Pages

Monday, March 18, 2013

လေယာဉ်မောင်းသင်တန်း တက်ရောက်ရန် စိတ်ဝင်စားပြီး ငွေကြေးချို့တဲ့သူများအတွက် HTOO FOUNDATION’S SCHOLARSHIP PROGRAM HTOO FOUNDATION’S SCHOLARSHIP PROGRAM



AsianWingsAirwaysLtd.သည်မျိုးဆက်သစ်မန်မာလူငယ်များလေကြောင်းဆိုင်ရာ အဆင့်မြင့်နည်းပညာ
များကို ပြည်တွင်း၌ပင် သင်ယူစေနိုင်ရန် ရည်ရွယ်၍ Myanmar Aviation Academy အတွက်လိုအပ်သော မတည်ရင်းနှီးမှုများဖြစ်သည့် ကျောင်းအဆောက်အဦများ တည်ဆောက်ပေး ခြင်း၊ DA40 NG လေယာဉ်များနှင့် လိုအပ်သောသင်ကြားမှု အထောက်အကူပစ္စည်းများ ၀ယ်ယူဖြည့်တင်းပေးခြင်း ပါအ၀င် လုပ်ငန်းတည်ထောင်မှုအတွက် ကုန်ကျစရိတ်များကို Asian Wings Airways ၏ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းမှ ရရှိသောဝင်ငွေများထဲမှ ပြန်လည်စိုက်ထုတ်ကျခံစေလျက် ဆောင်ရွက်ပေး ခဲ့ခြင်းဖြင့် Myanmar Aviation Academy မွေးဖွားပေါ်ပေါက်လာခဲ့ပါသည်

ပညာရည်ထူးချွန်၍ အရည်အချင်းပြည့်ဝပြီး လေယာဉ်မောင်းအတတ်ပညာနှင့် လေကြောင်း ပညာများကို ဝါသနာပါ၍ သင်ယူဆည်းပူးလိုသော်လည်း သင်တန်းစရိတ် မတတ်နိုင်၍ သင်ယူမှုမပြုနိုင်သော ထူးချွန်သည့် မျိုးဆက်သစ်မြန်မာလူငယ်မောင်မယ်များအား ပညာပါရမီ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ၎င်းတို့၏ ဘဝကိုမြှင့်တင်ပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးလိုသော HTOO FOUNDATION ၏ စေတနာကြောင့် ဤပညာရေး ထောက်ပံ့မှု အစီအစဉ် Scholarship Program ပေါ်ထွန်းလာခြင်းဖြစ်ပါသည်။

ရည်ရွယ်ချက်

၁။ပညာရည်ထူးချွန်၍ အရည်အချင်းပြည့်ဝပြီး လေယာဉ်မောင်းအတတ်ပညာရပ်နှင့် လေကြောင်းပညာများကို ဝါသနာပါစိတ်ပါဝင်စားမှုရှိ၍ သင်ယူဆည်းပူးလိုသော်လည်း သင်တန်းစရိတ်မတတ်နိုင်သည့် မျိုးဆက်သစ်မြန်မာလူငယ်မောင်မယ်များအား နိုင်ငံတကာ အဆင့်မီလေယာဉ်မောင်းအတတ်ပညာရပ်နှင့် လေကြောင်းပညာရပ်များကို ဆည်းပူးသင်ယူခွင့် ရရှိရေးအတွက် ပညာပါရမီဖြည့်ဆည်းပေးရန်နှင့် လူငယ်တို့၏ဘဝကို မြှင့်တင်ပေးရန် ရည်ရွယ်၍ HTOO FOUNDATION က နှစ်စဉ်သင်တန်းသား(၁ဝ)ဦးကို ထောက်ပံ့ပေးမည့် SCHOLARSHIP PROGRAM ဖြစ်ပါသည်။

SCHOLARSHIP PROGRAM ကို လျှောက်ထားမည့်သူများအတွက် လိုအပ်သည့် အရည်အချင်းများ

၂။အောက်ပါအချက်များနှင့်ကိုက်ညီသူမြန်မာနိုင်ငံသား မျိုးဆက်သစ်လူငယ် မောင်မယ်များလျှောက်
ထားနိုင်ပါသည်-
(က) အခြေခံပညာအထက်တန်းစာမေးပွဲ သိပ္ပံဘာသာတွဲကို ရမှတ်အနည်းဆုံး (၃၆ဝ)နှင့်အထက်ရရှိ အောင်မြင်သူဖြစ်ရပါမည်။ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ရူပဗေဒဘာသာများကို ဂုဏ်ထူးဖြင့် အောင်မြင်သူများကို ဦးစားပေး ရွေးချယ်ပါမည်။

