရှိသူတစ်ချို့ က ပြောသည်။

သူက အဲ့နေ့ညက ဆဲဆိုနေတာ မိုက်မိုက်ရိုင်းရိုင်းပဲ။ သားပျိုသမီးပျိုတွေ မကြားဝံမနာစာတွေချည်းပဲ။ အဲ့တော့ ပတ်ဝန်းကျင်က ဘယ်သည်းခံ
နိုင်ပါ့မလဲ။ အဲ့တော့ဝိုင်းရိုက်ကျတော့ပေါ့ဟု တွေမြင်ခဲ့သူတစ်ဦးက
ပြောသည်။

ကိုအောင်နိုင်စိုးမှာ မဟာမြတ်မုနိဘုရားကြီးတွင် လုံခြုံရေး တာဝန် ထမ်းဆောင်ဖူးကြောင်း ဘုရားလူကြီးများ ဖြင့် အဆင်ပြေသောကြောင့် မိမိအား မနာလိုရ်ျ ရိုက်နှက်ကျခြင်းဖြစ်ကြောင်း မိမိအမျိုးသမီးအား မဆိုင်ဘဲရိုက် နှက်ကျသောကြောင့် တရားဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ကိုအောင်နိုင်စိုး ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှတ် ၁၀ရဲစခန်းတွင် နှစ်ဦးနှစ်ဖတ် အပြန်လှန် တရားစွဲဆိုထား ကြောင်း ရဲစခန်းမှ ပ/၇၅(၂၀၁၃)ပုဒ်မ ၂၉၄ဆဲရေးတိုင်းထွာမှု၊ ပုဒ်မ ၃၂၅ရိုက်နှက်မှု၊ ပုဒ်မ ၅၀၆ ကြိမ်းဝါးမှု
စသည့် အမှုများဖြင့် နှစ်ဖတ်လုံးအား အမှုဖွင့်ပေးထားကြောင်း အမှုအား နှစ်ဦးနှစ်ဖတ် စစ်ဆေးဆဲဖြစ်ကြောင်း တာဝန်ကျရဲမှူးက
ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal
Rangonnewsdaily
RND:  :18.3.2013
 

0 comments:

Post a Comment