Pages

Monday, March 18, 2013

ရန်ကုန်-ပုသိမ်ရထားပြေးတော့မည်


လာမည့် ဇွန်လမှ စတင်၍ ပုသိမ်- ရန်ကုန်ရထားလိုင်းသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်   ဖော်တော့မည်ဖြစ်ကြောင်းမြန်မာ့မီးရထားဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။ 

ပုသိမ်-ရန်ကုန်ရထားလမ်းမှာသိမ်-ရန်ကုန်ကားလမ်းဘေး၌ တည်ရှိသောကြောင့်ကားများဖြတ်သန်းရာ မြို့များဖြစ်သော ကန်ကြီးဒေါင့်၊ ဒါးက၊ ကျောင်းကုန်း၊ပန်းတနော်နှင့် ညောင်တုန်း မြို့များကိုရထားဖြတ်သန်းမောင်းနှင်မည်ဖြစ်သည်။
 
ထိုကဲ့သို့ပြေးဆွဲရာ၌ အသစ်ဖောက်လုပ်ထားသည့် ဗိုလ်မြတ်ထွန်းတံတားဘေးရှိဧရာဝတီ (ညောင်တုန်း) တံတားအား ဖြတ်သွားမည်ဖြစ်သည်။
 
ပုသိမ်ရန်ကုန်ရထားတွေကို လာမယ့်ဇွန်လထဲမှာစပြီးပြေးဆွဲတော့မှာပါ၊လမ်းကတော့ အသစ်ဖောက် လုပ်ထားတဲ့ ရထားလမ်းအတိုင်းပဲဗိုလ်မြတ်ထွန်းတံတားဘေးက ဧရာဝတီတံတား(ညောင်တုန်း) ကိုဖြတ်ပြီးပြေးဆွဲသွားမှာပါဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
 
ပုသိမ်မှရန်ကုန်သို့ ယခုအချိန်တွင်ပုဂ္ဂလိကကားလိုင်းများ၊၊မြန်မာ့ဆိပ်ကမ်းမှသင်္ဘောများနှင့် တစ်ပတ်လျှင် တစ်ကြိမ်ခန့်လေယာဉ်ပြေးဆွဲမှုများရှိနေချိန်၌ ယခုကဲ့သို့ရထားလိုင်းများပြေးဆွဲရန်စီစဉ်ခြင်းဖြစ်သည်။
 
ပုသိမ်ရန်ကုန်ရထားပြေးဆွဲရန်အတွက် လိုအပ်သောဧရာဝတီတံတား(ညောင်တုန်း)ကို ညောင်တုန်းမြို့နယ်တွင်း၌ မှုလရှိပြီးသားဗိုလ်မြတ်ထွန်းတံတားဘေးတွင်ကပ်လျက်နှစ်စင်းယှဉ် တည်ဆောက်တည်ဆောက်ခဲ့သဖြင့် ဝေဖန်မှုများဖြင့် ရင်ဆိုင်ခဲ့ရကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။
 
 “အဓိကကတော့ ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံမှာ ဒီလိုမျိုးတံတားနှစ်စင်းကို ယှဉ်ဆောက်တာဟာ မဖြစ်သင့်ဘူးလို့ဝေဖန် ခဲ့ကြတာပါပုသိမ်မြို့ခံ ကိုအောင်ကျော်စိုးက ပြောသည်။
 
ပုသိမ်မှရန်ကုန်သို့ သင်္ဘောနှင့်ခရီးသွားလျှင်နာရီ(၂၀)ခန့်ကြာမြင့်ကြောင်း စရိတ်သက်သာသော်လည်း   ဈေးသက်သာသော်လည်း အချိန်ကုန်၍ ကုန်ပစ္စည်းတင်ပို့သူများသာ ရေလမ်းခရီးအား အဓိကအသုံးပြု
နေကြသည်။
 
ပုသိမ်မှရန်ကုန် ကားလမ်းမှာ(၁၁၃)မိုင်ရှည်လျှားပြီး၊ ယာဉ်စီးခ ကျပ်သုံးထောင်ကျသင့်ကာ ၃နာရီခွဲခန့်သာ မောင်းနှင်နေရချိန် တွင်ယခုကဲ့သို့ရထားပြေးဆွဲမှုမှာ ကုန်ပစ္စည်းသယ်ဆောင်မှုအတွက် ဖြစ်နိုင်ကြောင်းပုသိမ်မြို့ခံတို့က သုံးသပ်နေကြသည်။
 
 “အဓိကကတော့လမ်းမှာဖြတ်သွားတဲ့မြို့တွေကခရီးသည်တွေအတွက်နဲ့ကုန်ပစ္စည်းတင်ပို့မှုအတွက်ပဲဖြစ်လိမ့်မယ်ပုသိမ်ကရန်ကုန်ကိုတော့ကားနဲ့သွားရင်နေံ့ချင်းပြန်သွားလို့ရနေတော့ရထားပြေးဆွဲလည်းခရီးသည်တွေကတော့စီးမယ်မထင်ဘူးဟုပုသိမ်မြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
 
ပုသိမ်မြို့၌ ရထားလိုင်းများအဖြစ် ပုသိမ်-ကြံခင်းပြေးဆွဲနေသောရထားလမ်းပိုင်းသာရှိသည်။

မြစ်မခသတင်း
Rangonnewsdaily
RND:  :18.3.2013 


0 comments:

Post a Comment