(ခ) လေယာဉ်မောင်းအတတ်ပညာကို ဝါသနာပါ၍ စိတ်ပါဝင်စားသူဖြစ်ရပါမည်။

(ဂ) အသက်(၁၇)နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။

(ဃ) သင်တန်းစရိတ်ပေးသွင်းရန် အမှန်တကယ်ငွေကြေးမပြည့်စုံသူ ဖြစ်ရပါမည်။

(င) Myanmar Aviation Academy မှ စစ်ဆေးမည့် ဝင်ခွင့်စာမေးပွဲများကို အနိမ့်ဆုံးရမှတ် (၆ဝ)နှင့်အထက်ဖြင့် အောင်မြင်ရပါမည်။

(စ) လေယာဉ်မှူး(၁)ဦးဖြစ်ရန်အတွက် လိုအပ်သော အောက်ပါစစ်ဆေးမှုများကို အောင်မြင်ရပါမည်-

(၁) ကျန်းမာရေးစစ်ဆေးမှု
(၂) Spot Test နှင့် Drum Test
(၃) Dual Hour နာရီ(၂ဝ) သင်ကြားပြီးချိန်တွင် ပထမအကြိမ် တစ်ဦးတည်း မောင်းနှင်ခြင်း First Solo သွားနိုင်သော အရည်အချင်းရှိသူဖြစ်ရမည်။

၃။ Scholar အဖြစ် ရွေးချယ်ခံရပြီးနောက် သင်တန်းတက်ရောက်ရာတွင် သင်တန်းသားတိုင်း အခြေခံအားဖြင့် လိုက်နာရမည့်စည်းကမ်းချက်များအပြင် အောက်ပါ စည်းကမ်းချက်များကိုလည်း လိုက်နာရမည်ဖြစ်ပါသည်-

(က) Htoo Foundation ၏ ထောက်ပံ့မှုဖြင့် Sholarship ရရှိသူတိုင်းကို အောက်ဖော်ပြပါသင်တန်းများ ပို့ချသင်ကြားပေးပါမည်-

(က)Private Pilot License (PPL) Course

(ခ)Commercial Pilot License (CPL) Course

(ဂ)Instrument Rating (IR) Course

(ဃ)Airline Transport Pilot License (ATPL) (Frozen) Course

(ခ) သင်တန်းအဆင့်လိုက် စာမေးပွဲကြီးများ၊ လပတ်၊ သင်ခန်းစာများအလိုက် စာမေးပွဲငယ်များဖြင့် စစ်ဆေးပါမည်။ အဆိုပါ စာမေးပွဲများ(၁)ကြိမ် ကျရှုံး လျှင် နောက်ဆုံးအကြိမ်သတိပေးခြင်းကို ခံယူရမည်ဖြစ်ပြီး၊ ဒုတိယအကြိမ် ထပ်မံကျရှုံးပါက ထောက်ပံ့မှုရပ်စဲပါမည်။

(ဂ) သင်တန်းပြီးစီးအောင်မြင်ပါက Htoo Foundation က သတ်မှတ်ပေးသည့် လေကြောင်းလိုင်းများတွင် အနည်းဆုံး(၇)နှစ် တာဝန်ထမ်းဆောင်ရပါမည်။


Scholarship လျှောက်ထားခြင်း

၎။ Scholarship လျှောက်လွှာများကို Myanmar Aviation Academy ၏ အောက်ဖော်ပြပါ လိပ်စာများတွင် ထုတ်ယူ၍ စတင်လျှောက်ထားနိုင်ပြီဖြစ်ပါသည်-

Myanmar Aviation Academy
Room-004-Condo(C), Tetkatho Yeikmon Housing, University Avenue Road, Bahan Township, Yangon
Ph; + 951551229, 556626

Scholarship ရွေးချယ်ခြင်း

၅။ Scholarship နှင့်ပတ်သက်သော စစ်ဆေးမှုများအားလုံးကို Myanmar Aviation Academy ၏ Management Committee မှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး Htoo Foundation မှ ရွေးချယ်အတည်ပြု ပေးသွားမည်ဖြစ်ပါသည်။


Management
Myanmar Aviation Academy

Rangonnewsdaily
RND:  :18.3.2013

0 comments:

Post a Comment