Pages

Monday, March 18, 2013

နေပြည်တော်ဇမ္ဗူသီရီတွင် အိမ်သာအတွင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးမှုဖြစ်ပွား

နေပြည်တော်- မတ် ၁၈ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊တိုက်အမှတ်(၄၃၁၇)၊ အခန်းအမှတ်(၂၃)တွင် မတ်၁၇ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်သာအတွင်း အမျိုးသမီးတစ်ဦးမီးလောင်သေဆုံးနေသည်ကိုတွေ့ရကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲ့မှသိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့သတင်းအရ နေပြည်တော် အမှတ်(၉)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သတင်းနှင့်နည်းပညာဝန်ကြီးဌာန၊ ဗဟိုစာတိုက်ကြီးမှ ဦး---၏ဇနီးဖြစ်သူ ဒေါ်----(၃၃)နှစ်အား နေအိမ်တိုက်ခန်း အိမ်သာအတွင်း မီးလောင်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း၊ ခင်ပွန်းဖြစ်သူ ဦး--မှာ ဇနီးသည် မီးလောင်နေသည်ကို
ငြှိမ်းသတ်စဉ် ၀ဲ/ယာလက်တို့တွင် မီးလောင် ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပို့အပ်ခဲ့ကြောင်းသိရသည်။
နေပြည်တော်အမှတ်(၉) ရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာ
ဇနီးဖြစ်သူ ဒေါ်---မှာ နေအိမ်၌ ဈေးဆိုင်/ လက်လီဖွင့်လှစ်ရောင်းချပြီး ငွေကြေးလိုအပ်နေသဖြင့်
လွန်ခဲ့သောတစ်ပတ်ခန့်က ငွေကျပ်(၆၅၀၀၀၀ိ/-)အား ပြင်ပမှချေးယူပေးခဲ့ကြောင်း၊
အခင်းဖြစ်နေ့ တွင် ရေလောင်းအိမ်သာခန်း အတွင်းမှ အသံများကြားရသဖြင့် တံခါးအားဆောင့်ဖွင့်ရာ
မီးတောက်များ အခန်းအပြင်သို့ထွက်လာပြီးဦး--၏လည်ပင်း၊ ရင်ဘတ်၊ ယာဘက်ခြေထောက်နှင့် လက်နှစ်ဘက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်း၏ အော်ဟစ်အကူအညီတောင်းခံမှုကြောင့်နေအိမ်တိုက်ခန်းနေထိုင်သူများမှ မီးသတ် ဆေးဗူးများဖြင့်ရောက်ရှိလာပြီး ၀ိုင်းဝန်းမီးငြှိမ်းသတ်သဖြင့် မီးငြိမ်းသွားခဲ့သည်။
ဒေါ်---မှာ ရေလောင်းအိမ်သာခန်း အနောက်ဘက်နံရံတွင် ခေါင်းမှီ၍ မီးလောင် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့်
တိုက်အုပ်ဖြစ်သူက အမှတ်(၉)ရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် သေဆုံးသူ ဒေါ်--မှာ ပျဉ်းမနားမြို့၊ ကျောက်တော်ရပ်ကွက်ဇာတိဖြစ်ပြီး၎င်းတို့တွင် အသက်(၅)နှစ်အရွယ်ခန့်ရှိ သားတစ်ဦး ရှိကြောင်း၊
၎င်းတို့လင်မယားရန်ဖြစ်သည်ကို တွေ့မြင်ကြားသိခဲ့ရခြင်းမရှိကြောင်း ပတ်ဝန်းကျင် သက်သေများ၏ ပြောပြချက်အရ သိရှိရပြီး မှုခင်းဆရာဝန်ကြီး၏ ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူ ဒေါ်ခင်သန်းထွေးတွင် မီးလောင်ဒဏ်ရာမှအပ
အခြားဒဏ်ရာများ တွေ့ရှိရခြင်းမရှိကြောင်းနှင့် မသေဆုံးမီ အသက်ရှူလမ်းကြောင်းမှတဆင့် အဆုတ်ထဲသို့ မီးခိုးငွေ့များဝင်ရောက်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။t
ပေါ်ပြုလာမြန်မာ
Rangonnewsdaily
RND:  :18.3.2013
 

0 comments:

Post a Comment