Pages

Monday, March 18, 2013

နိုင်ငံ အတွက် အရေးကြီးသည့် ကုန်ပစ္စည်း များမှ အပ ကျန်ကုန် ပစ္စည်း များကို ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားရန် မလို

နိုင်ငံ အတွက် အရေးကြီးသည့် ကုန်ပစ္စည်း များမှ အပ ကျန်ကုန် ပစ္စည်း များကို ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားရန် မလို
Monday, March 18, 2013 

နိုင်ငံတော် အတွက် အရေးကြီးသည့် ကုန်ပစ္စည်း များမှအပ ကျန်ကုန်ပစ္စည်း များကို ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားရန် မလို၊ လိုင်စင်ခွင့်ပြု ထုတ်ပေးခြင်းကို နေပြည်တော်၊ ရန်ကုန်နှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် လက်ခံစိစစ် ထုတ်ပေးမည်

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် ကုန်သည် လုပ်ငန်းရှင် များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး မန္တလေးတိုင်း ဒေသကြီး မန်နေဂျာရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံပြီး ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် ဈေးကွက် ဝယ်လိုအား ကောင်းသော သီးနှံ များအား ရာသီချိန်ကိုက် စိုက်ပျိုးနိုင်ရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမို တင်ပို့ နိုင်ရေး၊ နိုင်ငံခြား ဈေးကွက် ပုံမှန် ရရှိရေး၊ လက်ကား ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုး တက် ရေးနှင့် ကဏ္ဍအလိုက် အသင်း အဖွဲ့များကို မြို့နယ်အဆင့် များအထိ တိုးချဲ့ ဖွဲ့စည်းပြီး မြို့နယ် တိုင်းတွင် ကုန်စည်ဒိုင်များ ပေါ်ပေါက်လာပြီး ဖွံ့ဖြိုး တိုးတက်မှု ရှိရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ ဧပြီ ၁ ရက်မှ စတင်ပြဋ္ဌာန်းမည့် နိုင်ငံတကာ သဘော တူညီချက် များနှင့် ပြည်တွင်း ဥပဒေများ အရ ကန့်သတ် ကုန်ပစ္စည်း၊ တားမြစ် ကုန်ပစ္စည်း၊ နိုင်ငံတော် အတွက် အရေးကြီးသည့် ကုန်ပစ္စည်းများ မှအပ ကျန်ကုန် ပစ္စည်းများကို ပို့ကုန်သွင်းကုန် လိုင်စင်လျှောက် ထားရန် မလိုဘဲ တင်ပို့ တင်သွင်းခွင့်ပြု သွားရန် သက်ဆိုင်ရာ ဌာနအဖွဲ့ အစည်းများနှင့် ညှိနှိုင်း၍ အဆင့်ဆင့်
ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ လိုင်စင်ခွင့်ပြု ထုတ်ပေးခြင်း ကိုလည်း နေပြည်တော်၊ ရန်ကုန်နှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင်ပါ လိုင်စင်များ လက်ခံစိစစ် ထုတ်ပေးမည် ဖြစ်ပါသဖြင့် နေပြည်တော်သို့ လာရောက် လိုင်စင် လျှောက်ထားရသည့် ကုန်ကျစရိတ်၊ သီးသန့် လိုင်စင် လျှောက်ထားရန် ဝန်ထမ်း ခန့်အပ်ထားသည့် စရိတ်များ
လျော့နည်းသက်သာ သွားမည် ဖြစ်ကြောင်း၊ မန္တလေး တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန် ရှိသူများ၊ ကုန်စည်ဒိုင်မှ တာဝန်ရှိ သူများ၊ လုပ်ငန်းရှင်များ အနေဖြင့် တောင်သူအကျိုး၊ ကုန်သည် ပွဲစားများ အကျိုး၊ ပြည်ပ တင်ပို့သူများ အကျိုးနှင့် နိုင်ငံတော် အကျိုးကို မျှတအောင် စဉ်းစားသုံးသပ် ကြပြီး နိုင်ငံတကာ အဆင့်မီ ကုန်စည်ဒိုင် များ ဖြစ်ပေါ်လာရေး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံနှင့် တာဝန်ရှိသူများက ကုန်သွယ်မှုလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်း တင်ပြခဲ့ကြ ကြောင်း သတင်းရရှိသည်။

မြ၀တီ

Monday, March 18, 2013

နိုင်ငံတော် အတွက် အရေးကြီးသည့် ကုန်ပစ္စည်း များမှအပ ကျန်ကုန်ပစ္စည်း များကို ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားရန် မလို၊ လိုင်စင်ခွင့်ပြု ထုတ်ပေးခြင်းကို နေပြည်တော်၊ ရန်ကုန်နှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် လက်ခံစိစစ် ထုတ်ပေးမည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် ကုန်သည် လုပ်ငန်းရှင် များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး မန္တလေးတိုင်း ဒေသကြီး မန်နေဂျာရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံပြီး ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် ဈေးကွက် ဝယ်လိုအား ကောင်းသော သီးနှံ များအား ရာသီချိန်ကိုက် စိုက်ပျိုးနိုင်ရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမို တင်ပို့ နိုင်ရေး၊ နိုင်ငံခြား ဈေးကွက် ပုံမှန် ရရှိရေး၊ 
 
လက်ကား ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုး တက် ရေးနှင့် ကဏ္ဍအလိုက် အသင်း အဖွဲ့များကို မြို့နယ်အဆင့် များအထိ တိုးချဲ့ ဖွဲ့စည်းပြီး မြို့နယ် တိုင်းတွင် ကုန်စည်ဒိုင်များ ပေါ်ပေါက်လာပြီး ဖွံ့ဖြိုး တိုးတက်မှု ရှိရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ ဧပြီ ၁ ရက်မှ စတင်ပြဋ္ဌာန်းမည့် နိုင်ငံတကာ သဘော တူညီချက် များနှင့် ပြည်တွင်း ဥပဒေများ အရ ကန့်သတ် ကုန်ပစ္စည်း၊ တားမြစ် ကုန်ပစ္စည်း၊ နိုင်ငံတော် အတွက် အရေးကြီးသည့် ကုန်ပစ္စည်းများ မှအပ ကျန်ကုန် ပစ္စည်းများကို ပို့ကုန်သွင်းကုန် လိုင်စင်လျှောက် ထားရန် မလိုဘဲ တင်ပို့ တင်သွင်းခွင့်ပြု သွားရန် သက်ဆိုင်ရာ ဌာနအဖွဲ့ အစည်းများနှင့် ညှိနှိုင်း၍ အဆင့်ဆင့်
ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ 
 
လိုင်စင်ခွင့်ပြု ထုတ်ပေးခြင်း ကိုလည်း နေပြည်တော်၊ ရန်ကုန်နှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင်ပါ လိုင်စင်များ လက်ခံစိစစ် ထုတ်ပေးမည် ဖြစ်ပါသဖြင့် နေပြည်တော်သို့ လာရောက် လိုင်စင် လျှောက်ထားရသည့် ကုန်ကျစရိတ်၊ သီးသန့် လိုင်စင် လျှောက်ထားရန် ဝန်ထမ်း ခန့်အပ်ထားသည့် စရိတ်များ လျော့နည်းသက်သာသွားမည် ဖြစ်ကြောင်း၊ လး တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန် ရှိသူများ၊ 
 
 ကုန်စည်ဒိုင်မှ တာဝန်ရှိ သူများ၊ လုပ်ငန်းရှင်များ အနေဖြင့် တောင်သူအကျိုး၊ ကုန်သည် ပွဲစားများ အကျိုး၊ ပြည်ပ တင်ပို့သူများ အကျိုးနှင့် နိုင်ငံတော် အကျိုးကို မျှတအောင် စဉ်းစားသုံးသပ် ကြပြီး နိုင်ငံတကာ အဆင့်မီ ကုန်စည်ဒိုင် များ ဖြစ်ပေါ်လာရေး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံနှင့် တာဝန်ရှိသူများက ကုန်သွယ်မှုလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်း တင်ပြခဲ့ကြ ကြောင်း သတင်းရရှိသည်။

မြ၀တီ
Rangonnewsdaily
RND:  :18.3.2013

0 comments:

Post a Comment